ထိုနေ့ညနေခင်းအချိန် ၅ နာရီစွန်းစွန်း ။
" ခေါင်... ခေါင်ရေ
လာတော့ ကိုကိုနောက်ကျနေပြီ "ပိုင်ငယ်လေးကိုတစ်ဖက်ကချီလျက်
အပေါ်ထပ်ကခေါင့်ကိုလှမ်းကာခေါ်နေရသည်။
သီတင်းကျွတ်လပြည့်အမှီ မန္တလေးက
ဖေဖေနဲ့ မေမေ ပါအတူတူဆင်နွှဲမည်ကြောင့်
မန္တလေးကနေမနက်အစောကတည်းက ထွက်လာခဲ့သည့်မိဘနှစ်ပါး ရန်ကုန်အဝင်မှာ
ကားဘီးပေါက်နေသည်ကြောင့် ကျွန်တော်သွားကြိုရမည်ပင် ။" ခေါင်.... "
" လာပြီ ကိုကို
ကျွန်တော်လာပြီ "ဝတ်နေကျစတိုင်လ်အပြည့်နဲ့ အနောက်တိုင်းဝတ်စုံနက်နက်ကိုပြည့်စုံစွာ
ဝတ်လာပြီး အထဲကအဖြူရောင်အင်္ကျီကိုတော့
ထုံးစံအတိုင်းသာ ဖွင့်ဟထားသည့် ကြယ်သီးသုံးလုံး ။ အကျင့်မပျောက်သေးသည့်
လက်ထဲကကားသော့ကိုခုထိယမ်းလာတုန်းပင် ။" သွားမယ်လေ ကိုကို
ပေး သားလေးကျွန်တော့်ကို "ကျွန်တော့်အနားကိုရောက်ရောက်လာချင်း
ရင်ခွင်ထဲကပိုင်ငယ်လေးကို ပွေ့ချီလိုက်ပြီး အပြင်ကိုထွက်ဖို့ပြင်နေတဲ့ခေါင့်ကို" ခဏ ခေါင်
မင်းနဲ့သွားမယ်လို့ပြောလို့လား
ကိုကိုတစ်ယောက်တည်းသွားမှာ "" မရပါဘူး
ကျွန်တော်လိုက်ပို့မှာ "" ကဲပါ ခေါင်ရယ်
ခါတိုင်းအလုပ်သွားရင်လည်း
ကိုကိုတစ်ယောက်တည်းသွားတာပဲကို "" အဲတာကအဲတာပေါ့ ကိုကိုကလည်း "
" ပိုင်ငယ်လေးကိုလည်းမခေါ်ချင်လို့
သားကိုထိန်းဖို့နေခဲ့နော် "" ဟာ.... မရပါဘူး သားကိုမခေါ်ချင်ရင်လည်း
Mommy ရှိတယ်လေကိုကို
Mommy ထိန်းမှာပေါ့ "" အပြင်သွားတယ် အေးမြနဲ့ "
" အဲဆိုလည်း သားပါခေါ်ခဲ့မယ် "
" ပိုင်ငယ်လေးက ချောင်းဆိုးချင်သလိုဖြစ်နေတာ
အပြင်မှာ လေတိုက်လို့ပိုဆိုးမှာစိုးလို့ပါ
ခေါင်ကလိမ္မာပါတယ် နော် "" ..... "
" ကဲပါ ကိုကို့စကားနားမထောင်ဘူးလား "
STAI LEGGENDO
ကိုကိုက ကြွက်...ကျွန်တော်က ကြောင်
Storie d'amoreဒီတစ်ခါ ဖန်တီးချင်တာလေးကတော့ တွေ့တာနဲ့ သူချေကိုယ်ချေ သူကိုက်ကိုယ်ကိုက် အမြဲ fight နေတဲ့ Uke ကိုကိုနဲ့ seme ညီညီ လေးကိုအသက်သွင်းချင်ပါတယ်ဗျ အားပေးပါဦးနော်.... ❤ ဒါဒါလေးတွေကို အမြဲချစ်ခင်လေးစားလျက်... Jasmine ..... Unicode ဒီတစ်ခါ ဖန်တီးချင်တာလေးက...