Extra 4

16.3K 1.7K 65
                                    


ခံစားမိတဲ့ထိတွေ့မှုနွေးထွေးမှုလေးကြောင့် ပိုတိုးကာဝင်မိသည့်တစ်ပြိုင်နက်
ပိုမိုတင်းကျပ်စွာချည်နှောင်လာပြန်သည့်
လက်တစ်စုံကြောင့် မျက်လုံးအိမ်တို့မဖွင့်ချင်
ဖွင့်ချင်ဖြင့်ဖွင့်လို့လာရသည် ။

" ကိုကို... နိုးပြီလား "

ရှေ့တွင်နီးကပ်စွာရှိနေသည့် ခေါင်က သူ့နှာတံဖျားလေးကိုကျွန်တော့်နှာတံဖျားနှင့်
မထိတထိလေးပွတ်ဆွဲရင်းမေးလို့လာသည် ။
လေပြေအေးတွေတစိမ့်စိမ့်ဝင်ရောက် ကျီစယ်နေသည်ကြောင့်ချမ်းစိမ့်စိမ့်ခံစားမှုကို အပြည့်အဝကာပေးထားသော ထိုရင်ခွင်ကြီးထဲ ကျွန်တော်ပင်မြှုပ်နေအောင်ကို သူဖက်ထားသည်။ တောက်ပနေသော ခေါင့်မျက်ဝန်းတွေကလည်း
ကျွန်တော့်ထံဝဲပျံလို့နေသည် ။ ကြောင်ဆိုးလေးရဲ့ ညို့ငင်မှုတွေထဲ ယိုင်ကျသွားဆဲဆဲမှာ သတိရလာမည့်သည့် ရင်သွေးငယ်ငယ် ။

" ခေါင်... ပိုင်ငယ်လေးရော.. "

ကျွန်တော်နှင့်ခေါင့်ကြားအလယ်ထဲမှာပဲ အမြဲအိပ်တတ်သည့် သားငယ်လေးက
အခုအခါရှိမနေ ။ ထိုကြောင့် ခေါင့်ရင်ခွင်ထဲက
ရုန်းကာထမည်အပြု ပိုတိုးကာဖက်လို့လာသည့်
ခေါင့်လက်အစုံ ။

" ခေါင်.... "

" သားကဒီမှာမရှိသလို
ကျွန်တော်တို့လည်းအိမ်မှာမဟုတ်ဘူး ကိုကို "

ကျွန်တော့်စကားကြောင့်ယုန်ဖြူလေးခဗျာ
ဘေးဘီကိုဝေ့ဝိုက်ကြည့်သည် ။ မြင်နေကျ
အနေအထားမဟုတ်သည်ကိုသတိထားမိကာမှ
အနှီမျက်လုံးပြူးပြူးလေးတွေ ကျွန်တော့်ကို
ကြည့်လာသည် ။

" ခေါင်... ကိုကိုတို့ဘယ်မှာ
သားလေးကရောဘယ်......."

ဆက်ပြောမည့်စကားတို့ ခေါင့်လက်လေးတွေ
ကျွန်တော့်နှုတ်ခမ်းထပ်လာအပိတ်မှာ
ရပ်တန့်သွားရသည် ။ မြင်နေရသည့်
ကြောင်ကလေးမှာလည်း မျက်နှာလေးငယ်ကာ
နှုတ်ခမ်းလေးဆူသလိုလိုနဲ့ ။

" တော် ..ကိုကို...သားလေးသားလေးနဲ့
ဒီကကျွန်တော့်ကိုရော... ကိုကိုသိသေးရဲ့လား "

ထိုပုံစံလေးကိုအသည်းတယားယားဖြစ်လာလျက်
ဘာကိုမှဆက်မပြောနိုင် ကြောင်ဆိုးလေးကိုသာ
မမှိတ်မသုန်ငေးကြည့်နေမိသည် ။

ကိုကိုက ကြွက်...ကျွန်တော်က ကြောင်Where stories live. Discover now