2

71.6K 7.8K 785
                                    

အပေါက်ဝတည့်တည့်၌ ရပ်နေသည့် ကောင်းထက်ဆီသို့ နိုးနိုင်က ပြေးသွားလိုက်သည်။

“အထဲဝင်လေ လာပါ၊ မင်းကို ဘယ်သူမှကိုက်မစားဘူး”

“ဟုတ်ပါ့ မောင်လေးရယ် လာလေ”

အမတစ်ယောက်ကပါ နိုးနိုင်စကားကို ထောက်ခံပြောသည်။ ကောင်းထက်က သူ့ရှေ့တည့်တည့်၌ ရပ်နေသည့်နှစ်ယောက်လုံးကို ရယ်ပြလိုက်ကာ အထဲသို့ဝင်လာခဲ့သည်။ က ရာ၌ လွတ်လွတ်လပ်လပ်ရှိအောင် တစ်ချို့ မိန်းကလေးတွေက ခါးပြတ်တွေဝတ်ထားတာမို့ အရိုင်းမဆန်သော်လည်း ကောင်းထက်မှာရှက်သဖြင့် အတတ်နိုင်ဆုံး သူတို့ဆီမှ အကြည့်လွှဲထားမိသည်။

“ဟုတ်ပြီ လျှောက်မယ်...ခါးမတ်ထားမယ်”

Catwalkလျှောက်နည်းကို နည်းပြတစ်ယောက်က လေ့ကျင့်ပေးနေသည်။ clubတစ်ခု ထောင်ထားမှတော့ clubထွက်ထူးချွန်သူတစ်ယောက်တော့ မွေးထုတ်ပေးဖို့ တာဝန်ရှိသူဟု ယူဆကာ အကောင်းဆုံးတတ်နိုင်သလောက် လေ့ကျင့်ပေးနေကြသည်။ ခေါင်းဆောင်တွေက တာဝန်ယူတတ်မှုရှိသားလို့ ကောင်းထက် တွေးမိပါ၏။

“ဒီမှာထိုင် ငါမိတ်ဆက်ပေးမယ် ငါ့ချစ်သူနဲ့”

နိုးနိုင်က ခုံတန်းအရှည်ကို ညွှန်ပြခဲ့ကာ သူ့ချစ်သူကိုသွားခေါ်သည်။ ကောင်းထက်က ထိုခုံတန်း၏ လွတ်နေသည့်နေရာမှာ ဝင်ထိုင်လိုက်ပြိး ထီးကိုတော့ ဘေးမှာတင်ထားလိုက်သည်။ ဘေးရဲ့လှမ်းလှမ်းမှာတော့ အကသမားတွေ သူ့အစုနှင့်သူ ထိုင်နေကြသည်။ အဖွဲ့သားတွေ တော်တော်များသား။

ကောင်းထက်ရဲ့ ထိုင်ပြီးပြီးချင်း လုပ်မိသည့်အလုပ်က ဆွဲဆောင်မှုပြင်းလွန်းစွာ ကနေသည့် အဝါရောင်နတ်သားဆီသို့ အကြည့်ပို့ခြင်းဖြစ်သည်။ ပြုံးရုံထင်ထင်နှင့်သာခန္ဓာကိုယ် အကွေးအကောက်ညီညီ ကနေသည့် ထိုနတ်သားအား ငေးကြည့်နေမိသည်။ ကြည့်နေရင်းပင် ရုတ်တရက် ရှက်လာတာကြောင့် မျက်မှန်ကို လက်ညိုးနှင့်ပင့်လိုက်မိသည်။

“မောင်လေး နာမည်က ဘယ်လိုခေါ်လဲ”

နွေသစ်က ကောင်းထက်ဘေးမှာဝင်ထိုင်ရင်းမေးသည်။

ကောင်းထက်က ငေးနေရာမှ အမနွေသစ်ဘက်လှည့်ကာ အပြုံးနုနုကို ချိတ်ဆွဲလျှက်......

Oh my god!!!!(Completed)Where stories live. Discover now