Extra 9

19K 2.5K 211
                                    

နိုးနိုင်တို့ရဲ့အချစ်ရေးဟာ ပျော်ရွှင်စရာများဖြင့် လှပခဲ့သည့်ပုံပြင်လေးတစ်ပုဒ်ဖြစ်သည်။ သူစိမ်းနှစ်ယောက်ရဲ့ တစ်ထောင့်ငါးရာချစ်ခြင်း၊ မိဘနှစ်ပါးရဲ့ ငါးရာနှစ်ဆယ့်ရှစ်မေတ္တာတို့ဖြင့် ပုံပြင်လေးဟာ ချော့တခါပြေတစ်လှည့်ဖြင့် ခရီးဆက်နေခဲ့သည်။ ထိုအကြောင်းများထဲမှ သည်းခံလွန်းတတ်ကာ ချစ်ပေးလွန်းတတ်သည့် အကိုသာပိုင်ရဲ့အချစ်က အဓိကကျပါလိမ့်မည်။

“အကိုသာပိုင်က မင်းကိုအတော်ချစ်တာ”

“အင်း ငါသိတယ်၊ ငါကလည်း ချစ်ပေးလို့ဆိုးတာ၊ noahကလည်း သူ့အပေါ်ဆိုးစေချင်တာ”

နိုးနိုင်က ပြုံးပြုံးပင်။ 

“ဒါဆို အကိုသာပိုင့်ကိုသင်တန်းသင်ခွင့်ပေးလိုက်လေ”

“အခုတော့မရသေးဘူး၊ ငါမရင့်ကျက်သေးဘူး”

“မင်းကလည်းကွာ ထားပါ ထားပါ၊ အကိုသာပိုင်ရဲ့ကျေးဇူးနဲ့ မင်းဆယ်တန်းတော့ အောင်ခဲ့သားပဲ၊ နေမကောင်းတော့ တော်တော်ပင်ပန်းခဲ့မှာပဲနော်”

“ပင်ပန်းတာပေါ့၊တစ်နာရီလောက်စာကျက်ပြီးရင်ခေါင်းမူးလာကော၊ အယ့် ဒါပေမယ့် ငါကအစကတည်းကဉာဏ်ကောင်းတယ်လေ၊ ကြိုပြင်ဆင်ထားတော့ တော်ရာကျသွားတယ်၊ ငါအင်္ဂလိပ်နဲ့ဘိုင်အိုဂုဏ်ထူးပါတယ်၊ဒါပေမယ့်လို့ကွာ ကျန်ဘာသာတွေမှာအမှတ်တော့နည်းတာပေါ့၊ မန္တလေးတက္ကသိုလ်မှီပေမယ့် noahရှိရာဒီမှာပဲတက်တာ”

“ဪ မိဘတွေကဘာမှမပြောဘူးလား”

“အင်း၊ ဒါပေမယ့် ငါ့မိဘတွေက ကျောင်းပြီးရင် သူတို့လုပ်ငန်းထဲဝင်ဖို့တော့ တောင်းဆိုတယ်”

“ဪ”

“ငါ့ဘဝမှာnoahကို ဆိုးရတာအကြိုက်ဆုံးအလုပ်ပဲ”

“အေးပါကွာ၊ငါကတော့ အကိုလွန်းမာန်ကိုချစ်ရတာ အကြိုက်ဆုံးအလုပ်ပဲ”

“ငါ့ရှေ့အပိုတွေလာပြောနေတယ်”

“အာ့! ”

နိုးနိုင်က နောက်စိကို ရိုက်ထည့်လိုက်တာကြောင့် ကောင်းထက်ခေါင်းမှာ ရှေ့ကိုငိုက်ကျသွားသည်။ နာသွားသည့်နေရာကို လက်ဖဝါးဖြင့်အုပ်ကာ နိုးနိုင်ကို မကျေနမနပ်ကြည့်လိုက်သည်။

Oh my god!!!!(Completed)Where stories live. Discover now