Final

45.2K 4.9K 500
                                    

ပျော်စရာသင်္ကြန်မှာ အတူပျော်မယ့်အဖော်မရှိလေတော့ ဘယ်အပျော်မှပျော်လို့မရပေ။ ဘယ်မှလည်းမလည်ဖြစ်ဘဲ သာသနာ့ဘောင်ထဲ အပြီးမဟုတ်သည့်တိုင် တစ်ပတ်တိတိဝင်သွားသည့် ချစ်ရသူလေးကိုသာ လွမ်းဆွတ်နေရသည်။ ချစ်သူမို့ လွမ်းတာတော့ လွမ်းတာပေါ့လေ။ မလွမ်းတဲ့သူ ဤကမ္ဘာမှာ ရှိမှမရှိဘဲ။"ဗျ"ကလေးထည့်ကာပြောတဲ့ တိုက်ပုံရဲ့ စကားလေးတွေကို မကြားရတာ နာရီပိုင်းကျော်ကာ ရက်ပိုင်းလည်းရောက်နေခဲ့ပြီကိုး။ လူထွက်လာလျှင်တော့ "ချစ်တယ်ဗျ"ဆိုတဲ့ စကားလေးကို တစ်နေကုန်ပြောခိုင်းဦးမည်ဟု လွန်းမာန်ကြိမ်းထားမိသည်။

"အဲ့ဟန်သာပိုင်ဟာလေ ငါ့မောင်လေးက ဘုရား၊တရားလုပ်ဖို့သွားတာကို ဖောက်ပြန်နေတဲ့အတိုင်းပဲ၊ တကယ်တည်း၊ ဖြစ်ပျက်နေတာ"

နွေသစ်က သာပိုင့်အတင်းတုတ်သည်။ အခုရောက်နေတာကတော့ သာပိုင့်ခြံထဲဖြစ်သည်။ သာပိုင့်အဖေကဖုန်းဆက်ပြီး "မင်းတို့သူငယ်ချင်းကို လာဆုံးမပါဦး"လို့ အကူအညီတောင်းသဖြင့် လာရခြင်းဖြစ်သည်။ အိမ်ထဲရောက်တော့ ဧည့်ခန်းမှာထိုင်နေသည့်ဦးလေးက အပေါ်ထပ်သို့ လက်ညိုးထိုးပြသဖြင့် နှစ်ယောက်သား ခါးညွတ်နှုတ်ဆက်ခဲ့ကာ အပေါ်သို့တက်လာခဲ့သည်။ အပေါ်ထပ်ရောက်ရောက်ချင်း အပေါ်ထပ်ဧည့်ခန်းကြမ်းပြင်မှာ ခြေကားယားလက်ကားယားနဲ့ ပက်လက်ကြီးဖြစ်နေသည့် သာပိုင့်ကိုတွေ့ရသည်။ ဘေးမှာလည်း အဆာပြေစားဖို့စားစရာတွေပုံလို့။ လွန်းမာန်သက်ပြင်းချလိုက်မိသည်။

"သာပိုင်"

"ဟဲ့"

ဒိုးဒိုးဒေါက်ဒေါက်အကျင့်ရှိတဲ့ နွေသစ်က သာပိုင့်ဆီအမြန်ပြေးကာ နောက်ကျောကို အုန်းခနဲမြည်အောင် ထုလိုက်သည်။

"အား နွေသစ်မ "

နာလိုက်တာဆိုတာ ကျောကိုကော့တောင်သွားသည်။ တင်ပလ္လင်ခွေထိုင်လိုက်သည့်နွေသစ်အား သာပိုင် မျက်မှောင်ကုတ်ကြည့်လိုက်သည်။ သူကတောင်ကိုယ့်ကို ပြန်ပြူးပြလာသေး။

"အသိဝင်ပြီလား ဟမ် မဝင်ရင်နောက်တစ်ချက်ချပေးမယ်"

"ဝင်ပါပြီ ဝင်ပါပြီ"

Oh my god!!!!(Completed)Where stories live. Discover now