Extra (End)

35.7K 3.1K 337
                                    

နိုးနိုင်ကတော့ သူ့မူအတိုင်းစူပုပ်ပုပ်။ ကြက်သားထမင်းဘူးတွေပါသည့် ခြင်းတောင်းကြီးကို တစ်ဖက်စီမကာ လေးထပ်ဆောင်အပေါ်ဆုံးထိတက်လာရသည်။ အကိုလွန်းမာန်တို့က မြန်မာမေဂျာကမဟုတ်လေတော့ ဆရာမတွေဆီသွားတောင်းပြီး မ လာပေးဖို့ရာခက်ခဲလေသည်။ ထို့ကြောင့်နိုးနိုင်ကို အဖော်ခေါ်၍သာမလာရသည်။

“နိုးနိုင်ကလည်း မျက်နှာကိုအဲ့လိုစူပုပ်ပုပ်မနေပါနဲ့ ”

“ဒီလောက်အလေးကြီးမနေရတာကို ဘာမှမဖြစ်သလိုပြုံးထားရမှာလား၊ တကယ်တည်း သူတို့အခန့်သားစားဖို့အရေးကို အကုန်လိုက်လုပ်ပေးနေရတယ်”

“သူတို့ကလည်း ကူစရာရှိတာကူပါတယ်”

“မင်းပါးစပ်ကိုပိတ်ထား၊ မင်းလျှာက အမရပူရတစ်ပတ်ရှည်လို့ ငါဒီလိုတွေလုပ်ရတာ”

နိုးနိုင်အော်သံကြောင့် ကောင်းထက် ဇတ်ပုဝင်သွားသည်။

“တောင်သမန်အင်းကနေ အမရပူရတစ်ပတ်ဖြစ်သွားပြီ၊ရာထူးထပ်တိုးသွားတာလား”

“ငါ့လာမရွဲ့နဲ့ ထမင်းဘူးနဲ့ကောက်ထုလိုက်ရ”

နိုးနိုင်က ထမင်းဘူးနဲ့ကောက်ထုဖို့ရွယ်တော့ ကောင်းထက် အသံထွက်အောင်ထိ ရယ်မိလိုက်သည်။ ခင်မင်မှုအတိုင်းအဆများလာသည်ကို ယခုလိုအချင်းချင်းစနောက်ကျခြင်းဖြင့် သိနိုင်သည်။ နိုးနိုင်ကတော့ သူ့အကျင့်အတိုင်း ပွစိပွစိလုပ်ပြီးမှ ကူလုပ်တတ်လေသည်။ မကူတာလည်းမဟုတ်ပါ။

ခန်းမဆောင်အရောက်မှာတော့ ဇာတ်စင်ရှေ့တည့်တည့် ပွဲကြည့်သူတွေရဲ့အနောက်ဘက်မှာ ထိုင်နေသည့် the garden အဖွဲ့သားတွေကို တွေ့ရသည်။ ခြင်းတောင်းကြီးကိုချကာ မုန့်စားလက်မှတ်ပါသူတွေအား ထမင်းဘူးဝေပေးရသည်။ နိုးနိုင်က လက်မှတ်ယူပြီး ကိုယ်ကတော့ ထမင်းဘူးပေးရသည်။အကိုလွန်းမာန်နှင့်အကိုရှန်းဆစ်ကတော့ ဒီဘက်ကိုတကြည့်ကြည့်လုပ်နေသည်။ ကူပေးချင်ပေမယ့် သူများရဲ့ပွဲမှာ လိုအပ်တာထက်ပိုမလုပ်ခွင့်မရှိတာကြောင့် အောင့်ထားပေပုံ။ 

“ECရေ ECကယ်ပါဦး...EC”

အတန်းထဲကမိန်းကလေးECသက်ဇွန်က ECရေဟုအော်ကာ အူယားဖားယားပြေးလာသည်။ 

Oh my god!!!!(Completed)Where stories live. Discover now