39

34.7K 5K 582
                                    


နွေသစ်က နာမည်မဲလိတ်ဘူးကို လက်ဖဝါးဖြင့်ပိတ်ကာ လှုပ်ခတ်လိုက်သည်။ ပြီးလျှင်တော့ ဘယ်သူများကျလိမ့်မလဲလို့ နာမည်မဲကို ကိုယ်တိုင်နှိုက်လိုက်သည်။ မဲလိတ်ကိုဖွင့်ကြည့်ကာ ပထမဆုံးကျသည့်နာမည်က မည်သူလဲဆိုတာ နွေသစ်တင်မဟုတ်ဘဲ အားလုံးက စောင့်ဆိုင်းနေကြသည်။

‌နွေသစ်က အနည်းငယ်ကျယ်သောအသံဖြင့်.... 

“ချစ်နိုးလေးပေါက်တယ်”

“ဗျာ ကျွန်တော်လား”

နိုးနိုင်က သေချာအောင်ထပ်မေးတော့ နွေသစ်ကခေါင်းညိတ်ပြသည်။ 

“လာ ကိုယ်နဲ့ဆော့မယ်”

သာပိုင်က ချစ်နိုးလက်ကိုဆွဲကာ အလယ်မှာသွားရပ်သည်။

“ဘယ်သူကခင်ဗျားနဲ့ဆော့မယ်ပြောလို့တုန်း”

နိုးနိုင်က ထိုသို့ဆိုတော့ သာပိုင့်ရဲ့ မကြည်သောအကြည့်စူးက နိုးနိုင်ဆီ ဒိုင်းခနဲရောက်လာသည်။ နိုးနိုင်က ရွဲ့ချင်သူပီပီ “မကြောက်ဘူး”ဟု နှုတ်ခမ်းလှုပ်ရုံမျှပြောကာ လျှာထုတ်ပြောင်ပြလိုက်သည်။

“မဆိုးစမ်းနဲ့ ကိုယ်နဲ့မဆော့လို့ ဘယ်သူနဲ့ဆော့မှာလဲ၊ အဲ့နွေသစ်အစုတ်ပလုတ် ဆော့ခိုင်းရင် ကြမ်းတာတွေချည်းပဲ၊ ကိုယ်နဲ့လွဲပြီး ဘယ်သူနဲ့မှ မဆော့ရပါဘူး”

“ငါ့ကို ဘာအစုတ်ပလုတ်မလဲ”

နွေသစ်က မဲပုံးအဖုံးကို သာပိုင့်ဆီ လှမ်းပေါက်လိုက်သည်။ သို့ပေမယ့်လည်း သာပိုင်ကတော့ လျင်မြန်စွာရှောင်နိုင်ပါသည်။နိုးနိုင်မှာ မဆော့ဘူးဟု ငြင်း၍မရနိုင်တော့ နှုတ်ခမ်းကိုထော်ထားသည်။

“လိုက်ချုပ်ချယ်နေတာ သူများကို”

နိုးနိုင်က ပွစိပွစိရေရွတ်ရင်း ကစားရမည့်ကစားနည်းမဲဘူးထဲမှ မဲတစ်လိတ်ကို နှိုက်လိုက်သည်။ ပြီးနောက် မဲကိုဖွင့်ကြည့်ရင်း အားလုံးကြားရလောက်သည့်အသံဖြင့်...

“ကြိုက်ရာလူတစ်ယောက်ကိုခေါ်၍ ထိုသူအား ကိုယ့်ကိုကျောပိုးခိုင်းပြီး ကြိုးဆယ်ခါခုန်ခိုင်းပါ၊ မနိုင်ပါက နှစ်ယောက်သား ခြံတစ်ပတ်ဖားခုန်ရမည်၊ ဟာ အမနွေသစ်ကလည်း ဒါကနည်းနည်းကြမ်းတယ်”

Oh my god!!!!(Completed)Where stories live. Discover now