18

44.1K 5.8K 316
                                    

"မင်းမှာ နားပါရင် ငါ့ပြောတာကြားပြီး ဦးနှောက်ပါရင် စဉ်းစားတတ်မှာပဲ၊ ငါပြောခဲ့တယ်မလား တိုက်ပုံရဲ့အပို့အကြိုကို ငါတာဝန်ယူထားရတယ်လို့"

လွန်းမာန်စကားကို ရှန်းဆစ်က ပခုံးတွန့်ပြကာ....

"ဦးနှောက်ပါလို့ပဲ ကောင်းထက်အိမ်ကို သူစိမ်းမဝင်ဖို့ ငါကတာဝန်ယူခေါ်ပေးတာလေ"

"နှမ်းလာမဖြူးချင်နဲ့၊ စိမ်းခြင်းစိမ်း ကောင်းထက်အနားမှာတောင် မရှိနိုင်တဲ့မင်းက ပိုစိမ်းမှာမဟုတ်ဘူးလား၊ တစ်ခါတောင် စကားကြာကြာပြောဖူးသလား၊ မိဘချင်းရင်းနှီးတိုင်း အိမ်ထဲဝင်လို့ရကြေးလား၊ ဝင်ခိုင်းတဲ့သူနဲ့ ရင်းနှီးမှလား"

ထိသွားတာက အမှန်တရားမို့ ရှန်းဆစ်က လွန်းမာန်အင်္ကျီကော်လံစကိုဆွဲလိုက်ပြီး ထိုးဖို့ရာလက်ရွယ်လိုက်သည်။ အမြန်ပင် ရှန်းဆစ်လက်ကို သာပိုင်က အားနဲ့ဆွဲဖြုတ်လိုက်ကာ နှစ်ယောက်သားအလယ်မှာ ဝင်ရပ်လိုက်သည်။

"အိမ်ပို့ရအောင် ရန်ဖြစ်မနေနဲ့"

ဆိုမှ လွန်းမာန်က ထွက်နေသည့်အမျက်အား ပြန်ထိန်းချုပ်၍ တိုက်ပုံရှေ့ ဒူးထောက်ထိုင်လိုက်ကာ..

"ကိုယ့်ကို မင်းအဖေဖုန်းနံပါတ်ပေးနော်"

တိုက်ပုံက သူ့တိုက်ပုံဘေးအိတ်ထဲ ထည့်ထားသည့်ဖုန်းကို ယူပေးသည်။ lockမချထားသည်မို့ အလွယ်တကူဖွင့်နိုင်ကာ အဖေဆိုသည့် အဝင်callရှိထားသည့်ဖုန်းကို နှိပ်လိုက်သည်။ တတီတီ ဖုန်းဝင်သံနှင့်အတူ ကိုင်လာသည့်ဖုန်းကြောင့် ကိုယ့်ဘက်က ဦးအောင်ပြောလိုက်သည်။

"Hello ဦးလေး ကောင်းထက်ရဲ့ သူငယ်ချင်းပါဗျ၊အခု ကောင်းထက်တော်တော်လေးဖျားနေလို့ အိမ်ကိုခေါ်လာချင်လို့လေ အဲ့ဒါ"

"သား အဖျားပိုကြီးလာတာလား၊ အေး သားလေး ဦးလေး အိမ်မှာဆရာဝန်ခေါပြီး စောင့်နေမယ် လာခဲ့နော်"

"ဟုတ်ကဲ့ ဦးလေး"

လွန်းမာန်က ဖုန်းအမြန်ချပြီးနောက်မှာတော့ ကောင်းထက်ကို ပွေ့ချီလိုက်သည်။ အခုချိန်ထိ ရပ်နေသေးသည့် ရှန်းဆစ်အား လွန်းမာန်က ရူးနေသလားဟု ကြည့်တော့ ရှန်းဆစ်က လက်လျော့မည့်မပုံ။

Oh my god!!!!(Completed)Where stories live. Discover now