48

29.3K 4.2K 439
                                    

အုန်းမောင်းခေါက်သံက တစ်စတစ်စ ထွက်ပေါ်လာသည်။ တီးစက ခပ်နှေးနှေး ထွက်ပေါ်လာသော အုန်းမောင်းခေါက်သံသည် တစ်ဖြည်းဖြည်းမြန်၍လာသည်။ သတိကပ်အိပ်တတ်သော ကောင်းထက်နှင့်တိုးငယ်ကတော့ အုန်းမောင်းခေါက်သံ နှစ်ချက်လောက်ကြားတာနှင့် နိုးလာကာ အိပ်ရာတွေကို သပ်သပ်ရပ်ရပ် ခေါက်သိမ်းလိုက်သည်။ နိုးနိုင်ကတော့ အိပ်လို့ကောင်းဆဲ။

“ကိုရင်အရင်သွားနှင့်ပါ ကိုရင်ဆန္ဒကို နှိုးလိုက်ဦးမယ်”

ကောင်းထက်က မျက်နှာသစ်ဖို့ တိုးငယ်အား အရင်သွားခိုင်းလိုက်သည်။ ပြီးလျှင်တော့ နိုးနိုင်ခုတင်ဘက်သို့ လျှောက်လာကာ လက်မောင်းကိုပုတ်၍ နှိုးရတော့သည်။

“ကိုရင် ဆန္ဒ ထပါတော့၊ အုန်းမောင်းခေါက်ပြီ ကိုရင်ဆန္ဒ”

နိုးနိုင်ကတော့ တုတ်တုတ်မျှမလှုပ်။ 

“ကိုရင်ဆန္ဒ ထပါတော့ ကိုရင်ဆန္ဒ”

နိုးနိုင်ရဲ့ခန္ဓာကိုယ်ကိုလှုပ်နှိုးလိုက်တော့ တအင်းအင်း အသံပေးလာသည်။ မျက်လုံးကတော့မဖွင့်သေး။

“အမေကလည်း အစောကြီးရှိသေးတယ်လေ၊ သား အိပ်ရေးမဝသေးဘူး”

နိုးနိုင်က ထိုသို့ယောင်ပြီး ဆန့်ကျင်ဘက်သို့ လှည့်အိပ်သွားသည်။ နှိုးရခက်လိုက်တာ။ ကောင်းထက် ခေါင်းကုတ်မိသည်။ ဘာလို့ ဒီလောက်အအိပ်မက်ရပါသလဲ။ မပင်ပန်းပဲ အိပ်ရေးမက်တဲ့သူက တိုးတက်မည့်သူမဟုတ်ဆိုတာ နိုးနိုင်မသိဘူးလား။

ဆက်၍ နိုးနိုင်လက်မောင်းကိုပုတ်ကာ...

“ကိုရင်ဆန္ဒ ထပါတော့၊ ဒီက ကိုရင့်အိမ်မဟုတ်ဘူးလေ၊ ဘုန်းကြီးကျောင်းမှာ၊ ထပါတော့ ထပါတော့ ထပါတော့ ထပါတော့”

ပါးစပ်ကလည်း ထပါတော့လို့ တတွတ်တွတ်ရေရွတ်ပြီး လက်ကလည်း နိုးနိုင်လက်မောင်းကို ကိုင်၍ လှုပ်နှိုးနေရသည်။ လုံးဝအိပ်လို့မရတော့မှ နိုးနိုင်က မျက်လုံးတစ်ဖက်ဖွင့်ကြည့်လာသည်။

“ဘယ်နှစ်နာရီမို့လဲ ကောင်းထက်”

“လေးနာရီ”

“ဟင် အစောကြီး”

“မစောပါဘူး၊ ဘုရားရှိခိုးပြီးရင် ဆွမ်းခံကြွရတော့မှာ လာပါ ထပါ ကိုရင်ဆန္ဒ၊ ဘုန်းဘုန်းသိရင် ဆူလိမ့်မယ်”

Oh my god!!!!(Completed)Where stories live. Discover now