Extra 1

30.5K 2.8K 108
                                    

ကျောင်းတွေပြန်ဖွင့်ပြီဖြစ်သည်။ ဖွင့်ပြီးသုံးပတ်လောက်က ကျောင်းမတက်လည်း ရသေးပေမယ့် လေးပတ်မြောက်နေ့ပထမဆုံးရက်တော့ ကျောင်းသွားရပြီဖြစ်သည်။ ထုံးစံဆိုသလို အကိုလွန်းမာန်ကပဲ ကျောင်းပို့ကျောင်းကြိုလုပ်ပေးမည်။ အခုလည်း ကောင်းထက်သည် ကျောင်းသွားဖို့ပြင်ဆင်နေရသည်။ တိုက်ပုံဝမ်းဆတ်မိုးပြာရောင်လေးကို ဝတ်လိုက်ပြီး မှန်ရှေ့မှာရပ်နေမိသည်။ ပြီးလျှင် ပေါင်ဒါမုန့်သိပ်ပြီး ဆံပင်ကိုအုန်းဆီရွဲရွဲလိမ်းကာ ဘေးခွဲလိုက်သည်။

"ကြည့်ကောင်းသွားပြီ"

ပြင်လို့ဆင်လို့အပြီးမှာတော့ အသစ်ပြောင်းထားတဲ့ဘေးသိုင်းလွယ်အိတ်အဖြူလေးကို ညာဘက်မှာလွယ် နံရံမှာချိတ်ထားသည့် ထီးနက်ကိုယူခဲ့ကာ အောက်ထပ်ကိုဆင်းခဲ့သည်။ အောက်ထပ်ရောက်တော့ ဧည့်ခန်းထဲမှာ တိုးငယ်က စာထိုင်လုပ်နေတာတွေ့ရသည်။ ဆယ်တန်းအောင်စာရင်းတွေတောင်ထွက်တော့မှာပဲ။

"တိုးငယ် ကောင်းကောင်းကျောင်းသွားပြီနော်"

"ဟုတ်ကဲ့ဗျ သေချာသွားပါဗျ"

"ဟုတ်ပြီ"

တိုးငယ်ကို နှုတ်ဆက်ခဲ့ကာ ခြံထဲထွက်လာခဲ့သည်။ အဖေက အောက်မဆင်းလာသေးဘူးထင်သည်။ အပေါ်ထပ်စာကြည့်ခန်းမှာပဲ အလုပ်မသွားခင် အလုပ်လုပ်နေတာဖြစ်မည်။ ခြံတံခါးကိုမြင်ရလောက်တဲ့အနေအထားရောက်တော့ ခြံရှေ့မှာအကိုလွန်းမာန်တစ်ယောက်တည်းသာ ရပ်စောင့်နေသည်ကို တွေ့ရသည်။ နိုးနိုင်နဲ့အမနွေသစ်တော့ကော မပါလာဘူးလား။ အခါတိုင်းဆို ခြံထဲလျှောက်လာသည့် ကိုယ့်ကိုတွေ့တာနှင့် နိုးနိုင်နှင့်အမနွေသစ်က တာ့တာ့ပြနေတတ်သည်။ အခုတော့ မတွေ့ပါ။ လူထွက်ပေါက်ကနေသာ ထွက်ခဲ့ပြီး ခြံတံခါးကိုသေချာပိတ်ခဲ့ရသည်။ ခဏနေလျှင် တိုးငယ်ကို အဖေကသင်တန်းလိုက်ပို့မည်ဖြစ်သည်။ ကိုယ်ကတော့ ကျောင်းဖွင့်သဖြင့် နေ့တိုင်းတက်ရတာကနေ စနေတနင်္ဂနွေသို့ ရွေ့လိုက်ရပြီ။

"နိုးနိုင်တို့ကောဗျ"

အကိုလွန်းမာန်အနားရောက်ရောက်ချင်း ထီးဖွင့်ကာဆောင်းပေးတော့ ခေါင်းပေါ်ရောက်လာသည့် ဆိုင်ကယ်ဦးထုပ်။ ဦးထုပ်အဆောင်းခံရင်းပင် အကိုလွန်းမာန်မျက်နှာအား ကြည့်နေမိသည်။

Oh my god!!!!(Completed)Where stories live. Discover now