30

48.6K 5.8K 660
                                    

ကောင်းထက်က ခုတင်ပေါ်မှာလှဲရင်း သူ့ရင်ဘက်ကို လက်နှစ်ဖက်ဖြင့်ပိုက်ထားသည်။ ငိုပေမယ့်လည်း အသုံးမဝင်တာကြောင့် ထိုမော်ဒယ်ပုံ မကြည့်ရဖို့အရေးသာ နောက်ဆုံးတော့ အရှုံးပေးလက်မြောက်ရပြီး ခေါင်းလျှော်နေရသည်။ ဘေးမှာ ရပ်နေသည့် နိုးနိုင်ကတော့ စာအုပ်တစ်အုပ်ကိုင်ကာ အလုပ်ရှုပ်လို့။    

“အမနွေသစ် ဒီဆံပင်ပုံစံဆို ကောင်းထက်နဲ့လိုက်မယ်နော်”

“အင်း ဟုတ်မယ်”

“ဆံပင်ပွပွလေးဆို ပိုလိုက်မယ်ထင်တယ် အမနွေသစ်”           

နွေသစ်က ခေါင်းညိတ်ထောက်ခံကာ နိုးနိုင်က ခေါင်းတလှုပ်လှုပ်။

“ခေါင်းလျှော်ပြီးပါပြီ”

ခေါင်းလျှော်ပြီးကြောင်း အလုပ်သမားကောင်လေးက ပြောလာသည်။ ပြီးရင် ဆံပင်ကို လေမှုတ်တော့မည်။ ကောင်းထက်က ခုတင်ပေါ်ကဆင်းလာပြီး မှန်ရှေ့က ကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။ ယခုတော့ ထိုင်နေသည့် ကောင်းထက်ဘုန်းသည် ပြုသမျှနုရတော့မည့်ဘဝမို့ ဘာမှမပြောရဲ။

လေမှုတ်ပြီးတာနဲ့ အဝတ်အစားလဲရမည်ကြောင့် နိုးနိုင်က ဝတ်ရမည့်အဝတ်အစားအထုပ်လိုက် ကောင်းထက်ဆီပေးလိုက်သည်။ အံမယ် မျက်နှာငယ်လေးနဲ့ ကြည့်လာတဲ့ ကောင်းထက်မျက်နှာက မုန့်ဖိုးတောင်းတဲ့ကလေးတွေထက် ဆိုးသည်။

နိုးနိုင်က မျက်နှာချီလျက်....

“မကြည့်နဲ့ လုံးဝအလျော့မပေးဘူး၊ ဒီအဝတ်အစားတွေ ဝတ်မလား၊ bikiniဝတ်ထားတဲ့ မော်ဒယ်ပုံ ကြည့်မလား ကြိုက်တာရွေး”

“မုန့်တွေ အများကြီး အများကြီး ဝယ်ကျွေးမယ်လေ”

ပျော့ကွက်မရှိသည့် နိုးနိုင်ကို လာစမ်းချင်သေးသလားလို့ ကောင်းထက်ကို မျက်မှောင်ကျုံ့ ကြည့်လိုက်သည်။ ပြီးနောက် ကောင်းထက်နဖူးအား လက်ညိုးဖြင့် တွန်းလိုက်ပြီး....

“ဝယ်ကျွေးမယ့် ငါ့noahတစ်ယောက်လုံးရှိတယ်၊ သွားပြီးသာ အဝတ်လဲစမ်းပါ၊ အဲ့တာနဲ့ noahတို့ ကတာမမှီတော့ဘူး သွား သွား”

နိုးနိုင်က ကောင်းထက်ကို ပခုံးကနေတွန်း၍ အဝတ်လဲခန်းဆီခေါ်လာကာ အခန်းထဲသို့ အတင်းတွန်းသွင်းလိုက်ပြီး တံခါးကိုပိတ်လိုက်သည်။ ပုံစံပြောင်းပြီး ထွက်လာမည့် ကောင်းထက်ပုံစံက မည်သို့လည်းဆိုတာ နိုးနိုင် အရမ်းသိချင်လှသည်။ သို့ပေမယ့် အချိန်အတော်ကြာသည်အထိ ကောင်းထက်က ထွက်မလာပါ။ အမနွေသစ်ကလည်း မေးငေါ့ပြကာ ဘာလို့ကြာနေတာလဲဟု ပါးစပ်လှုပ်ရုံမေးသည်။ တံခါးကို ဖွင့်ကြည့်တော့ ချက်ချမထားတဲ့ တံခါးက ဖြည်းဖြည်းချင်း ပါလာသည်။ တံခါး အနည်းငယ်ဟတာနှင့် အက်ျီတွေကိုကိုင်ကာ မတ်တပ်ရပ်နေဆဲ ကောင်းထက်ကို ပက်ပင်းတွေ့ရသည်။

Oh my god!!!!(Completed)Where stories live. Discover now