Extra 3

19K 2.7K 115
                                    

နောက်ထပ် အသစ်တစ်ဖန်မွေးဖွားလာသော နေ့ရက်တိုင်းမှာ ချစ်နိုးလေးကိုတွေ့ဖို့ရာအတွက် ထမင်းစားဆင်းချိန်တိုင်းမှာ သင်တန်းအောက်ထပ်၌ ရပ်စောင့်နေခဲ့သည်။ သို့သော်လည်း နှစ်ရက်လောက်ရှိတော့မည် ချစ်နိုးလေးက ထမင်းစားချင်းချိန်မှာ ကျောင်းပြင်ထွက်ပြီး မုန့်မဝယ်ပါ။ ချစ်ရတဲ့ကိုယ်ကတော့ သူလေးထွက်လေမလားလို့ တွေးတွေးပြီး မျှော်ရတာပေါ့လေ။ သူလေးနှင့် ကောင်းကောင်းမွန်မွန်တွေ့နိုင်ဖို့ရာ သင်တန်းချိန်တောင်မနက်ပြောင်းလိုက်ပြီဖြစ်သည်။ ဒီနေ့လည်း ထမင်းစားဆင်းချိန်၌ ချစ်နိုးလေးက အပြင်ထွက်မလာပါ။ ထို့ကြောင့် အပြီးကျောင်းဆင်းဖို့ကိုသာ သင်တန်းမှာ ပျင်းပျင်းရိရိထိုင်စောင့်နေရသည်။ 

“ဟဲ့ သာပိုင်၊ နင့်မျက်နှာက မှုန်သိုးသိုးနဲ့ဘာဖြစ်နေတာလဲ”

နွေသစ်က ဘေးမှာဝင်ထိုင်ရင်း မေးလာသည်။ကိုယ့်ရဲ့မျက်နှာအနေအထားက စိတ်ညစ်နေမှန်းသိသာသွားပြီထင်ပါသည်။ သိတော့သိသာမှာပါ။ ကိုယ့်စိတ်အခြေအနေက ဟိုးအောက်ဆုံးရောက်နေတော့ မျက်နှာအနေအထားက အတော်လေးနွမ်းနေမှာသေချာသည်။

“ဟဲ့ ဘာဖြစ်တာလဲလို့!! ”

စိတ်မရှည်တော့သည့်နွေသစ်က သာပိုင့်နောက်ကျောကို  အုန်းခနဲရိုက်လိုက်ပြီး ထပ်မေးသည်။ တစ်ကယ်တည်း စိတ်ကဖြင့် လက်တစ်ဆစ်ပါဆို။ မေးတာမဖြေဘဲ အိုက်တင်လာခံနေသေးသည်တဲ့။ 

“နွေသစ်!!!! ငါ့ကျောကွဲတော့မယ်”

အရိုက်ခံလိုက်ရသည့်ကျောပြင်ကို လက်ပြန်ပွတ်ပြီး နွေသစ်အားဘုကြည့်ကြည့်လိုက်မိသည်။ အဲ့နွေသစ်ဟာလေ သူတစ်ခွန်းမေးလို့မဖြေရင် နောက်တစ်ခွန်းမေးတာနှင့်လက်ကတန်းပါလာပြီးသား။ ကြိမ်းဆတ်နေသည့်ကျောပြင်ကြောင့် ချစ်နိုးလေးကိုလွမ်းလို့ဖီးလ်နေတာတောင် ဘယ်ရောက်သွားတယ်မသိ။ ဟန်သာပိုင့်ဘဝက လွမ်းတာတောင် ကောင်းကောင်းမလွမ်းရတဲ့ ဘဝပါလား။

“ငါမေးတာဖြေပါဦး ဘာဖြစ်တာလဲ”

ဒီတစ်ခါ နွေသစ်ရဲ့အမေးမှာတော့ လက်မပါခဲ့ပါ။ နွေသစ်ရဲ့အမေးစကားကြောင့် အလွမ်းဝေဒနာသည် ရင်ထဲကိုတစ်ခါပြန်လွှမ်းမိုးလာသည့်အခါ နံရံကိုမှီလိုက်ပြီး သက်ပြင်းချလိုက်မိသည်။ ပြီးနောက် မျက်နှာကြက်ကိုမော့ကြည့်ကာ ချစ်နိုးလေးမျက်နှာအား ပုံဖော်လိုက်မိသည်။ ဘယ်တော့မှမေ့ပျောက်လို့ရမှာ မဟုတ်တဲ့မျက်နှာလေး။ 

Oh my god!!!!(Completed)Where stories live. Discover now