38

38.8K 5.2K 551
                                    

တောင်တက်လမ်းတွေက လှပလွန်းသည်။ ကြိုတင်မြင်နေရသည့် တောင်တက်လမ်းတွေက သူ့ကိုကြည့်လှည့်ပါဟု ကောင်းထက်အား ဆွဲဆောင်နေသည်။ တစ်စွမ်းတစ်စမြင်နေရသည့် ရှုခင်းတွေကလည်း လှပလွန်းလို့ မျက်နှာလွှဲပစ်ဖို့တောင် နှမြောရသည်။

သို့သော်လည်း ပြတင်းပေါက်သို့ လှမ်းမျှော်ကြည့်နေသည့် ကောင်းထက်မျက်နှာရှေ့သို့ လွန်းမာန်မျက်နှာက တည့်တည့်လာရပ်သည့်အခါ ကောင်းထက်မှာ ရှုခင်းတွေကို ဆက်လက်ခံစားခွင့်မရှိတော့။ 

“ကိုယ်တစ်ယောက်လုံးကိုကျော်ပြီး ရှုခင်းပဲကြည့်နေတာတော့ မဟုတ်သေးဘူးနော်”

ဂရုစိုက်ခံစေခြင်းငှါ လွန်းမာန်ဆိုလိုက်သည်။

“တောင်းပန်ပါတယ်ဗျ”

တိုက်ပုံက လက်အုပ်ချီတောင်းပန်ပြီးနောက် အပြုံးပန်းလေးတစ်ပွင့်လက်ဆောင်ပေးတော့ ဒီကဝေလွန်းမာန်ဆိုတဲ့တိုက်ပုံချစ်သူကပဲ မာန်လျော့ရပြန်၏။ တိုက်ပုံရဲ့ ကြည်ကြည်လင်လင်မျက်နှာထားလေးက ကြည့်လျှင် ပြန်မျက်နှာမလွှဲချင်လောက်အောင် ညှို့အားပြင်းလှသည်။

လွန်းမာန်က ကောင်းထက်အား ပခုံးကနေဖက်၍ သူ့ရင်ခွင်ထဲမှာ ခိုမှီစေသည်။ အလိုက်သိသည့်ကောင်းထက်ကတော့ လွန်းမာန်ရင်ခွင်မှာပါးအပ်ကာငြိမ်ငြိမ်နေသည်။

“နောက်တစ်ခါ ကိုယ်တစ်ယောက်လုံးရှိရဲ့နဲ့ ငေးနေရင် ကိုယ့်နှုတ်ခမ်းကို ဆယ်ကြိမ်တိတိ နမ်းရမယ်”

“ဟုတ်ကဲ့ပါဗျ၊ ရှုခင်းက လှလိုငေးမိတာပါဗျ”

“ကိုယ့်မှာ အဲ့ရှုခင်းတွေတောင် မနာလိုတယ်သိလား”

“ဟိဟိ”

ရင်ခွင်ထဲက တိုက်ပုံရဲ့တိုးဖွဖွရယ်သံ။ 

“အယ် ရယ်တာပေါ့”

“သဘောကျလို့ပါဗျ အကိုလွန်းမာန်က အဲ့လောက်ထိချစ်ပေးတာဆိုတော့ ပျော်သွားတာလည်းပါတယ်ဗျ”

“တ ဗျ ဗျ နဲ့ အူယားလာပြီကွာ”

ရင်ခွင်ထဲက တိုက်ပုံမျက်နှာအားမော့စေကာ နဖူးထက်ကိုအနမ်းခြွေမိသည်။ ချစ်ရသူလေးကတော့ ပြုံးကာငြိမ်ခံသည်။

Oh my god!!!!(Completed)Where stories live. Discover now