29

45.6K 6.2K 975
                                    

တစ်ဖက်နှင့်တစ်ဖက် ကစားသမားစွမ်းရည်က မျှသည်။ သူမသာ ကိုယ်မသာပေ။ အားကြိုးမာန်တက်လုံ့လစိုက်ကာ အောင်မြင်မှုကိုအရစွတ်ခူးဖို့ ဇွဲ့မလျော့ကြပေ။ ထို့ထက် ဇွဲမလျော့တမ်း အားပေးနေသူနှစ်ယောက်ကတော့ နာမည်LEDဘုတ်ပြားကို ကိုင်လျက် သပြေပန်းနှစ်ခက်တမြောက်မြောက်နဲ့ ကောင်လေးနှစ်ယောက်ပင်။

“သွင်းတော့လေ ဟာ noah မြန်မြန်”

“အောင်စေ နိုင်စေ ”

လုံးတုံးပုတု ကောင်းလေးနှစ်ယောက်က မတ်တပ်ရပ်လျက်အနေအထားနဲ့ ခြေတကြွကြွ ဖြစ်နေသည်။ နောက်က နွေသစ်မှာလည်း စက္ကူကတ်ထူပြားနဲ့ ရှေ့ကမောင်ဖြစ်သူနှစ်ယောက်ကို အိုက်မည်စိုးသောစေတနာဖြင့် ယပ်ခတ်ပေးနေရသည်။ ကိုယ့်မောင်တွေ ကြည့်ချင်တယ်ဆိုလို့သာ လာရတာ သူ့အနေနဲ့ဆို နိုင်နိုင်ရှုံးရှုံး နားအပူခံလာကြည့်မနေပါ။ ယပ်ခတ်ပေးနေရင်း ဟိုဒီဝေ့ဝဲကြည့်မိတော့ အားကစားခန်းမထဲဝင်လာသည့် ဟေသာသူ။ နွေသစ်ဆတ်ခနဲဖြစ်သွားသည်။ ဘာလာလုပ်တာလဲသူက။

“ပွဲပြီးရင် ဝေလွန်းမာန်ကို ရေပေးဖို့ထင်တယ်”

ဟေသာ့လက်ထဲကရေဘူးကို မြင်မြင်ချင်း နွေသစ်ရေရွတ်လိုက်သည်။

“ဝင်ပြီ”

noahက ခြင်းထဲ တစ်လုံးထည့်နိုင်သဖြင့် နိုးနိုင်ကို ဦးတည်ကာ လေပေါ်အနမ်းပေးလိုက်တော့ နိုးနိုင်က ဖမ်းလိုက်နိုင်သလိုဟန်လုပ်ပြီး လက်ဖဝါးကို နှုတ်ခမ်းနားကပ်ပြသည်။

ထပ်၍ အီးလ်မေဂျာဘက်မွ godဆိုသူက ဘောလုံးကိုပုတ်ယူလာသည်။ အားကစားခန်းမတစ်ခုလုံး တအုံးအုံးကြွလာကာ godဆိုသည့်အသံက ပိုကျယ်လာသည်။ ကောင်းထက်ပင် စိတ်လှုပ်ရှားမှုကြောင့် နာမည်ဘုတ်ပြားကို လက်တစ်ဖက်ကကိုင်ကာ ကျန်တစ်ဖက်က ခြင်းထဲ ဘောလုံးထည့်နိုင်ဖို့ သပြေခက်ကိုင်ထားသည့် လက်ကလေးက မြောက်လို့ အောင်စေဆိုသည့်အသံလေးက ခပ်တိုးတိုးဖြစ်နေသည်။

ဝိုး!!!!

အဝေးကနေ ခြင်းထဲ သွင်းလိုက်သည်ကြောင့် တစ်ခန်းမလုံး ဝိုးခနဲ ဖြစ်သွားကြသည်။ ကောင်းထက်ကလည်း တစ်ခုန်ခုန်။ သို့ပေမယ့် တစ်ကျောင်းလုံးရဲ့ godလို့သတ်မှတ်ထားသည့် လုပ်ရပ်တစ်ခုကြောင့် အားလုံးက အံ့သြခနဲဖြစ်သွားကြသည်။ godက ဒူးနှစ်ဖက်ထောက်‌‌အောင်ပွဲခံရင်း လေပေါ်အနမ်းတစ်ပွင့်ခြွေလွင့်သည့် ဦးတည်ရာက တိုက်ပုံအဖြူကောင်လေးဆီသို့။ တစ်ဖက်ကရှက်သွားသည့် ကောင်းထက်က လှမ်းမဖမ်းသည်မို့ နိုးနိုင်က ဟိုဟိုဒီဒီ ပျံနေသည့်အနမ်းအား ဖမ်းလိုက်သလိုလုပ်ပြီးနောက် ကောင်းထက်နှုတ်ခမ်းနားကို လက်ဖဝါးဖြင့်ကပ်လိုက်သည်။

Oh my god!!!!(Completed)Where stories live. Discover now