28

47.9K 5.8K 677
                                    

မေဂျာအလိုက် ဈေးရောင်းသည့်နေရာများသည် သူ့နေရာနှင့်သူ စည်းကားလှသည်။ မုန့်စားလက်မှတ်များကြောင့် အနည်းဆုံး တစ်ယောက်တစ်ခုဆီတော့ မုန့်ရပါသည်။ လွန်းမာန်ဘေးမှာ အတူယှဉ်လိုက်လာသည့် မင်းသားဝတ်စုံအပန်းရောင်နှင့် ကောင်းထက်ကတော့ ပထမနှစ်ကျောင်းသားပီပီ ပြုံးလျက် ဟိုဟိုဒီဒီ စပ်စပ်စုစုကြည့်နေသည်။ အခု အင်္ဂလိပ်စာတဲမှာ မုန့်သွားထုတ်မှာဖြစ်သည်။  

“noah ရေခဲမုန့်ကို ချစ်နိုးကိုကျွေးနော်”          

“ကျွေးမှာပေါ့ မဝရင် ဝယ်တောင်ကျွေးမယ်”

“ဟုတ်ပြီ”

အနောက်က သဲသဲတုန် ချစ်ငှက်နှစ်ကောင်အသံတွေသည် လွန်းမာန်နားထဲ ကန့်လန့်ဝင်လာသည်။ အေး ပျော်ထားကြပေါ့။ ငါတိုက်ပုံကို စောင့်ရှောက်နိုင်တယ့်အချိန်ကျ မင်းတို့ထက်ကဲပြမယ်လို့သာ ကြိမ်းလိုက်သည်။

အင်္ဂလိပ်စာတဲရှေ့ရောက်တော့ လက်မှတ်ကိုယ်စီပေးလိုက်သည်။ နွေသစ်ကတော့ ကောင်းထက်ကို ကျွေးသည်။

လွန်းမာန်လည်း ရသည့်မုန့်ကို တိုက်ပုံဆီပေးတော့ တိုက်ပုံက အပြစ်ကင်းစွာ မော့ကြည့်လာသည်။

“စားလေ အချိုကြိုက်တယ်မလား”

“ကျေးဇူးပါဗျ”

တိုက်ပုံက လက်အုပ်ချီကန်တော့ပြီးမှ ရေခဲမုန့်ကိုယူတော့ လွန်းမာန်ပြုံးရပြန်သည်။ ပြီးရင် ထပ်ပြီးတော့ ဈေးတန်းကို လျှောက်ပတ်ကြည့်သည်။

“ဘာစားချင်တာရှိလဲ တိုက်ပုံ”

“မရှိပါဘူးဗျ အိမ်ကထမင်းစားခဲ့ပါတယ်ဗျ”

“ဟုတ်ပါပြီ”

အသွားလမ်းအပြန်လမ်းသတ်မှတ်မထားတာမို့ လူတွေက တိုးတိုးကြိတ်နေသည်။ လူကွဲသွားမစိုးလို့ လွန်းမာန်က တိုက်ပုံပခုံးကိုဖက်ကာ တိုက်ပုံအား သူ့ရင်ခွင်ထဲမှာ ခဏနားခိုစေသည်။

“ငါဒီနေ့ ကြက်သားကြော်ဝယ်ကျွေးမယ် လာ”

“ဟုတ်ပြီကွ”

နွေသစ်ရဲ့ ဝယ်ကျွေးမယ်ဆိုတဲ့နောက် လွန်းမာန်နှင့်သာပိုင်တို့ရဲ့ အပျော်လွန်သံကပ်ပါလာသည်။ အပြင်ကနေလည်း လာရောင်းသည့် အသည်တွေလည်းရှိသည်မို့ ဆာလှသောဗိုက်အတွက် အဆင်ပြေသည်။ နွေသစ်က ကြက်သားအချိုသုံးပွဲနှင့်အစပ်သုံးပွဲဝယ်သည်။ ပြီးရင်တော့ ပေါင်မုန့်ကို သာပိုင်က ဒကာခံသည်။ ဝယ်ပြီးကျရင်တော့ ဈေးဆိုင်တွေနောက်က မြက်ခင်းပြင်ပေါ်မှာ ဝိုင်းဖွဲ့စားကြမည်ဖြစ်သဖြင့် တဲထဲကနေပဲ ဖြတ်ကာ မြက်ခင်းပေါ်ကူးလိုက်ကြသည်။

Oh my god!!!!(Completed)Where stories live. Discover now