The garden clubသို့မရောက်ခင် ခပ်လှမ်းလှမ်းကပင် ခပ်မြူးမြူးသီချင်းသံကို ပထမဦးစွာ ကြားရလေသည်။ နိုးနိုင်က ကောင်းထက်ပခုံးကိုဖက်ထားနေရင်းမှ လှုပ်စိလှုပ်စိနဲ့ကတော့ ကောင်းထက်က ရယ်နေသည်။ နိုးနိုင်က ကနေရင်းနှင့်မှရုတ်တရက် တစ်ခုခုကိုသတိရသွားသဖြင့် ကောင်းထက်ရင်ဘက်ကို ချက်ချင်းဖက်ခနဲသွားရိုက်လိုက်တော့ ကောင်းထက်ခဗျာ သူ့ရင်ဘက်သူ အလန့်တကြား လက်နဲ့ အုပ်လိုက်ရသည်။ ပြီးနောက် နိုးနိုင်အား တအံ့တသြကြည့်လိုက်ကာ......
“မင်း နိုးနိုင် ဘာလို့ သူများရဲ့အရှက်နေရာတွေ လိုက်ရိုက်နေရတာလဲ”
နိုးနိုင်မျက်မှောင်ကျုံ့သွားသည်။
“ဒါလေးရိုက်မိတာကိုများ ဘာဖြစ်လဲကွာ”
ထပ်ပြီး ကောင်းထက်ရင်ဘက်ကို လက်တစ်ဆုပ် ဆွဲဆုပ်လိုက်တော့ ကောင်းထက်က သူ့ရင်ဘက်သူ လက်တစ်ဖက်နဲ့အုပ်ကာ ဖက်ထားတာကိုရုန်းထွက်ပြီး နောက်သို့ဆုတ်သွားသည်။ ထို့နောက် နိုးနိုင်ခေါင်းကို ထီးထိပ်ရိုးနဲ့ အသာထိလိုက်သည်။ နိုးနိုင်က မနာပါဘဲ သူ့ခေါင်းကိုကိုင်ကာ ကောင်းထက်အား ဂြိုဟ်ကစ်ကြည့်နေသည်။
“ဘာလို့ထီးနဲ့ထိတာတုန်း”
“မင်းလည်း ငါမကြိုက်တာမလုပ်နဲ့လေ”
“ဒါလေး ကိုင်တာကို ဘာဖြစ်နေတာလဲ၊ မင်းနဲ့အကိုလွန်းမာန် အတူနေတဲ့အချိန်ကျ ဘယ်လိုလုပ်မလဲ၊ နေရာအစုံထိခံရမှာကွ၊ အဲ့ဒါတင်မဟုတ်ဘူး...ဟာ့...ဘာလုပ်တာလဲ”
နိုးနိုင်က ထပ်ပြီး သူ့ခေါင်းထိဖို့ ရွယ်လာသည့်ထီးကို ဖမ်းထားလိုက်သည်။
“ညစ်ပတ်တာတွေ မပြောပါနဲ့”
“ဘာညစ်ပတ်တာလဲ၊ အေး ငါပြောရဦးမယ် ငါ့ကို စာအရင်ပေးထား”
နိုးနိုင်က ထီးကိုဆွဲထားတာ မလွှတ်ပေးသေးပေ။ ကောင်းထက်က အားနေသည့်လက်တစ်ဖက်ဖြင့် လွယ်အိတ်ထဲကစာအိတ်ကို နှိုက်လိုက်ပြီး နိုးနိုင်ကို ပေးလိုက်သည်။ ပြီးတော့ ထီးကိုပြန်ဆွဲကာ...............
“လွှတ်တော့ ”
နိုးနိုင်က ထီးကိုလွှတ်ပေးလိုက်သည်။ ပြီးနောက် မျက်နှာကို ချီလျက် ကောင်းထက်အား လက်ညိုးထိုးကာ...