Chapter - 6(Uni+Zaw)

1.9K 152 8
                                    

Unicode

Tine သူေခါင်းကိုsarawatလက်မှ ဆတ်ခနဲပြန်ရုန်းလိုက်၏။ဖုန်းနဲ့ဓာတ်ပုံတွေရိုက်နေကြသောသူတွေကြောင့်ပါ။
"ဘာလို့ဒီထိလာတာလဲ။ပြောစရာရှိလို့လား''
တမင်သတ်သတ်လေသံမာ၍မေးလိုက်သည်။သို့သော် saraeatမျက်နှာက ပြုံးစိစိဖြစ်​ေနဆဲ။
"အင်း ရှိတယ်ဆိုပါတော့''
Tine ဘေးဘီကိုကြည့်တော့ တော်တော်များများက စပ်စုတဲ့မျက်လုံးတွေနဲ့သူတို့နှစ်ယောက်ကို အကဲခတ်နေကြသည်။Tine sarawatကို စိတ်ရှုပ်ရှုပ်နဲ့ပြန်ကြည့်မိ၏။ပုံစံက tineနဲ့တစ်ဖဝါးမှ ခွာမဲ့ပုံမပေါ်။tineသည် ဒုတိယကြိမ်မြောက် sarawatကို လူရှင်းသည့်နေရာသို့ ခေါ်ထုတ်လာရပြန်သည်။
"မင်းရဲ့ဖန်တွေက အရမ်းကြောက်ဖို့ကောင်းတယ်။နောက်ခါ ငါတို့မေဂျာထပ်မလာနဲ့တော့''
Tine စိတ်တိုတိုနဲ့ပြောလိုက်မိသည်။ဒါကို ဘာသဘောကျနေတာမသိ။ရယ်၍ သူ့ဆံပင်တွေကို ပြန်ဆွဲဖွပြန်သည်။
"Sarawat တော်ဟ ။ငါခွေးမဟုတ်ဘူး''
"အင်း ဟုတ်ပါတယ်။ဒါပေမဲ့လည်း မင်းပိုင်ရှင်ဆိုတော့ လုပ်ခွင့်ရှိတယ်။''
"သေလေ ဘာကိစ္စမင်းက ငါ့ပိုင်ရှင်ဖြစ်ရမှာလဲ''
တော်တော် ပိုင်စိုးပိုင်နင်းပြောတာဘဲ။မသိရင် ငါ့ကို သူပိုင်တာကြလို့။Tine စိတ်ထဲကနေ ပွစိပွစိရွတ်လိုက်သည်။
"ငါ့ကိုတော့ မင်းပိုင်တယ်''
"Sarawat..''
"Ok.ok.ငါစတာ''
Tineမျက်မှောင်ကြီးကုတ်ကာ ကြိမ်းတော့sarawatမျက်နှာခပ်တည်တည်ပြန်ဖြစ်သွားသည်။
"ပြော ငါ့ကိုဘာပြောစရာရှိလဲ။''
"ဘာမှ မရှိပါဘူး။မင်းကိုလွမ်းလို့လာတာ''
"မင်း''
Tine စိတ်ပျက်ပျက်နဲ့အံသာ ကြိတ်လိုက်သည်။
"ချီး မင်းအဲ့လိုတွေလုပ်နေ ငါကအလကားနေလူမုန်းများတယ်။''
"မင်းကို ဘယ်သူမှမမုန်းပါဘူး။''
အင်း မင်းကပြောရဲသေးတယ်။တစ်ရက်တစ်ရက် မင်းရဲ့မိန်းမတွေက ငါ့ကိုမြင်တာနဲ့အရေခွံစုတ်တော့မဲ့အတိုင်းဘဲ။
"မမုန်းဘူးဟုတ်လား။ဒီမှာကြည့်''
သူ့fbအကောင့်ကို ဖွင့်ကာပြလိုက်သည်။သူ့ကိုဆဲထားသည်မှာ ရစရာမရှိ။pamရဲ့လူကို စနိုက်ကြော်တယ်လို့က ပါလိုက်သေး။
"တွေ့လား။မင်းကစလေ ငါ့ကအဆဲခံရလေဘဲ။''
"မှန်နေတာဘဲ''
"ဘာ..''
"ဒီမှာလေ။ရွှေမင်းသားလေးက tineကိုလိုက်နေတာတဲ့''
Comတစ်ခုမှစာကို sarawatရွတ်ပြတော့tineမျက်မှောင်ကြီးကြုတ်ကာပြန်ကြည့်လိုက်မိသည်။
"တွေ့လား မင်းစလို့ သူများတွေကလျှောက်ထင်ကုန်ပြီ။''
ထိုအခါတွင်တော့ sarawatထံမှ ပက်ပက်စက်စက်ရယ်သံထွက်လာသည်။tineစိတ်တိုသွားသည်။
"ဘာရယ်တာလဲ။မင်းကိုယ့်ကို ပြန်ရှင်း။အလကားနေ လူတွေ အထင်လွဲကုန်မယ်။''
"Tine..''
sarawatသည် ရုတ်တရက်ရယ်နေတာရပ်လိုက်ပြီး အလွန်လေးနက်သည့်အကြည့်တစ်ခုနဲ့သူ့ကို မျက်နှာချင်းဆိုင်လိုက်သည်။
"ငါ စနေတယ်လို့ထင်နေတာလား။''
"အင်းလေ။''
Tine၏လေသံသည် အနည်းငယ်တိုးသွား၏။သူ့မျက်နှာတွေလည်း ပူနေသလိုခံစားရသည်။
"မှတ်ထား။ငါက သူများကိုဘယ်တော့မှမစဘူး။''
Tineတစ်စုံတစ်ခုပြန်ပြောမည်အပြုတွင် နောက်စကားတစ်ခွန်းကြောင့်သူ့နှုတ်တွေဆွံအသွားတော့သည်။
"အဲ့ဒါကြောင့် ငါမင်းကို လိုက်နေတယ်လို့ဘဲသိထားပေးနော်''
Tineပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေမိသည်။တကယ်မဖြစ်ပါစေနဲ့ဟုရင်ထဲကနေ တီးတိုးရေရွတ်လိုက်မိသည်။ထိုစဉ်
သူ့လက်ထဲမှ ဖုန်းသည် ရုတ်တရက်အလုခံလိုက်ရသည်။
"ဘာလုပ်တာလဲ။ငါ့ဖုန်းကို''
Tine ပြန်လုရန်ပြင်လိုက်ချိန်sarawatသူ့လက်တစ်ဖက်နဲ့တားထားသည်။
"............''
" ငါ့ဖုန်းnuကို မဖျက်နဲ့။ငါဆက်ရင်လည်း ကိုင်ရမယ်။''
"ကိုင်တာမကိုင်တာ ငါ့ကိစ္စ''
Tine ဖုန်းကို ခတ်ကနဲပြန်လုကာ စိတ်ရှုပ်ရှုပ်နဲ့ထွက်လာလိုက်သည်။နောက်ကနေ အသံတစ်ခုကိုလည်းကြားလိုက်သေး၏။
"မင်း ဘယ်နေရာဘဲရှောင်ရှောင် ငါကလိုက်မှာဘဲနော်''
Tineမကြားသလိုလုပ်ကာ ဆက်သွား​ေနလိုက်မိသည်။သို့သော် သူ့ရင်သည်အဆက်မပြတ်ခုန်နေသောကြောင့် သူ့ခြေလှမ်းတွေဘယ်သွားနေမှန်းကို သူကိုယ်တိုင်ပင်မသိတော့။သက်ပြင်းကိုလည်း
အကြိမ်ပေါင်းများစွာချနေမိသည်။ထိုနေ့တွင်တော့ သူငယ်ချင်းတွေသည် ထူးဆန်းစွာမှိုင်တွေနေသည့်tineကို တအံတဩဖြစ်နေကြမိသည်။အမြဲတမ်း တဟားဟားနဲ့ပေါတောတောနေတတ်သောtineသည် အသံတိတ်ငြိမ်နေတာဆိုသူတို့တစ်ခါမှမမြင်ဖူးသောကြောင့်ဖြစ်သည်။

မင်းကလွဲ၍(မင္းကလြဲ၍)Tempat cerita menjadi hidup. Temukan sekarang