Unicode
လူရွေးပေးသည့်စီနီယာတွေဂေါက်ကုန်လားမသိ။resultစာရင်းမှာ tineနာမည်က ပြူးနေသည်။ပါးစပ်အဟောင်းသားနဲ့ မယုံသလိုကြည့်နေမိ၏။
"Tine con.conနော်''
"Pearမပါဘူးလား။''
"ဟင့်အင်း မပါဘူး။အဲ့တာလည်း တစ်မျိုးကောင်းပါတယ်။အမေက သိပ်မကြိုက်ဘူးလေ။''
Tine pearအတွက်စိတ်မကောင်းဖြစ်ရုံကလွဲပီးမတတ်နိုင်။pearက ပေါ့ပေါ့ပါးပါးနဲ့ပင်သူ့ကိုနှုတ်ဆက်ပြီးပြန်သွားသည်။tineမှာ ဇဝေဇဝါဖြစ်ကျန်ခဲ့သည္။စင်စစ် pearက သူ့ထက်တော့အများကြီးပိုကျွမ်းပါသည်။
ဘယ်လိုruleတွေနဲ့များသူ့ကို ရွေးသွားတာပါလိမ့်။
Club membersအားလုံးအယောက်30ကျော်လောက်ရှိသည်။မေဂျာကလည်း ပေါင်းစုံသည်။
သို့သော် အဖွဲ့ထဲမှာ tineသိတဲ့လူဆိုလို့sarawatကလွဲ ပြီးဘယ်သူမှမရှိပေ။လောလောဆယ်တော့ sarawatလည်းပျောက်နေသည်။
" clubရဲ့စည်းမျဉ်းတွေကတော့ မင်းတို့သိပြီးသားဆိုတော့ ပြောစရာမလိုလောက်တော့ဘူးထင်တယ်။''
Musicမေဂျာthird yearဖြစ်သူစီနီယာ p'dim၏အသံဩဩထွက်လာသည်။
။ငုတ်တုတ်လေးထိုင်နေကြသော ဂျူနီယာလေးတွေကို သူ့အကြည့်စိမ်းစိမ်းတွေနဲ့တစ်ချက်ဝေ့ကြည့်လိုက်သည်။ပြီးမှ သူ့စကားကိုသူပြန်ဆက်သည်။" activities တွေက စအုံးမှာတော့မဟုတ်ဘူး။membersအချင်းချင်းကတော့ သိအောင်လုပ်ထားကြ။နောက်ကျရင် ကိုယ့်partnerနဲ့တွဲလုပ်ရမှာတွေရှိတယ်။
ကဲ ဒီနေ့တော့ဒီလောက်ဘဲ။ပြန်လို့ရပြီ။''
P'dim၏ ရှည်လျားသောဩဝါဒကြီးတော့ပြီးသွားပြီ။paretnerရှာထားတဲ့။tineသူ့မျက်လုံးထဲတွင် sarawatကိုသာတန်းမြင်လိုက်သည်။
သိတဲ့လူဆိုလို့sarawatဘဲရှိတာကိုး။
ဒါပေမဲ့ ဒီနေ့တော့ sarawatမလာ။tine စိတ်ပျက်ပျက်နဲ့ ထိုင်ရာကထလိုက်သည်။
ထူးဆန်းစွာပင် ယနေ့တော့sarawatကိုရှာနေတဲ့လူက သူကိုယ်တိုင်ဖြစ်နေတာကိုလည်း
ကိုယ့်ကို အံဩနေမိသည်။ခါတိုင်းဆို နေရာတိုင်း မျက်စိနှောက်အောင်ပင် တွေ့ရလေ့ရှိသည့် sarawat။
Tine သက်ပြင်းသဲ့သဲ့လေးချကာ မှိုင်မှိုင်တွေတွေနဲ့ထွက်လာမိသည်။သို့သော် clubအပြင်နားရောက်တော့ tineမျက်နှာလေးပြန်လက်သွား၏။
ခုံတန်းနားမှာ ကျောပေးကာguitarတစ်လုံးနဲ့အလုပ်ရှုပ်နေသော sarawat။tineဝမ်းသားအားရနဲ့သူ့နားကပ်သွားလိုက်သည်။
"Sarawat''
မော့ကြည့်လာသော မျက်ဝန်းတွင် ရုတ်တရက် အံအားသင့်သွားသည့်ဟန်။
"ငါက မင်းပြန်ပြီထင်နေတာ''
မျက်နှာအမူအယာနဲ့အသံကအစ ဝမ်းသာသည့်အရိပ်အယောင်ဖြစ်သွားသည်ကို tineမသိချင်ယောင်ဆောင်ကာ ထိုင်လိုက်သည်။
"မင်းကရော ဘာလို့မလာတာလဲ။''
"မျှော်နေတယ်ပေါ့''
"ချီး... clubထဲမှာ ငါသိတဲ့လူဆိုမင်းဘဲရှိတယ်လေ အရူးရဲ့''
ဟက်ကနဲ ရယ်သံတစ်ချက်ထွက်လာသည်။
"လာမလို့ဘဲ။ကိစ္စတစ်ခုရှုပ်သွားလို့..''
"ေဩာ်..ဟုတ်လား''
Tine ဆက်မမေးတော့။သူလည်း
အတွေးတစ်ခုနဲ့ဉီးနှောက်တွေစားနေသည်။စင်စစ် ''မင်းငါနဲ့partnerလုပ်မလား''ဆိုသည့်သာမန်မေးခွန်းမျှလောက်ပါ။
သို့သော် အခွင့်အရေးပေးတယ်ဆိုပြီး
အခွင့်ကောင်းယူမည့်
Sarawatကို ကြောက်နေတာကြောင့်ပါ။
Tine ဇဝေဇဝါနဲ့တွန့်ဆုတ်ဆုတ်ဖြစ်နေသည်ကို sarawatကရိပ်မိသည်။
"ဘာမေးမလို့လဲ။မေးလေ''
"အင်း ဘာမှမဟုတ်ပါဘူး''
"အရှုပ်ထုပ်လေး မင်းလိမ်နေတာသိသာတယ်နော်။''
"တကယ် ဘာမှမဟုတ်ပါဘူး။ဒါနဲ့ အဲ့ဒါမင်းguitarလား''
ထပ်မေးလာမှာစိုးသောကြောင့် တမင်သတ်သတ်စကားလမ်းကြောင်းလွှဲလိုက်သည်။
"အင်း ဟုတ်တယ်။လောလောဆယ်တော့ ငါ့ပိုင်တာပေါ့။ဒါပေမဲ့ မကြာခင် ပိုင်ရှင်ပြောင်းတော့မယ်။''
"ဟင် ဘယ်သူ့ကိုပေးမလို့လဲ''
sarawatက မဖြေဘဲစိတ်ရှည်ရှည်နဲ့guitarကြိုးကို ညှိသည်။ပြီးတော့ ရုတ်တရက်ကြီး tineကို ပေးလာသည်။။tineမျက်လုံးတွေပြူးသွားကာ အလန့်တကြားဖြစ်မိသွားတာတော့အမှန်။
"ဘာလဲဟ။''
"ယူလေ ဒီဟာက ကြိုးပါးတယ်။တီးရင် လက်မနာဘူး။''
"မယူဘူး။''
"အရူးလေး အကောင်းပေးတုန်းယူထားနော်။အခြားguitarနဲ့ဆို မင်းလက်ထိပ်တွေနာမယ်''
"ရတယ်။ငါ့ငါ အဆင်ပြေတဲ့ဟာ ရှာဝယ်လိုက်မယ်။''
Tineခေါင်းမာမာနဲ့ဆက်ငြင်းမိသည်။sarawat၏ စိတ်မရှည်သည့်ဟန်က မျက်နှာတွင်အထင်းသားပေါ်နေသည်။
"ခုမှ guitarစကိုင်ဖူးတဲ့လူက ဘယ်လိုလုပ်guitarဝယ်တတ်မှာလဲ။ရော့ ယူလိုက်။အလကားမလိုချင် နောက်မှချေလို့ရတယ်။''
Tine သက်ပြင်းလေးသဲ့သဲ့ချကာ ယူလိုက်သည်။guitarလေးက ပေါ့ပါးပြီးသစ်လွင်နေသည်။တော်တော်စျေးကြီးတဲ့အမျိုးအစားဘဲထင်တယ်။
"ပိုက်ဆံနောက်မှ ပေးမယ်။''
"အရူး မင်းပေးရင်တောင် ငါမယူဘူး။''
ပြောပြောဆိုဆိုနဲ့ tineဆံပင်ကို ဖွကာ ထိုင်ရာမှ ထလိုက်သည်။
"တကယ်လို့ စိတ်မသန့်ရင်လည်း ငါလိုချင်တာပေးလို့ရတယ်။''
"မင်းက ဘာလိုချင်လို့လဲ။''
Sarawatသည် ကိုယ်ကိုအနည်းငယ်ကိုင်းလိုက်သည်။မျက်နှာကလည်း tineနားနီးကပ်စွာတိုးကပ်လာ၏။ရုတ်တရက်ဖြစ်သောကြောင့် tineမှာကြောင်အနေသည်။
"ကိုယ်လိုချင်တာ တကယ်မသိတာလား။''
Tine သည် ချောမောကြည့်ကောင်းသောမျက်နှာနားမှာ ဆွံအနေမိသည်။ပြောချင်သည့်စကားလုံးတွေလည်း လည်ချောင်းနားမှာထစ်နေသလို။ထိုစဉ် အလွန်နူးညံသည့်အထိအတွေ့လေးက သူ့နှုတ်ခမ်းကို လာထိသွားသည်။တကယ့်ကို ဖွဖွလေးမှဖွဖွလေး။
မျက်ဝန်းတွေသည် ပြူးကျယ်ကာ အရာရာအားလုံး ငြိမ်သက်သွားသည်။
"နောက်ခါ ထပ်ငြင်းရင် ကိုဒါဘဲယူမှာနော်''
Tineမှာ ပါးစပ်အဟောင်းသားနဲ့။sarawatက အသည်းယားဟန် သူ့ပါးကို ဆွဲလိမ်ပြီး''အရူးလေး''ဟုရေရွတ်ပြီးသည်နှင့်ထွက်သွားတော့သည်။
လျှင်မြန်လွန်းသောအဖြစ်အပျက်ကိုသူ မယုံနိုင်ဖြစ်နေ၏။အံအားသင့်နေရာမှ သတိပြန်ဝင်လာတော့ သူ့ပါးပြင်နှစ်ဖက်လုံးသည် ပူနွေးနေလေသည်။
"ခွေးကောင် sarawat''
ရှက်ရှက်နဲ့ထအော်ချိန်တွင် sarawatက ပွုးစိစိနဲ့ကားပေါ်တောင်ရောက်နေခဲ့ပြီ။
YOU ARE READING
မငျးကလှဲ၍(မင်းကလွဲ၍)
RomanceSarawat နဲ့ tineလေးကို သဘောကျလို့ရေးတဲ့ficပါ။ 2getherရဲ့factsတွေပေါ်အခြေခံပြီး drama typeလေးရေးထားတာပါ😸 Start Date - 7.10.2020 End. Date - 2.12.2020