Unicode
Tineရေချိုးနေတုန်း sarawat tineအတွက် အဝတ်အစားတွေ ရှာထုတ်ပေးနေမိ၏။
Brandတံဆိပ်တွေနဲ့ပြည့်နေတဲ့အဝတ်ခန်းထဲက tineနဲ့သင့်တော်တာတွေကို ရှာရင်းသူဉီးနှောက်ခြောက်တာတော့အမှန်။
နောက်ဆုံး tine ကြိုက်တတ်တဲ့ပေါ့ပေါ့ပါးပါးနဲ့ရိုးရှင်းတဲ့အဝတ်တွေကို ရွေး၍ အဝတ်ခန်းထဲကနေ ထွက်လာခဲ့သည်။
အဝတ်တွေကို အိပ်ရာပေါ်တင်နေတုန်း
"သခင်လေး။ဆေးသေတ္တာလာပို့ပေးတာပါ။''
ဟုသည့်အသံနှင့်အတူ တံခါးခေါက်သံသဲ့သဲ့ထွက်လာတာကြောင့် sarawat တံခါးသွားဖွင့်ပေးလိုက်သည်။
အထိန်းတော်ကြီးက သူ့ကို တစ်ချက်အရိုအသေပေးပြီး ဆေးသေတ္တာကို ကမ်းပေးသည်။
"သခင်လေးရဲ့သူငယ်ချင်းအတွက် ညစာဘာများပြင်ဆင်ပေးရမလဲမသိဘူး။''
အထိန်းတော်ကြီး၏ စကားကြောင့် sarawatပြုံးမိသွားသည်။
သူသိသလောက်ဆို အရှုပ်ထုပ်လေးက ဘာလာလာအကုန်စားသည့်သူပါ။
အဲ့ဒါနဲ့ဘဲ''စာကောင်းတာ အကုန်ရတယ်။အထိန်းတော်ကြီး။သူအကုန်စားတယ်။''
ဟု ပြောတော့ အထိန်းတော်ကြီးက သဘောပေါက်ဟန်နဲ့ ဉီးညွှတ်ပြကာ အခန်းရှေ့ကနေ ထွက်သွားသည်။
sarawat ဆေးသေတ္တာကို စားပွဲပေါ်တင်ရင်း
ကုတင်ပေါ်ထိုင်ခြေချထိုင်လိုက်သည်။
ထိုစဉ် ရေချိုးခန်းတံခါးပိတ်သံနှင့်အတူ မရှေးမနောင်းပင် tineအခန်းထဲဝင်လာသည်။
ရုတ်တရက် ထိုမြင်ကွင်းကြောင့်
sarawat အသက်ရှုဖို့တောင်မေ့မတတ်ဖြစ်သွားသည်။
ရေချိုးဝတ်ရုံလေးကို ခပ်လျော့လျော့ဝတ်ထားတာမို့ ဖွေးအုနေတဲ့ ရင်ဘတ်လေးကထင်းနေ၏။
ရင်ဘတ်သားကနေတစ်ဆင့် ကျော့ရှင်းသောလည်တိုင်လေးက ထင်ပေါ်နေပြီး ခါတိုင်း နှာဖူးပေါ် ခွေခွေလေးဝှိုက်ကျနေတတ်သော ဆံပင်က ယခုတော့ နှာဖူးပေါ်သပ်တင်ထားသည့်အတွက် ဖြူနုသောမျက်နှာလေးက ထင်းနေသည်။
သူ့မျက်စိထဲ ချစ်ဖို့ကောင်းတယ်လို့ မြင်နေကြ ကျွဲပေါက်လေးသည် အခုတော့ ဆွဲဆောင်မှု အားကောင်းလွန်းနေတာမို့ sarawat
မည်မျှပင်သတိလက်လွတ်နဲ့ငေးမိမှန်းမသိ။
Tine က သူ့ကိုပြူးကြည့်ရင်း သူ့သူပြန်ငုံ့ကြကာ ပျာပျာသလဲနဲ့ ရေချိုးဝတ်ရုံကို ဆွဲစေ့လိုက်သည်။
ထိုအခါမှ sarawatလည်း ကြောင်အမ်းအမ်းနဲ့ဘဲ မျက်နှာတစ်ဖက်သို့လွှဲမိ၏။
နို့မို့ရင် သူစိတ်မထိန်းနိုင်ဘဲ ထိုကျွဲပေါက်ကို တစ်ခုခုလုပ်မိတော့မယ်။
"sarawat ဒီအဝတ်တွေက ငါ့အတွက်လားဟင်။''
Tineအသံကြားမှ သူပြန်လှည့်မိတော့ tineက သူထုတ်ထားပေးတဲ့ shirtအပြာလေးကို ဖြန့်ကြည့်နေသည်။
"အင်းလေ။မင်းအတွက် ကို့ထုတ်ထားပေးတာ။မြန်မြန်ဝတ်အေးတယ်။''
""အင်း နည်းနည်းတော့ကြီးတဲ့ပုံဘဲ။ဒါပေမဲ့ ရတယ်။ကျေးဇူးနော် ''
Tineက ပြောပြောဆိုဆိုနဲ့သူ့ဝတ်ရုံကို ချွတ်ချဟန်လက်ပြင်တော့
sarawatမျက်လုံးတွေပြူးကျယ်သွား၏။
သို့သော် tineက သူ့အမူအယာကို သတိထားမိသွားလို့လားမသိ။
ချက်ချင်းပင် မျက်နှာလေးရဲတက်သွားပြီး အဝတ်တွေမကာ ရေချိုးခန်းထဲသို့ လစ်ကနဲပြေးဝင်သွားတော့သည်။
ထိုအခါမှ sarawatလည်း သက်ပြင်းကို ဟူးကနဲချလိုက်မိ၏။
Tine သတိလက်လွတ်သွားတာက အကြောင်းမဟုတ်။သူသတိလက်လွတ်ဖြစ်သွားရင်တော့ သူ့ကိုယ်သူပင် စိတ်ထိန်းလို့ရမှာမဟုတ်တော့။
အဲ့တာ tineနဲ့သူကားမှာနမ်းမိတုန်းကဆိုလည်း သူမနဲကို ပြန်ထိန်းချုပ်ခဲ့ရဖူးသည်။
တစ်မိနစ်လောက်အကြာတွင်တော့ tine
တီရှပ်အပြာ၊ဒူးလောက်ရှိသောဘောင်းဘီနဲ့ထွက်လာသည်။
အပြာရောင်အကျီကြောင့် စောစောက နီရဲနေသောမျက်နှာလေးသည် ပိုပြီးတော့တောင် နီရဲလာသလိုဘဲ။
ယောင်ရှာရှာနဲ့သူ့အခန်းကို ဟိုကြည့်ဒီကြည့်လုပ်နေတဲ့tineသည် သူ့နားမလာရဲတာ သိသာလှသည်။
Sarawat သက်ပြင်းသဲ့သဲ့ချရင်း ထိုကလေးပေါက်စနားထသွားလိုက်မိသည်။
"ခြေထောက်ဆေးလိမ်းပေးမယ် ပြောထားတယ်။လာ... ''
ဟု ဆိုကာ လက်မောင်းလေးကို ဖွဖွဆွဲ၍ ကုတင်ပေါ်ထိုင်ခိုင်းလိုက်သည်။
ပြီးတော့ ဆေးသေတ္တာဘူးကို ထယူရင်း ဘူးကို ဖွင့်ကာ သူလိမ်းနေကြ ဆေးတစ်မျိုးကို ထုတ်လိုက်သည်။
ကြမ်းပြင်ပေါ်ဒူးထောက်ထိုင်ပြီး ထိုဆေးတွေကို သူ့လက်ဖဝါးပေါ် တင်၍
Tineရဲ့ ခြေဖဝါးလေးကို သေချာပွတ်လိမ်းပေးလိုက်၏။
အသက်18နှစ်တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ ခြေဖဝါးတွေက ဘာလို့ ကလေးငယ်တွေရဲ့ခြေဖဝါးတွေလို နုနယ်လွန်းနေရတာပါလိမ့်။
sarawatမှာ ထိုခြေဖဝါးနုနုလေးတွေကို ဆေးသာလိမ်းပေးနေရသော်လည်း သူမထိရက်လောက်အောင်ပင် အသည်းယားလွန်းပါသည်။
စိတ်ရှိလက်ရှိဆို ထိုခြေဖမိုးအစုံကို ဖိနမ်းပစ်ချင်လှသည်။
ဆေးလိမ်းပေးပြီးတော့ ကိုင်ထားသောခြေထောက်တွေကို ပြန်ချပေးကာ မော့ကြည့်တဲ့အချိန် သူ့ကို ငေးကြည့်နေတဲ့မျက်ဝန်းတစ်စုံနဲ့တိုးမိသွားသည်။
"အဟမ်း နည်းနည်းလောက်ဘဲနာတယ်ဆိုတော့ မြန်မြန်သက်သာမှာပါ။''
သူခိုးလူမိသွားသလို အကြည့်ပြန်လွှဲသွားသောကျွဲပေါက်ကြောင့် sarawatပြုံးမိသွားသည်။
"မသက်သာလည်း ကောင်းတယ်။ကို နေ့တိုင်းဆေးလိမ်းပေးလို့ရတယ်။''
သူ ပြုံးစိစိနဲ့စမိတော့ မျက်နှာလေးမဲ့ရှုံ့ပြီး
ခြေထောက်နဲ့ လှမ်းကန်လာသည်။
sarawatရယ်ကာ ထိုကလေးပေါက်စဘေးမှာ ဝင်ထိုင်လိုက်သည်။
Tineက သူ့အခန်းပတ်ပတ်လည်ကို အကဲခတ်နေသည့်ဟန်နဲ့ငေးနေ၏။
"မင်းအခန်း အရမ်းမိုက်တာဘဲ။
ကျယ်လည်း ကျယ်တယ်။စာအုပ်စင်လဲ ရှိသေး။အဲ ဟိုဟာက နောက်ဆုံးပေါ် ဂိမ်းစက်ကြီးမလား။
drumနဲ့guitarတွေလည်းရှိသေးတယ်။
ဝိုး ကောင်းလိုက်တာ။''
သူ့ဘာသူတစ်ယောက်တည်း ရေရွတ်၍ အံဩတကြီးဖြစ်နေတဲ့tineကို sarawatအသည်းယားတွေလှပါသည်။
Tineက မပြီးနိုင်မစီးနိုင်သေး။
လူပါထသွား၍ အချို့ပစ္စည်းလေးတွေကို ဟိုကိုင်ဒီကိုင်နဲ့ လုပ်ချင်တိုင်းကို လုပ်နေတော့သည်။
sarawatမှာ ထိုကလေးပေါက်စကို ငေးကြည့်ရုံက လွှဲပြီးမတတ်နိုင်ပါ။
နောက်ဆုံးတော့ မောသွားသည်ထင်သည်။
ကုတင်ပေါ်ဆွေ့ကနဲခုန်တက်ရင်း ခြေကားယားလက်ကားရားလေးနဲ့လုပ်ဆော့နေသေးသည်။
"အိပ်ရာက အိစက်နေတာဘဲ။အိပ်တောင်အိပ်ချင်သွားပြီ။''
"အိပ်ချင်အိပ်လေ။ကိုစောင့်ပေးမယ်။''
သူ့ကို စကားတောင်မပြန်နိုင်တော့ဘဲခေါင်းအုံးပေါ်မှေးတင်၍ အိပ်ပျော်သွားသည့်tine။
Sarawatသက်ပြင်းသဲ့သဲ့ချရင်း အရှုပ်ထုပ်လေးကိုယ်ပေါ်ကို စောင်တစ်ထည်နဲ့ခြုံပေးလိုက်သည်။

ŞİMDİ OKUDUĞUN
မင်းကလွဲ၍(မင္းကလြဲ၍)
RomantizmSarawat နဲ့ tineလေးကို သဘောကျလို့ရေးတဲ့ficပါ။ 2getherရဲ့factsတွေပေါ်အခြေခံပြီး drama typeလေးရေးထားတာပါ😸 Start Date - 7.10.2020 End. Date - 2.12.2020