Chapter- 42(Uni+Zaw)

1.5K 133 14
                                    

Unicode

ကျောင်းပိတ်တဲ့စနေရက်မှာ sarawat ချစ်ရသူ၏ နေအိမ်ကို အလည်ရောက်ဖို့ တော်တော်ကို တက်ကြွနေ၏။
တိုက်ခန်းနားက ကားပြန်ယူပြီး အဆောင်အောက်ဘက်ကနေ tineကို စောင့်နေမိသည်။
မျက်လုံးနေထိုးတာနဲ့ နေကာမျက်မှန်အနက်ကို ကောက်တပ်ထားလိုက်ရင်း စတီယာတိုင်ကို လက်ချောင်းနဲ့တဒေါင်ဒေါင်​ခေါက်နေလိုက်၏။
သူရောက်နေတာ အတော်ကြာနေပေမဲ့
ကလေးပေါက်စတစ်ယောက် တော်တော်နဲ့ကို ဆင်းမလာသေး။
ဘာများလုပ်နေတာပါလိမ့်..
ကြည့်ရတာ သူရောက်နေမှန်း သိသေးဟန်မတူ။
sarawat အိတ်ကပ်ထဲက ဖုန်းကို ထုတ်၍ ကလေးပေါက်စဆိုသည့် nu အားနှိပ်ရန်ပြင်နေစဉ် ဖုန်းnu တစ်ခုဝင်လာသည်။
တိုက်ဆိုင်စွာပင် tine ဆီက call.
Call ဝင်ဝင်ချင်းပင် သူကိုင်လိုက်တော့ တစ်ဖက်မှ အနည်းငယ်အလျင်စလို​ဖြစ်​နေတဲ့အသံ​​လေးပေါ်လာသည်။
" Hello ..wat....ရောက်နေပြီလား''
" အင်း..ကိုယ်ရောက်တာကြာပြီ။
ဆင်းလာတော့လေ....တော်ကြာ နေတအားမြင့်သွားမယ်။''
" အို... ဆောရီး..wat
ငါအခု ဘဲ ဆင်းလာပြီနော်။
အကျီရှာနေလို့..''
ပြောပြောဆိုဆို နဲ့ ဖုန်းကို တန်းချသွားတဲ့ tineမှာ တကယ်အလောတကြီးဖြစ်သွားသည့်ဟန်။
မကြာပါ။ အတွေးတောင်မဆုံးသေး..
ထောပတ်စိမ်းရောင် shirt လေးနဲ့ အဖြူရောင်ဂျင်းဘောင်းဘီရှည်ဝတ်ထားတဲ့ ကလေးပေါက်စတစ်ယောက် သူ့ကားမှန်​ဘေးနားရောက်လာ၏။
" ဆောရီး..ငါနောက်ကျသွားတယ်''
ဟု သွားဖြီးလေးရယ်ပြကာ တောင်းပန်စကားဆို​နေတဲ့ tine မှာ တကယ်ကို ချစ်စရာကောင်းနေ၏။
အင်း...အပြင်မှာမို့လို့သာပေါ့။
အဆောင်ခန်းထဲမှာသာဆိုရင် ထိုအူယားစရာရုပ်လေးကို စိတ်ရှိလက်ရှိဆွဲနမ်းပစ်မိမှာ။
Tineက ပြောပြီးတာနဲ့ lover seatနားဝင်ထိုင်ပြီး ခါးပတ်ပတ်နေသည်။
ပြီးတော့ ငေးနေတဲ့သူ့ဘက်ကို လှည့်လာ၍ မျက်လုံးလေးပြူးကြည့်လာ၏။
" မင်း...ထူးထူးဆန်းဆန်း နေကာမျက်မှန်ကြီးနဲ့''
ထိုအခါမှ sarawat ကိုယ့်ကိုယ်ကို မျက်မှန်တပ်ထားမှန်း သတိရတော့၏။
" အာ.. ဒီတိုငိး နေထိုးလို့လေ''
ပြောရင်းနဲ့ သူမျက်မှန်ကို ချွတ်ကာ ကား boxနားထည့်ထားလိုက်သည်။
" ဘာလို့ ချွတ်ပစ်တာလဲ။ နေထိုးတယ်မလား''
" ရတယ်။ ဒီတိုင်း မတပ်တာဘဲ ကောင်းတယ်။မျက်မှန်တပ်ထားရင် မင်းဘယ်လောက်လှမှန်း ကိုယ်ကောင်းကောင်း မြင်ရမှာ မဟုတ်ဘူး။''
သူ ပြုံးစစနဲ့ပြောတော့ tine၏ မျက်နှာလေးက ရဲကနဲ ဖြစ်သွားတာ ချက်ချင်းပင် တစ်ဖက်ကိုလှည့်သွားတော့၏။
တကယ်..တကယ် သူချစ်သူလေးက တကယ်လှတာပါ။
လှသလောက်လည်း အရှက်သည်းလွန်းနိုင်သည်။
ယောကျာ်းလေးတစ်ယောက်ကို လှတယ်လို့ချီးမွန်းခန်း ဖွင့်တာက မသင့်တော်ပေမဲ့ သူ့ ကလေးပေါက်စအတွက်တော့ ဆန့်ကျင်ဘက်။
ကြည့်လေ...
နှုတ်ခမ်းဖူးဖူး၊ မျက်လုံးတောက်တောက်စတဲ့အစိတ်အပိုင်းလေးတွေကအစ ဖြူနု အုဖတ်နေတဲ့ အသားအရေနဲ့အညီ ဘယ်နေရာမှာမှ အပြစ်ရှာလို့မရအောင် ပြီးပြည့်စုံတဲ့အလှတရားလေးလဲ။
ရယ်လိုက်ရင် မျက်လုံးမှေးမှေးသွားတတ်တာလေးကလည်း သူ့ကို မည်မျှတောင် အသည်းယားစေတာကို ဒီကလေးပေါက်စက မသိ။
ခုလည်း အရှက်ကြီးပြီး အပြင်ဘက် အာရုံရောရ်နေတဲ့tineကို သူကားမမောင်းသေးဘဲ ဘေးကနေကြည့်နေမိသည်။
နောက် ကလေးပေါက်စတစ်ယောက် သူ့ကို စိုက်ကြည့်နေမှန်း ရိပ်မိဟန်တူသည်။
နီဆွေးဆွေးမျက်နှာလေးနဲ့ သူ့ဘက်ကို လှည့်လာသည်။
" wat...အာ..အိမ်ရောက်မှဘဲ ငါ့ကို အဝကြည့်ရင်ကြည့်ပါ။
မင်း မမောင်းတော့ဘူးလား။''
အနေရခက်နေဟန်နဲ့ ထိုင်မလိုထမလို အမူအယာလေးနဲ့ရွတ်နေတဲ့ tineကို sarawat အူယားမဆုံးတော့။
တကယ်..ဘယ်လိုလေးလဲ....
ဒီလောက်ထိတောင် သူတို့အတွင်းအပြင် အားလုံးနီးပါး ရင်းနှီးထားပြီးတာတောင် အရှက်သည်းနေသေးတဲ့ကလေးငယ်။
သူစချင်စိတ်ပေါ်လာသည်။
ခရီးသွားမဲ့ကိစ္စခဏမေ့ရင်း စူးစူးရဲရဲနဲ့ကို သူထပ်ကြည့်လိုက်တော့ ကလေးပေါက်စတစ်ယောက် အယောင်ယောင်အမှားမှားနဲ့ ပွစိပွစိရွတ်တော့၏။
" wat..မောင်းပါတော့ဆို။ မင်းဘဲ အခုမမောင်းရင် နေမြင့်တော့မယ်ဆို
ဒီတိုင်း ငါ့အိမ်မရောက်ချင်တော့ဘူးလား။
လူကို ဘဲကြည့်...အ..''
ဒီလိုရွတ်နေတာလေးက သူ့ကို ပိုသည်းမခံနိုင်ဖြစ်စေတာကို မရိပ်မိလေရော့လား။
ဂဏာမငြိမ်ဖြစ်နေတဲ့ကိုယ်လေးကို ဆတ်ကနဲဆွဲထည့်လိုက်ပြီး ထိုချစ်စရာ နှုတ်ခမ်းတစ်စုံကို အားပါပါနမ်းပစ်လိုက်သည်။
ပြီးတော့ သူချက်ချင်း ပြန်ခွာလိုက်ကာ ရှေ့ကို ​​ခပ်တည်တည်​ပြန်လှည့်လိုက်၏။
" အဟမ်း.....ကိုယ်ကားမောင်းရင် အိပ်ငိုက်တတ်တယ်။
ဒီတိုင်း အိပ်ငိုက်ပြေအောင် အချိုလေးစားဖို့လိုနေလို့''
အမှန်မဟုတ်။ဒီက လူက နမ်းပြီးရင် အရှိန်ရပ်ချင်တာမဟုတ်လို့ မြန်မြန်လက်စသတ်မိတာပါ။
" ကျစ် မင်းကတော့..''
​နောက်ဆုံး​တော့ ကျိန်ဆဲသံတစ်ခုနဲ့အတူ sarawat လက်မောင်းပေါ်သို့ လက်သီးချက်တွေတရစပ်ကျရောက်လာသည်။
သူမသိသလို ပြုံးစိစိသာလုပ်နေပြီး ကားကို အရှိန်တင် မောင်းလိုက်၏။
Tineတို့အိမ်က အဆောင်နဲ့ တော်တော်ဝေးသည်။
နှစ်နာရီကျော်ကျော်လောက်တောင်မောင်းရသည်အထိကို ဝေးတာပါ။
အဲ့ကြောင့်ထင်တယ်။
ကားစီးလျှင် မူးတတ်တဲ့tineက တစ်ခါမှ အိမ်မပြန်တာ။
ခုလည်း ကြည့် ကားဘောင်ကို မှီပြီး အိပ်ငိုက်နေလိုက်တာ။
ဒါတောင် သူမောင်းတာ နာရီဝက်လောက်ဘဲ ရှိသေး။
sarawat ပြုံးလိုက်ရင်း လက်တစ်ဖက်ကနေ ကလေးပေါက်စကို သူ့နားရောက်အောင် ဆွဲဖက်လိုက်သည်။
စတီယာတိုင်ကို တစ်ဖက်က ထိနိးကိုင်နေရတာမို့ နည်းနည်းတော့ ဒယိမ်းဒယိုင်ဖြစ်နေ၏။
နောက်ဆုံး သူ့ပခုံးပေါ်ကို ကလေးပေါက်စအား မှီအိပ်စေလိုက်သည်။
ဒါပေမဲ့ သူဆွဲလိုက်တဲ့အရှိန်နဲ့ tineက နိုးသွားဟန်တူ၏။
မှုန်တေတေရုပ်လေးနဲ့ သူ့ပခုံးပေါ်ကနေခေါင်းထောင်လာသည်။
" tine အိပ်နေလေ..ကိုယ့်ပခုံးပေါ်မှာအိပ်။''
" တော်ပြီ။အိပ်တော့ဘူး။
မင်းပခုံးညောင်းနေမယ်။''
" ရတယ်။ကိုယ်အဆင်ပြေတယ်။ ဘာမှမဖြစ်ဘူး။အိပ်လိုက်''
အဆင်ပြေပါတယ်ဆိုတာတောင် ကလေးပေါက်စတစ်ယောက်မအိပ်တော့။
အဲ့အစား.. နားကြပ်တစ်ခုနဲ့ အလုပ်ရှုပ်နေပြီး
နောက် နား​ကြပ်တစ်ဖက်ကို သူ့နားထဲ လာထိုးထည့်ပေးသည်။
ဖွင့်ထားတဲ့သီချင်းကြောင့် sarawatပြုံးမိသွားသည်။
Scrubbရဲ့ together..

မင်းကလွဲ၍(မင္းကလြဲ၍)Where stories live. Discover now