Zawghi
"ဒီနေ့ သင်ပေးတဲ့chordတွေကို သေချာပြန်ကျင့်ခဲ့။မနက်ဖြန်ပြန်စစ်မှာနော်''
Clubက စီနီယာတွေက တော်တော်စိတ်ရှည်ကြသလို စည်းကမ်းပိုင်းတွင်လည်းတင်းကျပ်မည့်ဟန်။အခြားမကြည့်နဲ့လေ။p'dimရဲ့ခပ်ပြတ်ပြတ်စကားသံနှင့် အကြည့်စိမ်းစိမ်းတွေက သက်သေခံနေသည်။
အင်းလေ ဒီchordတွေနဲ့တော့ ဒီညအိပ်ရမယ်မထင်။
အပြင်ထွက်လာသည့်အချိန်တွင်တော့ tine
3ရက်လောက်ရှောင်နေသည့်sarawatနဲ့တည့်တည့်တိုးတော့သည်။နမ်းသည့်ကိစ္စဖြစ်ပြီးကတည်းက tineမှာ အလုပ်တစ်ခုတိုးလာ၏။clubပြီးသည်နှင့် အပြင်ကို တလဟောပြေး၊ကင်တင်းမှာလည်း မသိချင်ယောင်ဆောင် ၊cheerleadingကိုလည်း ခွင့်ယူကာ ရှောင်ရှားရေးအလုပ်ကို လုပ်နေခဲ့သည်။ယနေ့တော့ လွတ်မဲ့လမ်းမမြင်တော့။
မျက်နှာထားတည်တည်နဲ့သူ့ကို ဝါးစားမတတ်စိုက်ကြည့်နေသောကြောင့် ကျောတွေစိမ့်သက်ကာ လည်ချောင်းပင်ခြောက်သွားသလို။
သို့သော် သူမသိသလိုလုပ်ပြီး ရှောင်သွားရန်ပြင်လိုက်သည်။ဒုတိယခြေလမ်းမစခင်မှာပင် သူ့ခန္တာကိုယ်သည် ဆွဲလှည့်ခြင်းခံလိုက်ရသည်။
"ပြောစမ်း ဘာလို့ငါ့ကိုရှောင်နေရတာလဲ Tine''
Tine၏ပခုံးနှစ်ဖက်ကို တင်းနေအောင်ဆုပ်ကိုင်ထားသည့် sarawat၏မျက်နှာသည် နားမလည်သည့်အရိပ်အယောင်တွေနဲ့ပြည့်နေသည်။
Tineဆတ်ကနဲပြန်ရုန်းလိုက်သည်။
"မရှောင်ပါဘူး။ငါ့ကိုယ်ငါ လုပ်စရာရှိတာလုပ်တာ။''
"မရှောင်ဘူးဟုတ်လား။အမြဲတမ်းကြည့်လိုက်တိုင်း ရှောင်ပြေးနေတာဘဲ။cheerleadingရော ဘာလို့မလာတာလဲ။''
"ငါ့ငါ မလာတာ။မင်းနဲ့ဘာဆိုင်လို့လဲ။''
Tineသည် စိတ်မရှည်သလိုခတ်ဆတ်ဆတ်ပြောလိုက်သည်။ရုတ်ချည်းဆိုသော် sarawat၏မျက်နှာသည် နားမလည်ရာမှ ဒေါသထွက်သည့်အရိပ်အယောင်ပြောင်းသွားသည်။နာကျင်သွားသည့်ဟန်နဲ့မျက်ရည်အချို့ဝေ့နေသောမျက်ဝန်းတွေဆနဲ့tineကို စိုက်ကြည့်နေ၏။
ဘာလို့လည်းတော့မသိ။သူ့ရင်ထဲတွင်လည်း ကျင်ခနဲဖြစ်သွားသလိုခံစားရသည်။
"ကိုယ် အဲ့နေ့က ''
sarawatအသံသည် ရုတ်တရက်တိုးညှင်းသွားသည်။
"မင်းကို နမ်းလိုက်တာမကြိုက်လို့လား''
Tineဘာဖြေရမှန်းမသိ။လွယ်အိတ်ကိုသာ တင်းတင်းဆုပ်ကိုင်၍ နေနေမိသည်။
"မင်း မကြိုက်ဘူးဆိုပေမဲ့ မင်းကို လိုက်မယ်လို့ကိုပြောပြီးသားဆိုတာ သိတယ်မလား။''
Tineရှက်ရွံ့စွာနဲ့ခေါင်းကို ငုံ့လိုက်သည်။
လွယ်အိတ်ကြိုးကို ကိုင်ထားသည့်လက်ကလည်း ဇောချွေးတွေပြန်လာသည်။
"မနေ့က မင်းကို နမ်းတာလည်း ငါ့ပထမဆုံးအနမ်းဘဲ။ငါချစ်တဲ့သူကိုဘဲငါပေးတာ။''
Tineမျက်နှာတွေ ထူပူနေ၏။အစွမ်းသာရှိရင် ကောင်းသား။ဒီကို့ရို့ကားရားအခြေအနေကနေ မြန်မြန်ပြေးထွက်ချင်လှပြီ။
"Tine ''
ဒီတစ်ခါတွင်တော့ tineခေါင်းမော့လိုက်သည်။သူ သက်ပြင်းတစ်ချက်သဲ့သဲ့ချကာ အမှန်အတိုင်းပြောရန်စိတ်တုံးတုံးချလိုက်သည်။
"ငါ အမှန်အတိုင်းပြောရင် နေရခက်လို့။ပြီးရင် ငါကယောကျာ်းလေးမကြိုက်ဘူး။မိန်းကလေးဘဲကြိုက်တာ။''
sarawat ကျွတ်ခနဲတစ်ချက်စုတ်သတ်သည်။tine စိတ်တင်းကာပြောစရာရှိတာဆက်ပြောရန်ပြင်လိုက်သည်။ထိုစဉ်မှာပင်
"ပြောချင်တာက ငါ့ကိုမကြိုက်ဘူးလို့ပြောမှာမလား။''
Tine ခေါင်းကို သဲ့သဲ့ငြိမ့်ပြလိုက်သည်။ခေါင်းထဲတွင်တော့ အတွေးပေါင်းများစွာရှုပ်ထွေးနေသည်။
"ရတယ်။ဒါပေမဲ့ ကိုယ်တစ်ခုပြောမယ်နော်။''
ထိုစကားသံတစ်ခုနဲ့အတူ ရီဝေနေသောမျက်ဝန်းတွေနဲ့သူ့ကို စိုက်ကြည့်လာ၏။
သူဖွနေကျဖြစ်သော tineဆံပင်တွေကိုခါတိုင်းလိုပင် နူးညံစွာပွတ်သပ်ပေးပြန်သည်။
"မင်း ငါ့ကို ကြိုက်ရမယ်လို့မပြောဘူး။ဒါပေမဲ့
မင်းကို လိုက်ဖို့အတွက် မင်းရဲ့နှလုံးသားကိုတော့ဖွင့်ထားပေး။ကျန်တာ ဘာမှမတွေးနဲ့''
(ဒီစာကြောင်းတစ်ချို့က seriesထဲမှာပါတာဆိုတော့ readersလေးတွေသိကြမှာပါ။အရမ်းသဘောကျလို့ ပြန်ထည့်ရေးထားတာ။
သက်ဆိုင်ရာကို crdပေးပါတယ်နော်)
Tineဆွံအကာ အကြောင်သားပြန်စိုက်ကြည့်နေမိသည်။သေချာသည်။sarawatရူးသွားတာဘဲနေမှာ။
"မင်း အဲ့နေ့ညက ခေါင်းများထိသွားတာလား။စိတ်ပုံမှန်မဟုတ်တော့လို့ ငါ့ကိုကြိုက်တာ''
သူခနဲ့ပြောတော့ ရယ်သံဖွဖွထွက်လာသည်။
"အဲ့လိုဆို ငါစိတ်မမှန်တာ အထက်တန်းကတည်းကဘဲ။''
"ဘာ''
"ဘာမှ မဟုတ်ဘူး။ဒါဆို ငါ ခွင့်ပြုချက်ရပြီနော်။''
"ချီးဘဲ ဘာခွင့်ပြုချက်လဲ။''
"ဒီနေ့ကစပြီးမင်းကို တကယ်လိုက်မယ်။တားလည်းမရဘူး။''
ပြောရင်းနဲ့sarawatမျက်နှာတွင် ကျောချမ်းစရာကောင်းသောအပြုံးတစ်ခုပေါ်လာသည်။
လူယုတ်မာအပြုံး tineစိတ်ထဲကနေ တိတ်တိတ်လေးကျိန်ဆဲလိုက်သည်။
"အင်း တကယ်လို့တားခဲ့ရင်လည်း အဲ့နေ့ကလိုအကျိုးဆက်ဘဲရမှာလေ။တကယ် ချိုမြိန်လွန်းတယ်။''
"မင်း ချီးဟာ ။တော်ပြီ ရှေ့ကဖယ် ။''
Tineပြောပြောဆိုဆိုနဲ့sarawatကို တွန်းဖယ်ကာ ပြန်ရန်ပြင်လိုက်သည်။သို့သော် သူ့လက်တွေသည်တစ်ဖန် လှမ်းဆွဲခြင်းခံရပြန်သည်။
"လွှတ်ဟ ငါအိမ်ပြန်ရမယ်။''
"လိုက်ပို့ပေးမယ်။
"မလိုဘူး။ငါ မိန်းကလေး မဟုတ်ဘူး။"
Tineသည် ကော်လိုကပ်နေသော sarawatကိုအတင်းခွာထုတ်ကာ ကားပါကင်နားရောက်လာခဲ့သည်။
"ဆိုင်ကယ်ထက် ကားကပိုကောင်းတယ်။ကားပေါ်တက်"
"ငါက ကားထက်ဆိုင်ကယ်ပိုကြိုက်တယ်။"
Tineဆိုင်ကယ်ဉီးထုပ်စောင်းရင်းရွှဲ့ပြောလိုက်သည်။
"နောက့်နေ့ဆို ဆိုင်ကယ်ဘဲမောင်းမှ"
"အရူး"
သူတိုးတိုးကျိန်ဆဲကာ ဆိုင်ကယ်ကိုမောင်းထွက်လာခဲ့၏။
ဒါတောင် နောက်ကနေ "Tine ဒီနေ့ကစပြီး မင်းကိုငါ့အပိုင်ဖြစ်အောင်လုပ်ပြမယ်။"ဆိုသည့်အော်ဟစ်သံကို ကြားဖြစ်အောင်ကြားလိုက်သေးသည်။
တော်တော်စိတ်ကြီးဝင်တာဘဲ။
ဆိုင်ကယ်ဉီးထုပ်အောက်ကနေ ထိန်းချုပ်ထားနေရတဲ့အပြုံးတစ်ခုကို ပြုံးလ်ုက်မိသည်။မည်သို့ပင်ဖြစ်စေသူ စိတ်အကြီးအကျယ်ရှုပ်ခဲ့ရတဲ့ပြသာနာက ကြည်နူးစရာကောင်းသည့်အဖြစ်လေးသို့ဂုတ်ချည်းပြောင်းလဲသွားခဲ့သည်။

BẠN ĐANG ĐỌC
မငျးကလှဲ၍(မင်းကလွဲ၍)
Lãng mạnSarawat နဲ့ tineလေးကို သဘောကျလို့ရေးတဲ့ficပါ။ 2getherရဲ့factsတွေပေါ်အခြေခံပြီး drama typeလေးရေးထားတာပါ😸 Start Date - 7.10.2020 End. Date - 2.12.2020