Unicode
အနည်းငယ်နာကျင်နေသောခန္တာကိုယ်အောက်ပိုင်းတစ်နေရာ၏လှုံ့ဆော်မှုကြောင့်
Tine မျက်လုံးတွေမဖွင့်ချင်ဘဲဖွင့်လိုက်ရသည်။
မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက သူ့ကိုလက်ထောက်ပြီးပြုံးကြည့်နေတဲ့sarawat။
Tine အိမ်မှုန်စုံမွှားနဲ့ မျက်လုံးတွေကို ပွတ်လိုက်ရင်း ''ဘယ်အချိန်ရှိပြီလဲ sarawat''ဟုမေးမိသည်။
"အင်း 10ထိုးနေပြီ။''
ထိုအခါမှ tineမျက်လုံးတွေပြူးကာ သူ့ကိုယ်သူပြန်ကြည့်မိ၏။
နက်ပြာရောင်ညအိပ်ဝတ်စုံလေးက သူ့ခန္တာကိုယ်ပေါ်မှာနေရာယူထားပြီ။
နေပါအုံး ငါအိမ်မက်တွေအမက်လွန်သွားတာလား။
ဘာလို့ ဒီလောက်နေမြင့်မှ နိုးရတာလဲ။
ပြီးရင် အ...အောက်ပိုင်းက ဘာလို့အဲ့လောက်ထိနာနေတာပါလိမ့်။''
Tine ဇဝေဇဝါနဲ့ ညက အဖြစ်အပျက်ကို
ပြန်စဉ်းစားနေမိသည်။
အိမ်မက်ဘဲထင်တယ်။
ဒါပေမဲ့ မဟုတ်သေးပါဘူး။ခါးအောက်ပိုင်းက အရမ်းနာနေတယ်။
ထိုစဉ် sarawatက ပြုံး၍ဆိုလာသည်။
"ကို အစောကြီးနိုးနေတာနဲ့ မင်းကို သန့်ရှင်းရေးတွေဘာတွေလုပ်ပေးပြီး ကို့ညအိပ်ဝတ်စုံဝတ်ပေးထားတာလေ။''
Tine ချက်ချင်းပင် မျက်နှာတွေပူတက်လာမိသည်။
ဒါဆို သူတို့တကယ်.....
Tine ထိတ်ထိတ်ပြာပြာဖြစ်သွားပြီး
sarawatကို ကြည့်မိသည်။
sarawatရဲ့ နှုတ်ခမ်းထောင့်စွန်းက အပြုံးကိုမြင်လိုက်ရတဲ့တခဏ tine ချာကနဲပင်
စောင်ခေါင်းမြီးပြန်ခြုံလိုက်မိ၏။
"Tine ဆက်အိပ်အုံးမလို့လား။
ဘာလဲ ကိုယ့်ကိုရှက်နေတာလား။''
သေတော့မှာဘဲ tineရယ်။
Tine ပိုပြီးအရှက်သည်းစွာနဲ့စောင်ကို အတင်းဆွဲစေ့ထားမိ၏။
"ကဲ ကိုမပြောတော့ဘူး။စောင်ကြီးအုပ်မထားနဲ့။အသက်ရှုကျပ်လိမ့်မယ်။''
နူးညံ့သိမ့်မွေ့သောအသံနဲ့ ကလေးချော့သလိုချော့ပြောနေပြီး sarawatစောင်တွေကို အတင်းဆွဲဖယ်နေ၏။
Tine အစပိုင်းက တင်းခံနေသော်လည်း နောက်တကယ် အသက်ရှုမဝတော့သလိုဖြစ်လာမှ စောင်ကို ဖယ်လိုက်သည်။
အဲ့ဒါတောင်မှ sarawatရဲ့ပြုံးစိစိမျက်နှာကြောင့် သူ့မှာ ကပျာကယာမျက်လုံးပြန်မှိတ်နေမိသည်။
ထိုခဏ၌ sarawat၏ရယ်သံတိုးတိုးထွက်လာသည်။
"အားယား ဘာလို့အဲ့လောက်ထိရှက်နေတာလဲ tineရဲ့။မင်း အဲ့လိုဆက်လုပ်နေရင် ကိုအူယားတာနဲ့သေလိမ့်မယ်။''
sarawatက ပြောပြောဆိုဆိုနဲ့ သူ့ပါးတွေကို လက်ညှိုးနဲ့ ဖွဖွထိုးနေတော့၏။
နောက် ပါးပြင်နဲ့တောင် ကျေနပ်သေးဟန်မတူဘဲ နှုတ်ခမ်းတွေကိုပါ ဖွဖွထိလာပြန်သည်။
ထိုအခါမှ tine ကြက်သိမ်းတဖြန်းဖြန်းနဲ့မျက်လုံးတွေကို ပြန်ဖွင့်ရင်း ထထိုင်လိုက်မိသည်။
"မင်း....ငြိမ်ငြိမ်နေလို့မရဘူးလား။''
ဟု အသံခပ်မာမာနဲ့ဟောက်တော့ sarawatက တဟားဟားရယ်လာကာ လက်ထောက်နေရင်းက ထလာ၏။
"မနေ့ညက ကလေးလေးတစ်ယောက် မျက်နှာတွေနီရဲတွတ်နေပြီး ကိုတောင်းဆိုတာကို ခေါင်းညိတ်ပေးခဲ့တယ်။
အမ် ခုထိလည်း အဲ့မျက်နှာရဲရဲလေးက ပျောက်မသွားသေးဘူးဘဲ။''
ထပ်စနေတဲ့ sarawatကို tineစိတ်မရှည်တော့ဘဲ ဘေးက ခေါင်းအုံးနဲ့ တဘုန်းဘုန်းထုနေမိတော့သည်။
sarawatက အရယ်မပျက်ဘဲ သူ့ကို ထပ်စနေဆဲပင်။
Tine ရိုက်တာမောတော့မှ sarawatက သူ့ကိုအသာပွေ့ကာ ရေချိုးခန်းထဲ ခေါ်သွားတော့သည်။
ရေချိုးခန်းထဲမှာလည်း ရေခွက်တကိုင်ကိုင်နဲ့သူ့ကို မျက်နှာသစ်ပေးရန်ပြင်နေတဲ့sarawatကို tineအတင်းမောင်းထုတ်နေရ၏။
အရေးထဲ ထွက်ခါနီးမှာပင် သူ့ပါးတွေကို လိမ်ဆွဲသွားသေး။
Tine မှာ သက်ပြင်းကို ဟူးကနဲနေအောင်ချလိုက်ရင်း လုပ်စရာရှိတာလုပ်လိုက်သည်။
နာရီဝက်အကြာတွင်တော့ tineထော့နဲထော့နဲ့နဲ့ပြန်ထွက်လာမိသည်။
ကြက်ဉကြော်နံ့လေးက နှာခေါင်းထဲရစ်ဝဲလာတာမို့ sarawat တစ်ယောက်kitchenထဲ နေမှာဟုတွေးရင်း tine kitchenဘက်
လျှောက်လာလိုက်သည်။
Kitchenထဲမှာတော့ အေပရွန်ဝတ်လျက်နဲ့ အလုပ်တွေရှုပ်နေသောsarawatကို တွေ့လိုက်ရ၏။
ကြည့်ရတာ ကြက်ဉကြော်တာခေါင်းစားနေတဲ့ပုံဘဲ။
Tine ရယ်ချင်စိတ်ကို မြိုသိပ်ထားရင်း အသံမပေးဘဲ အသာရပ်ကြည့်နေမိသည်။
အဟင်း.... ဆီကို အပူလည်းမပေးဘဲ ကြော်နေလိုက်တာ ဘယ်လိုလုပ်ကြက်ဉကြော်ဖြစ်တော့မှာလဲ။
ဆားတွေလည်း မထည့်ဘူး။
မီးအပူချန်လည်း မညှိဘူး။ဒယ်အိုးကတော့ တူးတော့မှာဘဲ။
နောက်ဆုံးတော့ tineရပ်ကြည့်နေရင်းနဲ့မနေသာတော့။
အဟမ်းဆိုပြီး ချောင်းဆိုးသလိုနဲ့ အသံပေးလိုက်၏။
ထိုအခါမှ sarawatက သူ့ကိုလှည့်ကြည့်လာပြီး ပျာပျာသလဲနဲ့ သူ့နားရောက်လာသည်။
"Tine ခဏစောင့်နော်။ကို ဒီနေ့မင်းကို ဟင်းချက်ကျွေးမယ်။''
Tine မှာ ရယ်ချင်စိတ်ကို အတင်းမြိုသိပ်ရင်း
စိတ်ထဲကနေ sarawatရယ် ဟုသာ ညည်းနိုင်တော့သည်။
သို့သော် အပြင်ပိုင်းတွင်တော့ ဘာမှမဖြစ်သလိုနဲ့
"အင်း မင်းချက်တာတော့ ငါစားကြည့်ချင်တယ်။ဒါပေမဲ့ ဒီနေ့တော့ ငါဘဲချက်ပါ့မယ်။
ဗိုက်အရမ်းဆာနေလို့။''
"အဲ ခဏစောင့်လို့မရဘူးလား။ ကို ကြက်ဉလိပ်လုပ်မလို့။ပြီးတော့မှာပါ။''
စိတ်အားထက်သန်ပုံနဲ့ပြောလာတော့လည်း tineခေါင်းသာညိတ်ပြလိုက်တော့၏။
sarawat က ဝမ်းသားအားရနဲ့ဘဲ သူ့ကို ထပ်ပွေ့လိုက်ပြီး စားပွဲနားက ထိုင်ခုံမှာချပေးသည်။
"ငါ ကလေးလည်း မဟုတ်ပေမဲ့ ဘာလို့တစ်ချိန်ကြီးချီနေရတာလဲ''
ဟု tineအနေရခက်စွာမေးတော့ sarawatက ပြုံးရင်း ပခုံးတစ်ချက်သာတွန့်ပြသည်။ပြီးမှ
"မသိဘူး။မင်းကို ချီရတာ ကိုအရမ်းသဘောကျလို့။''ဟုသာဖြေပြီး မီးဖိုနားရောက်သွားသည်။
အဖြေက ရိုးရိုးရှင်းရှင်းနဲ့တစ်ခွန်းတည်းသာဆိုပေမဲ့ tine၏ရင်ကို နွေးထွေးစေတာတော့အမှန်။
Tine စားပွဲပေါ် မေးလေးထောက်ပြီး sarawatရဲ့အပြုအမူတွေကို မျက်တောင်မခတ်ကြည့်နေမိတော့သည်။
sarawatပုံစံက စားဖိုမှူးတစ်ယောက်လို အသွင်နဲ့ချောမောကြည့်ကောင်းနေသော်လည်း လက်ရာကိုတော့ မြင်ယုံနဲ့ကြောက်နေမိ၏။
15min ခန့်အကြာတွင်တော့ အနည်းငယ်မဲတူးနေသောကြက်ဉလိပ်သည် စားပွဲပေါ်ရောက်လာတော့သည်။
နှစ်ယောက်သား စကားမဆိုမိသေးဘဲ ထိုကြက်ဉလိပ်ကို ငေးစိုက်နေမိသည်။
အတန်ကြာမှ Tine အရဲစွန့်ပြီး ဇွန်းလေးနဲ့ပိုင်းကာ ယူစားလိုက်၏။
"Tine ဘယ်လိုလဲ။အရသာဆိုးတယ်မလား။''
အားနာနေဟန်နဲ့ မျက်နှာသူငယ်မေးလာတဲ့sarawatကို tineမျစ်ချိုးပျစ်ချိုးမပြောရဲ။
"အင်း တူးသွားလို့ထင်တယ်။နည်းနည်းတော့ ခါးသလိုဘဲ။ဒါပေမဲ့ ငါကြိုက်ပါတယ်။''
sarawatက မယုံသလိုနဲ့သူ့ဟင်းကို သူပြန်ကြည့်ရင်း တစ်ဖက်လောက်ကောက်ဝါးလိုက်သည်။
ငါးစက္ကန့်တောင်မကြာလိုက်။
ချက်ချင်းပင် ထပြေး
ကာ ဘေလ်စင်နားသွားထွေးထုတ်တော့၏။
Tine မှာ မထိန်းနိုင်စွာပင် ဗိုက်ကို နှိပ်၍ ရယ်မိပါတော့သည်။
"ဘယ်လို အရသာဆိုးချက်လဲ။ကြက်ဉကြော်နဲ့တောင် မတူဘူး။''
သူ့သူ ပွစိပွစိရွတ်နေသော sarawatကို ကြည့်၍ tineအူတက်နေတော့၏။
"ဟူး ဆောရီး tine။အဲ့လောက် မကောင်းတာကြီးကို မင်းကို ကျွေးမိလို့။''
ထိုအခါမှ tineရယ်နေတာကို အရှိန်ပြန်သတ်လိုက်ရသည်။
"အင်း ဖြစ်တတ်ပါတယ်။မင်းက အိမ်မှာ ချက်ကျွေးမဲ့သူ တစ်ပုံတစ်ခေါင်းကြီးဆိုတော့ မချက်တတ်တာလည်း မလွန်ပါဘူး။
ကဲ ထိုင်နေ။ဒီတစ်ခါ ငါချက်မယ်နော်။နို့မို့ဆို မနက်စာငတ်တော့မယ်။''
Tine ခပ်သွက်သွက်ပင် ထသွားရင်း sarawatရဲ့ရေခဲသေတ္တာကို မွေနှောက်တော့သည်။
ဟင်းသီးဟင်းရွက်တွေကို ထုတ်လိုက်ရင်း
သူ့လုပ်ငန်းကိုစတော့၏။
ဆလပ်သုတ်၊ငါးတောက်တောက်ဆင်း ဟင်းရည်၊အသားနဲ့ ဟင်းသီးဟင်းရွက်စိမ်းကြော် စတာတွေကို tineတစ်နာရီအတွင်းလုပ်လို့ပြီးသွားသည်။
sarawatက ပါးစပ်အဟောင်းသားနဲ့ tineလုပ်သမျှကို ငေးကြည့်နေ၏။
Tine စားပွဲပေါ်ဟင်းတွေကို ချလိုက်ကာ ဝင်ထိုင်လိုက်သည်။
တော်သေးတာမို့ ။ကြက်ဉမကြော်တတ်တဲ့လူက ထမင်းတော့ကောင်းအောင်ချက်တတ်ပါရဲ့။
"အိုး ကိုယ့်ချစ်သူလေးက ဟင်းလည်း ချက်တတ်တာလား။တော်ချက်။''
sarawat ချီးကျူးတာကို Tine နှာခေါင်းရှုံ့လိုက်မိသည်။
"အပိုတွေ။ငါ့အဆောင်မှာနေတုန်းက မနက်စာကို ငါဘဲချက်ကျွေးနေကြကို။''
"ဟုတ်ပါတယ်။ဒါပေမဲ့ များသောအားဖြင့် ထမင်းကြော်နဲ့ အကြော်တစ်ခုခုလောက်ဘဲလေ။ဒီလိုဟင်းမှမပါတာ။''
"အင်းပါ။အခု ချက်ကျွေးပြီ။ရပြီမလား။''
sarawatက ကျေနပ်စွာပြုံးရင်း သူ့ဟင်းတွေကို မြန်ရေရှက်ရေကို စားတော့သည်။
စားပွဲပေါ်ဖြာကျနေတဲ့နေရောင်နဲ့အတူ နှစ်ယောက်လုံး၏ အပြုံးတွေက လှပကြည်နူးဖွယ်ကောင်း၏။
နောက်ဆုံးတော့ ကျောင်းပိတ်ရက်လေးက ချစ်ရသူနဲ့ လှလှပပလေး အဆုံးသတ်သွားခဲ့သည်။
ESTÁS LEYENDO
မင်းကလွဲ၍(မင္းကလြဲ၍)
RomanceSarawat နဲ့ tineလေးကို သဘောကျလို့ရေးတဲ့ficပါ။ 2getherရဲ့factsတွေပေါ်အခြေခံပြီး drama typeလေးရေးထားတာပါ😸 Start Date - 7.10.2020 End. Date - 2.12.2020