Unicode
စာသင်နေသည့်တစ်မနက်လုံး tine စိတ်နဲ့လူနဲ့မကပ်။ဘောပင်သာကိုင်ပြီး note bookထဲမှာတော့ စာတစ်လုံးမှ မရှိပေ။
sarawatကို သူ့ရင်ထဲက စကားလေးတစ်ခွန်းပြောဖို့အတွက်က သူ့အတွက် စာမေးပွဲဖြေရတာထက်တောင် ခက်ခဲနေသည်။
ငူငူငိုင်ငိုင်နဲ့ခေါင်းထဲ စာတစ်လုံးမှမဝင်ဘဲ စာသင်ချိန်က အဆုံးသတ်သွားခဲ့သည်။
Fongတို့ ကင်တင်းသွားရန်ခေါ်တော့ tineခေါင်းသာခါ၍ ခုံပေါ်မှာ မှောက်အိပ်နေလိုက်သည်။
ကလင်းကနဲ messageဝင်သံကြောင့်ဖတ်လိုက်တော့ sarawatဆီကစာ။
"Tine..ကိုယ့်သူငယ်ချင်းနဲ့ခဏတွေ့နေလို့ နေ့လည်စာစားနှင့်နော်။
ညနေမှ ကိုယ်လာခဲ့မယ်။''
Tine မျက်မှောင်တစ်ချက်ကျုံ့သွားမိသည်။
များသောအားဖြင့် တစ်ကိုယ်တည်းနေတတ်သော sarawatထံမှ သူငယ်ချင်းနဲ့တွေ့မယ်ဆိုတာကြီးက ထူးဆန်းနေတာကြောင့်ပါ။
အင်းလေ သူ့မှာလည်း ဌာနက သူငယ်ချင်းတွေရှိမှာဘဲဟု ကိုယ့်စိတ်ကို ဖြေသိမ့်လိုက်ရင်း အတန်းကနေထွက်လာခဲ့သည်။
အောက်ထပ်နားရောက်သည့်အချိန်တွင်တော့
မမျှော်လင့်ထားသောတစ်စုံတစ်ယောက်ကို တွေ့လိုက်ရသောကြောင့် tineအနည်းငယ်အံအားသင့်သွားမိသည်။
Pearပါ။
သူ့ကို မြင်မြင်ချင်း ပြုံးပြကာ လက်ဝေ့ယှမ်းပြသည်။
"Tine မတွေ့တာတောင်ကြာပြီ။''
ထုံးစံအတိုင်း pearက ချစ်စရာကောင်းတဲ့အပြုံးနဲ့ သူ့ကိုနှုတ်ဆက်၏။
"အင်း... ဟုတ်တယ်။''
သူလည်း pearကို ပြန်ပြုံးပြနှုတ်ဆက်လိုက်သည်။ထူးတော့ထူးဆန်းပါသည်။pearကို စတွေ့တုန်းက တဒုန်းဒုန်းခုန်ခဲ့သောသူ့ရင်သည်
ယခုတွင်တော့ ငြိမ်သက်နေ၏။
စိတ်လှုပ်ရှားမှုတစ်စက်မှမရှိဘဲ ဒီတိုင်းပုံမှန်မိတ်ဆွေတစ်ယောက်ကို တွေ့နေရတဲ့အတိုင်းဘဲ။
"Tine cheerleadingတွေရော၊clubတွေနဲ့ရောဆိုတော့
နားချိန်ရောရှိလား။''
Pearနဲ့သူနဲ့ လမ်းလျှောက်ရင်း စကားပြောဖြစ်သွားသည်။
"ရှိတော့ရှိပါတယ်။clubနဲ့cheerက အချိန်ညှိထားတာလေ။''
"ေဩာျ။ pearမသိလို့။''
"ရပါတယ်။ဒါနဲ့ pearက ထူးထူးဆန်းဆန်းကိုယ့်တို့ဌာနကို လာလည်လို့ရော်''
"အင်း မလာတာကြာလို့၊ပြီးတော့''
Pear၏မျက်နှာလေးသည် အားတုံ့အားနာဖြစ်နေဟန်ပေါက်နေသည်။
"ဘာဖြစ်လို့လဲ''
Tine လမ်းလျှောက်နေတာရပ်ကာ မေးလိုက်မိ၏။
"ဟိုလေ တကယ်တော့pear tineကို အကူအညီတောင်းချင်တာလည်းပါတယ်။''
"ဟင် ပြောလေ ။ဘာကူညီပေးရမှာလဲ။''
"Pearရဲ့အစ်မတစ်ဝမ်းကွဲမွေးနေ့က နောက်နှစ်ရက်လောက်ဆိုရောက်ပြီ။သူက guitarအရမ်းကြိုက်တာ။အဲ့ဒါ pearသူ့အတွက် guitarလေးဝယ်ပြီး မွေးနေ့လက်ဆောင်ပေးမလို့။ခက်တာက ဘာအမျိုးအစားကောင်းလည်း မသိဘူး။
အဲ့ဒါtine ကူရွေးပေးလို့ရလားဟင်''
အသနားခံသောမျက်လုံးတွေနဲ့တောင်းဆိုနေသောpearကြောင့် tineငြင်းရခက်နေ၏။စင်စစ်guitarအမျိုးအစားတွေ သူလည်းအရမ်းကြီးတော့မသိ။သို့သော် ခုလိုတကူးတကကြီးလာပြီးအကူအညီတောင်းသည့်သူအတွက် ငြင်းလွှတ်လိုက်ရမှာလည်း အားနာနေမိသည်။
"ကိုယ်လည်း guitarအကြောင်းသိပ်တော့မသိဘူး။ရွေးပေးချင်ပေမဲ့ pearအစ်မအကြိုက်နဲ့မတိုးရင် အဆင်မပြေလောက်ဘူး။''
"အဲ pearရဲ့အစ်မက အဲ့လောက်ကြီးတော့ဇီဇာမကြောင်ဘူး။ဒီလိုလုပ်လေ tine တီးနေတဲ့ထဲက အဆင်ပြေတဲ့ဟာလေးလောက်ဆိုရတယ်။''
Pear ပေးတဲ့အကြံမဆိုးသည့်အတွက် tineလက်ခံလိုက်လေသည်။
"အင်းလေ အဲ့ဒါဆိုလည်း ကိုယ်ဆိုင်ထိလိုက်ရွေးပေးကြည့်မယ်။''
Pear မျက်နှာလက်ခနဲဖြစ်သွားပြီး tineကျေးဇူးတင်စကားတွေ အထပ်ထပ်ပြောတော့၏။
"တကယ်ကျေးဇူးတင်တယ် tine။အားလည်း နာပေမဲ့clubထဲမွာ ခင်တဲ့လူကျတော့လည်း tineဘဲရှိတာလေ။''
"ရတယ်။အားနာ မနေနဲ့။ဒါဆို ကိုယ်တို့ဆိုင်သွားကြတာပေါ့''
ထိုသို့နဲ့ နှစ်ယောက်သား ကျောင်းနဲ့သိပ်မဝေးသောguitarဆိုင်နားရောက်ဖြစ်သွားသည်။
Tine pearကို sarawatတီးသည့်guitarအမျိုးအစားသာရွေးပေးလိုက်သည်။
Pearလည်း ဆိုင်ရှင်နား နည်းနည်းပါးပါးတီးခေါက်ပြီးသည်နှင့် ထိုguitarကိုသာ ယူလိုက်သည်။
Guitarဖိုးချေပြီးတာနဲ့ နှစ်ယောက်သားဆိုင်ထဲက ထွက်လာတော့ အပြင်မှာ ကျစ်ကျစ်တောက်ကို ပူနေသည်။
"Tine ဘာစားချင်လဲ။pearဝယ်ကျွေးမယ်။guitarရွေးပေးတာ ကျေးဇူးပြန်ဆပ်ချင်လို့''
Pear က လက်ကလေးနဲ့နေရောင်ကာလိုက်ရင်းပြောတော့ tineအားနာနာနဲ့ခေါင်းသာခါပြလိုက်၏။
"ရတယ်။ကိုဒီတိုင်းရွေးပေးရုံဘဲကို။ပြီးတော့
ကို မအားဘူး။သူငယ်ချင်းတွေနဲ့ချိန်းထားလို့''
"အိုး pearမသိလို့။ဆောရီးပါနော်။
အဲ့ဒါဆို pearနောက်နေ့မှာဘဲ ဝယ်ကျွေးတော့မယ်''
"Ok အဲ့ဒါဆိုနောက်မှတွေ့မယ်''
Tine pearကို နှုတ်ဆက်ပြီးတာနဲ့guitarဆိုင်ရှေ့ကနေ ထွက်လာခဲ့သည်။pearလည်း taxiငှားပြီး ပြန်သွား၏။
တကယ်တော့ tineဘယ်သူနဲ့မှချိန်းမထား။
သူ ပကတိပြတ်ကြီးမငြင်းချင်တာမို့ ဆင်ခြေဆင်လက်တွေရှာလိုက်တာပါ။
ကျောင်းကိုလည်း ပြန်မသွားချင်တာကြောင့် အနီးတစ်ဝိုက်က ဆိုင်တွေကို ပတ်ကြည့်နေလိုက်သည်။
Mainလမ်းနားကို လျှောက်မိတော့ မီးပွှိုင့်မိနေတာမို့သူခဏရပ်နေလိုက်ရင်း ဟိုငေးဒီငေးလုပ်နေမိသည်။
တစ်ခဏ၌ သူမျက်လုံးတွေသည် မရည်ရွှဲဘဲ လမ်းရှေ့က coffeeဆိုင်နားအကြည့်ရောက်သွားမိသည်။
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် tineပါးစပ်အဟောင်းသားဖြစ်သွားပြီး ခန္တာကိုယ်တစ်ခုလုံးပါ တောင့်ခနဲဖြစ်သွား၏။
ဆံပင်ညိုဖျော့ရောင်လေးနဲ့ အကျီအဝါလေးဝတ်ထားသည့်အလွန်ပင်ချောပြီးစမတ်ကျသည့်မိန်းကလေး။
သူတို့ကျောင်းရဲ့star pamမှန်း tineချက်ချင်းသိလိုက်ပါသည်။ပြီးတော့ အဲ့ကောင်လေးက
ရုတ်တရက် tine မျက်လုံးအိမ်တွင် မျက်ရည်တွေဆို့လာသည်။ပြုံးရယ်ပြီး စကားတွေဖောင်ဖွဲ့နေသော sarawat၏ပုံရိပ်သည် သူ့ရင်ဘတ်ကို အောင့်ကနဲဖစ်စေသည်။
နှစ်ယောက်သား အားရပါးရစကားတွေပြောနေလိုက်ကြတာ။
ပါးပြင်ပေါ် ကျလာတဲ့မျက်ရည်စတွေကို အကျီလက်နဲ့သုတ်လိုက်ရင်း ထိုဆိုင်ရှေ့ကနေချာကနဲလှည့်ထွက်လာမိလေသည်။
ကျစ်ကျစ်တောက်ပူနေသောနေရောင်အောက်မှာ tineမည်မျှပင်လမ်းလျှောက်နေမိမှန်းမသိ။
Pamက သူ့သူငယ်ချင်းဘဲလေ ဘာမှမဖြစ်ဘူးဟု သူ့စိတ်ကို အနိုင်နိုင်ထိန်းချုပ်နေပေမဲ့ မျက်ရည်တွေက ပါးပြင်ပေါ်စီးကျနေဆဲ။
Tine ထိုမျက်ရည်တွေကို မကျေမနပ်နဲ့သုတ်လိုက်ရင်း taxiတားလိုက်၏။
Taxi ဆရာက ဘယ်လဲမေးသည့်အခါ သူfongတို့ အဆောင်လမ်းကိုသာ ရွတ်ပြလိုက်သည်။
ဒီနေ့တော့ သူsarawatကို တွေ့နိုင်ဖို့ အားတစ်စက်တောင်မကျန်တော့တာမို့နဲ့ သူငယ်ချင်းတွေနဲ့ ခဏနေရန် ဆုံးဖြတ်လိုက်ပါသည်။
Taxi ဆရာကေတာ့ နောက်ကြည့်မှန်မှာပေါ်နေသည့် မျက်ရည်ရွှဲလွဲဲဖြစ်နေသော ကောင်လေးကို တအံ့တဩကြီးဖြစ်နေတော့သည်။
![](https://img.wattpad.com/cover/224669679-288-k177218.jpg)
ESTÁS LEYENDO
မင်းကလွဲ၍(မင္းကလြဲ၍)
RomanceSarawat နဲ့ tineလေးကို သဘောကျလို့ရေးတဲ့ficပါ။ 2getherရဲ့factsတွေပေါ်အခြေခံပြီး drama typeလေးရေးထားတာပါ😸 Start Date - 7.10.2020 End. Date - 2.12.2020