Chapter - 11(Uni+Zaw)

1.8K 158 17
                                    

Unicode

"အဲ့ညမှာ specialညလေးဖြစ်လိမ့်မယ်လို့ငါပြောရဲတယ်။အဲ့ကြောင့် clubကနေတစ်ဖဝါးခွာမယ်လို့မစဉ်းစားကြနဲ့။ကဲ ပြန်လို့ရပြီ။''
P'dim၏စကားအဆုံးတွင်တော့ တစ်ယောက်သောသူကလွဲ၍လူတိုင်းအိမ်ပြန်ကြသည်။သို့သော်
သူ့အရှုပ်ထုပ်လေးကတော့ ကြမ်းပြင်ပေါ်မှာ မေးလေးထောက်ပြီးငူငိုင်ငိုင်နဲ့ထိုင်နေဆဲ။တစ်ခုခုဖြစ်နေပြီဟုစိတ်ထင့်ပြီး သူ့ဘေးမှာသွားထိုင်လိုက်မိသည်။
"မျက်နှာမကောင်းဘူး။ဘာဖြစ်နေတာလဲ။''
သူ့ကို မကြည့်ဘဲသက်ပြင်းချသံသဲ့သဲ့လေးထွက်လာသည်။
"Scrubb showပွဲရှိတယ်။ဒါပေမဲ့ ကျောင်းပွဲနဲ့တိုက်နေတော့ မသွားရ​တော့ဘူး။''
စူပုတ်ပုတ်မျက်နှာနဲ့ပြောနေသော tineသည် မုန့်ဖိုးပူဆာနေသည့်ကလေးငယ်လေးအတိုင်းပင်။sarawat မှာတော့ သနားရမဲ့အစား အသည်းတွေယားလာသည်။
"နောက်နှစ်မှ သွားပေါ့။''သူ ပေါ့ပေါ့ပါးပါးနဲ့ထိုကလေးဆိုးကို ဖြေသိမ့်ပေးမိသည်။
"အဲ့တာတော့ ဟုတ်ပါတယ်။ဒါပေမဲ့ငါလက်မှတ်ဝယ်ပြီးသွားပြီ။ပွဲမသွားရမှာထက် ပိုက်ဆံပိုနှမြောတယ်။''
Ticketဖိုးကြောင့် ငိုမဲ့မဲ့ဖြစ်နေသောမျက်နှာလေးကို ကြည့်ပြီးsarawatမှာ ရယ်ရခက်ခက်၊ငိုရခက်ခက်နဲ့။
"ပွဲက ဘယ်အချိန်လဲ။''
"ည 7နာရီစမှာ။''
"အင်း အချိန်မီပါတယ် အဲ့လောက်ဆို''
"ဘာ....''
"တကယ်သွားချင်တာလား။''
"ဘယ်လိုမေးလိုက်တာလဲ။ငါက မွေးကတည်းက သိတဲ့အဖွဲ့ဆိုလို့ sarubbဘဲရှိတယ်။အိမ်မှာဆို အဖေ၊အမေတို့နဲ့ပေါင်းပြီးကဲနေကြ။''
မျက်မှောင်တကုတ်ကုတ်နဲ့ပြောနေပုံက ချစ်စရာကောင်းလွန်းသောကြောင့် သူမနေနိုင်ဘဲဟက်ကနဲရယ်လိုက်မိပြန်သည်။
"ဘာရယ်တာလဲ။ငါ့ကို လှောင်တာလား။''
အသံက မာဆတ်ဆတ်နဲ့သူ့ကိုဂြိုလ်ကြည့်ကြည့်လာတာမို့လို့ သူမျက်နှာပိုးပြန်တည်လိုက်ရ၏။
"မဟုတ်ပါဘူး။မင်း အရမ်းချစ်ဖို့ကောင်းနေလို့''
ဖြူနုနေသောtine၏ ပါးပြင်လေးမှာ နီရောင်သန်းသွားသလို။ရုပ်တည်ကြီးနဲ့မျက်နှာကို ဆတ်ကနဲလွှဲသွားတာက ရှက်နေမှန်းသိသာလှသည်။sarawatအသည်းတွေယားလှပြီ။သူမြတ်မြတ်နိုးနိုးတမ်းတခဲ့ရသောဒီကောင်လေးက ဒီလောက်အရှက်ကြီးမှန်းလည်း မထင်ထားခဲ့။
"ငါတို့အဖွဲ့က 9pmလောက်မှစမှာ။ကြားထဲက အခြားactivitiesတွေရှိသေးတယ်။စီနီယာတွေစီစဉ်ထားတဲ့ပွဲပေါ့။မင်းသွားချင်ရင် လွယ်တော့မလွယ်လောက်ဘူး''
မျက်နှာလေးက ပိုငယ်သွားသည်။
"နှမြောလိုက်တာ။ပွဲလည်းမကြည့်ရ။မုန့်ဖိုးလည်းငတ်ပြီ။''
ပိုက်ဆံစိတ်နဲ့ပွစိပွစိရွတ်နေသော tineကိုကြည့်၍သူအူယားလာလွန်းသောကြောင့် ဖူးကြွနေသောနှုတ်ခမ်းလေးကို လက်နဲ့ပိတ်ထားလိုက်ရသည်။
"တော်ပြီ။မညည်းနဲ့တော့ ကိုယ်ပြောပေးကြည့်မယ်။''
မျက်လုံးလေးပြူးလာပြီးသူ့လက်ကို ဖယ်လိုက်သည်။
"တကယ်ပြောတာလား။မင်းပြောပေးရင် ရလောက်တယ်။''
မှိုင်တွေနေသောမျက်နှာလေးက တော်တော်အပြောင်းအလဲမြန်တာဘဲ။
"အင်း ရလောက်မှာပါ။ဒါပေမဲ့ တစ်ခုတော့ရှိတယ်။''
ဘာလဲဆိုတဲ့အကြည့်နဲ့သူ့ကိုငေးကြည့်နေသောထိုကောင်လေး၏မျက်ဝန်းထဲကို သူစူးစူးရှရှစိုက်ကြည့်ကာ တစ်ချက်ပြုံးလိုက်သည်။
"ငါနဲ့အတူသွားရမယ်။''
သူစကားအဆုံးတွင်တော့ tineမှာပါးစပ်အဟောင်းသားလေးဖြစ်သွားသည်။
"ဟင် မင်း ကျောင်းပွဲမှာတီးရအုံးမှာလေ။''
"အချိန်မီပါတယ်။ဘယ်လိုလဲ ငါနဲ့သွားမှာမလား။''
"မသွားဘူး။မင်း လေ့ကျင့်ရအုံးမှာကို။P'dimလည်းသဘောတူမှာမဟုတ်ဘူး။''
ကောင်စုတ်လေးရယ် စကားကို အရမ်းကွေ့ဝိုက်တာဘဲ။
"သူတို့အပိုင်းက သက်သက်။ကိုယ်မေးတာဖြေ။တကယ်လို့ ကိုယ်နဲ့မသွားချင်ဘူးဆိုလည်း မင်းလည်းသွားဖို့မျှော်မနေနဲ့တော့။''
သူတစ်ဖက်သတ်သတ်အကျပ်ကိုင်လိုက်တော့ ထပ်ငြင်းရန်ပြင်နေသော မျက်နှာလေးက တွန့်ဆုတ်သွား၏။စိတ်ရှုပ်သွားသည့်ပုံနှင့်မျက်မှောင်ကြီးကို ကုတ်ကာစဉ်းစားနေသည့်ကို ကြည့်၍သူရယ်ချင်လာသည်။
အင်းလေ မင်းကိုရဖို့ဆိုတော့လည်း srubbကို ခုတုံးလုပ်ရမှာဘဲ။
"သွားမလား။မသွားဘူးလား။''
စိတ်တုံးတုံးချလိုက်သည့်ဟန်နဲ့ သက်ပြင်းချသံထွက်လာသည်။
"အေး သွားမယ်။လက်မှတ်ဖိုးတော့ ကိုယ့်ကိုဝယ်။''
နောက်ဆုံးတော့လည်း ခေါင်းမာလွန်းတဲ့ကောင်စုတ်လေးက scrubbနဲ့ကျတော့မာန်လျှော့သွား၏။
"Ok။မင်းငါနဲ့သွားမယ်ပြောပြီးပြီနော်။
အခြားသူနဲ့သွားရဲသွားကြည့် အဲ့နေ့ကလို နမ်းခံရမယ်။''
"ဘယ်လိုဖြစ်နေလဲ။သွားမယ်ပြောပြီးပြီလေ။''
သူကို စိတ်မရှည်သလိုနဲ့ခပ်ဆတ်ဆတ်ပြောကာထထွက်သွားသောtineသည် နားရွက်ဖျားတွေနီရဲနေ၏။
အင်းလေ ဒီလိုရှက်ပြီးချစ်စရာကောင်းလောက်အောင်အပြစ်ကင်းပြီးဖြူစင်တာမို့သူနှလုံးသားတစ်ခုလုံးနေရာယူသွားနိုင်ခဲ့တာပေါ့။
အူတူတူလေးနဲ့တကယ့်ကလေးလေးမှကလေးလေး။
စိတ်ရှိလက်ရှိနဲ့ဆိုရင်ထိုဖောင်းအိနေသောမျက်နှာလေးကို မနားတမ်းထိုင်နမ်းပစ်ချင်လှပြီ။အပေါ်သွားလေးပေါ်ပြီးရယ်တတ်တာကိုလည်း တစ်ရက်တစ်ရက်မမြင်ရရင်ပင်သူ့မှာရူးမတတ်။
လူတစ်ယောက်ကို ခုလိုပိုင်ဆိုင်ချင်စိတ်ပျင်းပြနေတာမျိုးသူတစ်ခါမှမခံစားဖူးခဲ့။
ခုလည်း သူ့ကိုစိတ်တိုသလိုအချိုးချိုးပြီးပြန်သွားတာေတာင်မကြာေသး လွမ်းနေခဲ့ပြီ။
သက်ပျင်းသဲ့သဲ့လေးချပြီး guitarကို ကောက်ကိုင်လိုက်မိသည်။တိတ်ဆိတ်​နေသော ကလပ်အတွင်းတွင်သူ၏guitarတီးသံသည် တိုးညင်းစွာထွက်ပေါ်လာ၏။မျက်လုံးထဲတွင်တော့
scrubbသီချင်းတီးတိုင်းပြုံးပျော်နေတတ်သောလူတစ်ယောက်၏အပြုံးလေးကို မြင်ယောင်ရင်း နှလုံးသားထဲမှ စကားသံတစ်ခုကိုရွတ်ဆိုနေခဲ့မိသည်။
Tine.... မင်းသိလား။
မင်းကလွဲပြီး ငါ့ကိုရယ်အောင်လုပ်နိုင်တဲ့လူမရှိဘူးဆိုတာ။

မင်းကလွဲ၍(မင္းကလြဲ၍)Where stories live. Discover now