Unicode
ခက်ခဲလှသောစာသင်ချိန်ပြီးသည်နှင့် pam
တို့အုပ်စု တညံညံနဲ့အပြင်ဘက်ထွက်လာကြသည်။
ကျောင်း queenဖြစ်သော pamအတွက် အပေါင်းအသင်းကလည်း များလှ၏။
ခုလည်း ညကျရင် partyမှာ ကဲဖို့ အချိန်းအဆက်လုပ်နေတာနဲ့ဆူညံကြွက်နေသည်။
အောက်ထပ်ကို ဆင်းလာတော့ လှေကားရင်းမှာ ယောကျာ်းလေးတော်တော်များများရစ်သီရစ်သီလုပ်နေကြ၏။
ဘာကြောင့်လဲ မေးစရာမလို။pamကို လာချောင်းကြမှန်းအသိသာကြီး။
Pamအတွက်က ရိုးအီနေပြီမို့ အဲ့ကိစ္စက အဆန်းမဟုတ်တော့။
သူငယ်ချင်းတွေနဲ့ဘဲ ဟေးလားဝါးလားလုပ်ပြီးဖြတ်သွားလိုက်၏။သို့သော်
"Pam ခဏ။အရေးကြီးမေးစရာရှိလို့ဗျ။''
ကြည်လင်ပြတ်သားတဲ့အသံတစ်သံကြောင့် pamတို့အုပ်စုတွေငြိမ်ကျသွားသည်။
ပါးစပ်အဟောင်းသားနဲ့ ထိုအသံပိုင်ရှင်ကို လှည့်ကြည့်ကြသည်။
"ဟိုလေ တကယ်မေးစရာရှိလို့ပါ။''
ပြောပြောဆိုဆိုနဲ့pamရဲ့ရှေ့ကို ချာကနဲရောက်လာသည့်လူ။
Pam မျက်လုံးတွေပြူးသွား၏။
ဖွေးဉနေသော အသားအရေပိုင်ရှင်၊
ကလေးလိုမျက်နှာနဲ့ အရပ်က သူနဲ့မတိမ်းမယိမ်း။
ရုပ်ရည်လေးက ချောသည်ဆိုသည်ထက် ချစ်ဖို့ကောင်းသည်ဆိုပိုမှန်မည်။
ကြည်လင်လှသောမျက်လုံးတွေနဲ့ နှုတ်ခမ်းဖူးဖူးနဲ့ကောင်လေး။
ဘယ်သူမှန်း နှစ်ခါစဉ်းစားစရာမလို။
sarawatရဲ့အသည်းကျော် tine။
ထူးထူးဆန်းဆန်း ဘာလို့သူဆီလာတာပါလိမ့်ဟု pam အသည်းအသန်စဉ်းစားနေခိုက်
Tine၏အသနားခံသောမျက်လုံးတွေကြောင့်အဖြေပေါ်သွားသည်။
ထို့ကြောင့် သူငယ်ချင်းတွေဘက်လှည့်ရင်း
"အဲ ငါခဏ သူနဲ့ပြောစရာရှိတယ်။သွားနှင့်နော်။''
သူ့ကို အံ့အားသင့်ပြီး ကြောင့်ကြည့်နေသောသူငယ်ချင်းတွေကို ကျောခိုင်းကာ pam tineကို မျက်ရိပ်ပြလိုက်သည်။
အဲ့တာနဲ့ tineနဲ့သူနဲ့ ခပ်လှမ်းလှမ်းက ကော်ဖီဆိုင်မှာ ထိုင်ဖြစ်သွား၏။"ပြော majorထိတောင် ရောက်လာတာဆိုတော့ ဘာတွေများဖြစ်ထားကြတာလဲ။''
အံဩရိပ်တွေလွှမ်းသွားသောမျက်နှာလေးသည် sarawatပြောသလိုဘဲ အပြစ်ကင်းလွန်းလှကြောင်း pamရိပ်စားမိပါသည်။
သူ့မျက်နှာမှာ အကုန်လုံးပေါ်နေတာကိုး။
ဟန်ဆောင်မှုတွေ၊ဟိတ်ဟန်တွေမရှိတာ သိပ်သိသာလွန်းပါသည်။
"ဟို ကျွန်တော့်ကို သိနေတာလား''
မေးပုံက အူကြောင်ကြောင်ရုပ်လေးပေါက်နေတာမို့ pam တစ်ချက်ပြုံးလိုက်မိသည်။
"အင်း သိတာပေါ့။မင်းအကြောင်းကို တစ်ယောက်ယောက်ကမွတ်နေအောင်ကို ပြောပြထားတာ။''
ဘာလို့လဲတော့မသိ။
သူပြောပြီးပြီးချင်း ခေါင်းငုံ့သွားသည့်tine။
Pam မျက်မှောင်ကြုံ့မိသွားသည်။
"Tine ဘာဖြစ်တာလဲ။''
"ေဩာ် ဘာမှမဟုတ်ပါဘူး။ကျွန်တော့်အကြောင်းပြောပြတဲ့လူရှိတယ်ဆိုတော့ နည်းနည်းအံဩသွားလို့။''
ပျာပျာသလဲခေါင်းပြန်မော့လာပြီးအပြုံးတစ်ခုနဲ့ဖြေသော်လည်း ဝမ်းနည်းမှုတွေလွှမ်းနေတဲ့သူ့ မျက်ဝန်းတွေက pamကို ဝေခွဲရခက်စေတာတော့အမှန်။
တကယ်ပါဘဲ ဒီနှစ်ယောက်ဘာဖြစ်ထားကြတာပါလိမ့်။
"ဘယ်သူလဲဆိုတာမမေးတော့ဘူးလား။''
တမင်သက်သက်သွေးထိုးစမ်းပြီးမေးလိုက်တော့ tineရဲ့မျက်နှာလေးက အိုးတိုးအန်းတန်းဖြစ်သွားသည်။
"ဟို ကျွန်တော်နဲ့အရမ်းရင်းနှီးတဲ့လူမလား။''
အင်း pam စိတ်သိပ်မရှည်တော့။ဘယ်နှယ့် သိသိကြီးနဲ့ကွေ့ဝှိုက်ပြီးပြောနေလိုက်တာ။
"အေးပေါ့။ မင်းနဲ့အမြဲတမ်းတူတူရှိနေတဲ့လူဘဲ။ကဲပါ စကားတွေသွယ်ဝှိုက်ပြီးပြောမနေနဲ့။မင်းအကြောင်းမွတ်နေအောင်ပြောတဲ့လူဆိုကတည်းက sarawatဘဲဆိုတာ မင်းသိပြီးသား''
ပါးစပ်လေးဟသွားပြီး အံအားသင့်နေဟန်သူ့ကို ငေးကြည့်လာသောtineကြောင့် pamလည်းဘာဆက်ပြောရမှန်းမသိတော့။
ကြည့်ရတာ sarawatက ဒီကောင်လေးကို ဘာဆိုဘာမျှပြောပြထားဟန်မတူ။
sarawatလောက်ဒီကောင်လေးကိုမြတ်နိုးတာ sarawatဘဲရှိသည်။
သို့သော် ရည်းစားမထားဖူးတဲ့sarawatသည် အဆင့်ဘယ်လိုတက်အောင်လုပ်ရမလဲဆိုတာလဲ သိမည့်ပုံမပေါ်။
ခုအနေအထားအတိုင်းဆို သူတို့ဘာအဆင့်မှမတက်သေးတာ သိသာလှပါသည်။
Pam စိတ်ထဲကနေ sarawatကို ကျိန်ဆဲလိုက်ရင်း တစ်ဖက်ကလည်း တိတ်ဆိတ်သွားသော tineနဲ့သူရဲ့စကားဝိုင်းကို ပြန်အသက်သွင်းမိသည်။
"ထားပါ။ရုတ်တရက်ကြီး ဘာလို့ငါ့ဆီလာတာလဲ။''
အပြင်ဘက်ကို ငေးပြီးအတွေးလွန်နေတဲ့tineက ပြန်လှည့်ကြည့်လာသည်။
"sarawat ကျောင်းမလာတာ 3ရက်ရှိပြီ။
အဲ့တာ Pamများသိလားလို့လာမေးကြည့်တာ။''
"ဟင် ကျောင်းပျက်တာ 3ရက်ရှိပြီ။''
"ဟုတ်တယ်။တစ်ခုခုများဖြစ်နေလား စိတ်ပူလို့။သူကောင်းကောင်းရင်းနှီးတဲ့လူဆို pamဘဲရှိတာဆိုတော့ အကြောင်းရင်းpamများသိလားမသိဘူး။''
Pam ခေါင်းခါရုံသာတတ်နိုင်တော့သည်။
"Tine ဒီကမ္ဘာကြီးမှာ sarawat ကောင်းကောင်းရင်းနှီးတဲ့လူဆို နင်ဘဲရှိတာပါ။နင်တောင် မသိဘူးဆို ငါက ဘာလိုသိရမှာလဲ။ဒါနဲ့ မင်းတို့နှစ်ယောက်တူတူနေတယ်ဆို''
ဖြူဖွေးသော မျက်နှာက ရုတ်ချည်း သွေးနီရောင်လွှမ်းသွားတာမို့ tineသည် အရှက်ကြီးလှသည်ဟု pamစိတ်ထဲမှတ်ချက်ချလိုက်မိသည်။
"အဲဲ့လောက်ထိလည်း မဟုတ်ပါဘူး။သူ ပျင်းတဲ့အချိန် ကျွန်တော့်အခန်းလာလည်တာလောက်ပါဘဲ။ညညအိပ်မပျော်လို့ဆိုပြီး လာလာအိပ်တာလောက်ပါ။''
"အင်း ဟုတ်ပါပြီ။အဲ့တာဆို သူဘာလို့ကျောင်းမလာလဲဆိုပြီး မေးပုံအရ မင်းဆီသူမလာတာ ရက်ကြာပြီဆိုတဲ့သဘောပေါ့။''
သူပြုံးရင်းမေးလိုက်တော့ tineခေါင်းညိတ်ပြသည်။
"ထူးဆန်းလိုက်တာ။sarawatက မင်းဆီမလာဘဲနေနိုင်တဲ့လူစားမဟုတ်ပါဘူး။
မင်းတို့ရန်ဖြစ်ထားကြတာလား။''
သက်ပြင်းချသံသဲ့သဲ့ထွက်လာသည်။
"ရန်ဖြစ်တာတော့မဟုတ်ပါဘူး။ကျွန်တော်သူ့ကို အထင်လွဲသွားတာနဲ့ ကိစ္စတွေရှုပ်သွားတာ။''
"ဘာကို အထင်လွဲတာလဲ။''
Pam သိချင်စိတ်အားကြီးတာနဲ့ ဆက်တိုက်မေးနေမိတော့သည်။
အခြားလူသာဆို စိတ်မရှည်သလိုဖြစ်လာကြမှာ သေချာပေမဲ့ tineကတော့ အမူအယာတစ်ချက်တောင်မပျက်။
"ဟို pam စိတ်မဆိုးနဲ့နော်။ကျွန်တော် သူ့ကို pamနဲ့ပတ်သတ်ပြီးအထင်လွဲသွားတာ။''
လုံးလုံးမထင်ထားတာမို့ pamမျက်လုံးတွေပြူးကျယ်သွားသည်။
အားတုံ့အားနာဖြစ်နေတဲ့ မျက်နှာလေးကြောင့် pam စိတ်ဆိုးချင်မေဲ့ စိတ်ဆိုးရခက်ခက်ဖြစ်နေသည်။
"အမှန်တော့ အဲ့နေ့က သူငယ်ချင်းမလေးတစ်ယောက်က အကူအညီတောင်းတာနဲ့ ကျွန်တာ် လိုက်ကူညီပေးတာ။ဆိုင်မှာ pamနဲ့sarawatထိုင်ပြီး စကားတွေပြောပြီးရယ်နေကြတာတွေ့ရော ကျွန်တော် သူ့ကို စိတ်အရမ်းခုသွားတယ်။စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ကို အရွဲ့တိုက်ပြီး ဘာတွေလုပ်လိုက်မိမှန်း မသိဘူး။
အဲ့တာနဲ့ သူ့ကို ချစ်လားလို့မေးတဲ့အချိန် ကျွန်တော်လိမ်ဖြေလိုက်တယ်။
မချစ်ဘူးဆိုပြီး ရက်ရက်စက်စက်တွေပြောလိုက်မိတာ။''
သူမမေးဘဲနဲ့ အဖြေတွေတရစပ်ပြောသွားသည့်tineသည် မျက်နှာအမူအယာတွေကအစ
အသံတွေရော ဆို့နင့်ကြေကွဲနေသည့်အရိပ်အယောင်တွေပြည့်နေ၏။
ဒီလောက်ဆိုရင် ဒီကောင်လေးလည်း sarawatအပေါ် မည်မျှပင်တွယ်တာနေပြီဆိုတာ ရှင်းနေပါပြီ။
ခက်တာက သူတို့နှစ်ယောက်ရဲ့ပြသာနာအစက သူကြောင့်တဲ့လား။
အဲ့တာမှ တကယ့်ခေါင်းစားစရာ။
"Ok ။tine အထင်လွဲတဲ့ကိစ္စကို ပြောပြမယ်နော်။အဲ့နေ့က gift away တစ်ခုမှာ မဲပေါက်သွားလို့ သူ့ကို မုန့်ဝယ်ကျွေးတာပါ။
သူနဲ့pamက ငယ်ပေါင်းဆိုပေမဲ့ အရမ်းအတွင်းကျကျထိ မရင်းနှီးဘူး။အဲ့နေ့က စကားဖောင်ဖွဲ့ပြီးရယ်ဖြစ်သွားတာလည်း
Tineကြောင့်။သူ tineအကြောင်းတွေကို ပြောပြနေတာ။''
သူ့စကားအဆုံးတွင်တော့ tine၏မျက်ဝန်းတွေစိုစွတ်လာသည်။သူသာ ဒီမှာထိုင်မနေရင် ငိုချတော့မဲ့အတိုင်းပင်။
"ကျွန်တော် အရမ်းမှားသွားပြီ။pam ကျွန်တော့်ကို ကူညီပါလား။သူဘယ်မှာ ရှိနေမလဲဆိုတာ''
"ဖုန်းဆက်ကြည့်ပါလား။''
"ဖုန်းကို ကျွန်တော်တစ်ခါဆက်ကြည့်ပြီးပြီ။သူမကိုင်ဘူး။''
Pam ကျွတ်ကနဲစုတ်သပ်လိုက်မိသည်။
သူလည်း sarawatဘယ်မှာနေနေလဲဆိုတာရေရေရာရာမသိ။
တစ်ခုတော့ ရှိသည်။သူ့စိတ်ထင်ဆို sarawat အိမ်မှာဘဲသောင်တင်နေလိမ့်မယ်။
သူ့မိဘတွေကို ဘယ်လောက်ဘဲမုန်းနေပါစေ။
စိတ်ညစ်တိုင်း အိမ်ဘက်ဘဲလှည့်တတ်တဲ့sarawatအကျင့်ကို pamသိသည်။
အဲ့တာနဲ့ အိတ်ထဲက ဘောပင်တစ်ချောင်းနဲ့စာရွက်တစ်ရွက်ကို ထုတ်ရင်း ရင်းနှီးနေတဲ့နေရပ်လိပ်စာကို ရေးချပြီး tineဆီတိုးပေးလိုက်သည်။
"ငါလည်း သေချာမသိဘူးနော်။အဲ့မှာ ရှိမယ်လို့ထင်တာဘဲ။သွားကြည့်လိုက်ပေါ့။''
"ကျေးဇူးပါ pam။ကျွန်တော် အထင်လွဲသွားမိတဲ့အတွက်လည်း တောင်းပန်ပါတယ်။''
"ရပါတယ်။စိတ်ထဲ ရှင်းရှင်းသန့်သန့်ဘဲနေ။
ဘယ်သူ့ကိုမှ မယုံရင်တောင်မှ sarawatကိုတော့ မင်းယုံသင့်တယ်။သူ့နှလုံးသားက မင်းကလွဲပြီး ဘယ်သူ့ကိုမှ မြင်တာမဟုတ်ဘူး။''
သူ့စကားအဆုံးတွင်တော့ tineကပြုံး၍ခေါင်းညိတ်ပြသည်။
ထိုအခါမှ pamလည်း ရင်ထဲက အလုံးကြီးကျသွားသလိုစိတ်ပေါ့သွားသည်။
နောက် tine သူ့ကို နှုတ်ဆက်ပြီး ထပြန်သွားသည်။
ကော်ဖီနဲ့မုန့်အတွက်လည်း တားနေတဲ့ကြားထဲက လုရှင်းသွားသေး။
သို့သော် သူရော timeရော ကော်ဖီနားတောင်စိတ်မရောက်။
Pam စားပွဲပေါ်က အေးစက်နေတဲ့ကော်ဖီခွက်ကို ကြောင်ငေးနေမိသည်။
စင်စစ် tineမသိသေးတဲ့ sarawatနဲ့သူနဲ့ နှစ်ယောက်ဆိုင်တဲ့အဓိက အချက်ကြီးရှိနေတာပါ။
Pam သက်ပြင်းတစ်ချက်ချလိုက်ရင်း အိတ်ထဲက ဖုန်းကို နိုက်၍ phone numberတစ်ခုကို အလျင်အမြန်ကောက်နှိပ်မိလိုက်ပါတော့သည်။

KAMU SEDANG MEMBACA
မင်းကလွဲ၍(မင္းကလြဲ၍)
RomansaSarawat နဲ့ tineလေးကို သဘောကျလို့ရေးတဲ့ficပါ။ 2getherရဲ့factsတွေပေါ်အခြေခံပြီး drama typeလေးရေးထားတာပါ😸 Start Date - 7.10.2020 End. Date - 2.12.2020