Unicode
Sarawat တစ်ယောက်လက်ကို ပိုက်ရင်းငိုင်နေမိသည်။
Pamက သူနဲ့မျက်နှာချင်းဆိုင်ထိုင်ရင်း ဗျစ်တောက်ဗျစ်တောက်ရွတ်နေ၏။
ကော်ဖီဆိုင်က လူရှင်းနေတာမို့ pamရဲ့ အသံက ထင်ထင်ရှားရှားကြီးကို ကျယ်နေ၏။
"ကြည့်ကြပ်လုပ်ကြအုံးဟာ။
နင်လည်း အခြေအနေမဟန်တော့ဘူးဆိုတာရိပ်မိလောက်ပြီဘဲ။
ငါ့သဘောက နင်တို့နှစ်ယောက်ကို သိုသိုသိပ်သိပ်ဘဲ တွဲစေချင်တယ်။
မိဘတွေရဲ့ပရောဂကြောင့်နဲ့တော့ မပြတ်စေချင်ဘူး။''
Sarawat ကျွတ်ကနဲစုတ်သတ်လိုက်မိသည်။
"ဘယ်သူကရော ပြတ်မယ်ပြောနေလို့လဲ။''
ဟု ဘုဆတ်ဆတ်ပြန်ပြောမိ၏။
Pamက မျက်စောင်းတစ်ချက်ထိုးရင်း
"အေး မပြတ်ဘူးလုပ်မနေနဲ့ဟ။
နင့်မိဘတွေအကြောင်း နင်အသိဆုံး။
အခု ဘယ်လိုဘဲ ဖြစ်ဖြစ် တစ်နည်းမဟုတ်တစ်နည်းသူတို့ ဒီကိစ္စကို သိမှာဘဲ။
အဲ့တော့ ခွဲမှာကလည်း ပြောစရာကိုမလိုဘူး။
နင်ဘာလုပ်မှာတုန်း အဲ့ကျရင်''
Pamပြောတာ သွေးထွက်အောင်ကို မှန်လွန်းပါသည်။
Tine မဟုတ်ဘဲ အခြားမိန်းမတစ်ယောက်နဲ့တွဲရင်တောင် အဆင့်အတန်းစကားကို ထည့်ပြောတတ်သေးသည့်မိဘတွေသည်
Tineဆိုရင်တော့ ပိုဆိုးမှာအသေအချာ။
မိဘတွေလက်ခံလာအောင် ငြိကြည့်မယ်လို့တော့မပြောနဲ့။
အဲ့လိုနားလည်ပေးတတ်တဲ့ထဲမှာ sarawatရဲ့မိဘတွေ ပါမယ်မထင်။
သူတို့အတ္တကိုသာ ရှေ့တန်းတင်ကြတာကိုး။
တစ်နည်းသာရှိပါသည်။
"အဲ့ကျရင်လား
ငါပိုင်တဲ့အမွေတွေအကုန် သူတို့ကို ပြန်အပ်ရုံဘဲ။''
Pam မျက်လုံးတွေပြူးသွား၏။
မျက်မှောင်တွေကုတ်ရင်း
"ပြန်ပေးရုံနဲ့ သူတို့က ကျေနပ်မှာကျလို့။''ဟုပြန်ထေ့သည်။
"မကျေနပ်လည်း မတတ်နိုင်ဘူးလေ။
ငါ အစကတည်းက သူတို့စီးပွားရေးကို တစ်စိုးတစ်စိတောင် စိတ်ဝင်စားတာမဟုတ်ဘူး။
သူတို့ဘာသာ စာချုပ်တွေလုပ်ပြီး အမွေအပ်တာ။
ဘာစိတ်ကူးတွေပေါက်ကြမှန်းမသိ။
အခု အဲ့ပြသာနာကလည်း စလာပြီ
ဟူး...''
သူစိတ်မောစွာနဲ့ အေးစက်နေတဲ့ကော်ဖီခွက်ကို မော့ချလိုက်သည်။
Pam က သူပြောတာ သိပ်နားမလည်ဟန်နဲ့ မျက်မှောင်ကြီးကို ပြန်ကုတ်ပြီး
"ဘာပြသာနာလဲ''ဟု မေးသည်။
Sarawat ပခုံးတစ်ချက်တွန့်ပြပြီး
"ဘယ်သူရှိမှာလဲ။
သူ့သားပေါ့.....
မကျေနပ်ရင် အဖေ့ဆီသွားညှိတာမဟုတ်ဘူး။ငါ့အားနည်းချက်ကို သိသိရက်နဲ့လာကလိနေတယ်ဟာ။''
ပြောရင်းနဲ့တောင်ဒေါသကအလိမ့်လိုက်ထွက်လာ၏။
Pamကတော့ မထင်ထားသည့်ဟန်နဲ့ မျက်လုံးအဝိုင်းသားဖြစ်သွားသည်။
"ဟင်.... Tineကိုလား။''
"အင်းပေါ့။''
"ရူးချင်တယ်ဟယ်။Tine ရော ဘာမှကို မသိသေးဘူးလား။''
"Danနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေတော့ သူသိပြီ။ငါသတိပေးထားတာ
ခု စေ့စပ်ပွဲကတော့ လုံးဝကို မသိသေးဘူး။''
"မသာ.... အေ မပြောနဲ့။ ကလေးက နဂိုက တည်းက နင်နဲ့ပတ်သတ်ရင် စိတ်ပျော့တဲ့ကြားထဲ။
သူ့ကို အရူးလုပ်သွားတယ်လို့ထင်သွားရင် ဘယ်လိုလုပ်မလဲ။''
Pamက ဒေါသတကြီးနဲ့စိတ်ပေါက်ပေါက်ပြောတော့
sarawatဘာမျှပြန်မပြောမိ။
Tineရဲ့ပုံရိပ်ကို မျက်လုံးထဲ မြင်ယောင်ရင်း စိတ်ထဲတွင် ဗျာများနေမိသည်။
"မထင်လောက်ပါဘူး။သူငါ့ကို ယုံပါတယ်။''
"ပြီးတာဘဲဟယ်။ကိုယ့်အသက် ကိုယ်နိုင်အောင်ထိန်း။
နောက်ကျမှ ငါ့နား မျက်ရည်လည်ရွှဲနဲ့လာကြည့်။စောင့်ကန်ပစ်မယ်မှတ်။''
Pamမျက်စောင်းကြီးခဲပြီး ခြိမ်းခြောက်တော့ sarawat ပြုံးစိစိသာလုပ်နေလိုက်၏။
" နင့်ကို အပူမကပ်ပါဘူး။
နင်ဒီလောက် ကူညီထားပေးတာဘဲ ကျေးဇူးတင်လှပြီ။''
"အေး တော်သေးတယ်နော် ကျေးဇူးတင်စကားပြောသေးလို့။
ဪ ဒါနဲ့ အရေးကြီးတဲ့အချက်ကို ပြောဖို့မေ့တော့မလို့။
မနက်ဖြန်ည ရှစ်နာရီလောက်။
လက်စွပ်တွေ ရောင်းတဲ့ဆိုင်သွားရအောင်။
"
"လက်စွပ် ဘာလုပ်မို့လဲ''
Pamတစ်ယောက် ဘာကိုဆိုလိုမှန်း သူနားမလည်မိ။
"ဘာလုပ်မို့လဲ ဆိုတော့ ဝတ်ဖို့ပေါ့ဟယ်။
အမေက မေးနေလို့။အဲ့တော့ ငါတို့ဟန်ဆောင်ပန်ဆောင် လက်စွပ်တော့ဝတ်ရလိမ့်မယ်။
Coupleဖြစ်စရာမလိုဘူး။လက်စွပ်ဆို ရပြီ။''
"ဝတ်တာက ရပါရဲ့။Tineကရော''
Pamက ဘေးက အိတ်ကိုကောက်လွယ်ကာ
"ကိုယ့်ကိုယ်ကြည့်ပြောဟေ့။
တစ်ခါတည်းပြောလိုက်တော့လည်း ပြီးသွားတာပေါ့''
ဟု စိတ်မရှည်သည့်ဟန်နဲ့ ထအော်တော့၏။
မိpamမ ရယ် အဲ့လောက်ထိလွယ်လားဟ။
"ထားပါတော့။အဲ့တာ ငါ့ကိစ္စ။
အဲ့ဆို ဆိုင်နာမည်ပို့ထားလိုက်။ငါလာခဲ့မယ်။''
"အေး ရပြီ။လောလောဆယ်တော့ အဲ့ထိဘဲ လုပ်ထားကြတာပေါ့။
ကျန်သာ အသာထားလိုက်အုံး။
ငါပြန်တော့မယ်...လုပ်စရာတွေရှိသေးတယ်။''
"အေး ''
Pamသူ့ကို နှုတ်ဆက်ပြီး ဆိုင်ထဲကနေထွက်သွားသည်။
အတန်ကြာတဲ့အထိ sarawatမှာတော့ မတုန်မလှုပ်ဘဲနဲ့ထိုင်နေဆဲပင်။
အဲ့လက်စွပ်ကို ဝတ်ထားပြီးရင် သူTineကို ဘယ်လိုအစချီပြီး ပြောပြရမှာပါလိမ့်။
ရင်လေးတယ် Tineရယ်....
![](https://img.wattpad.com/cover/224669679-288-k177218.jpg)
VOUS LISEZ
မင်းကလွဲ၍(မင္းကလြဲ၍)
Roman d'amourSarawat နဲ့ tineလေးကို သဘောကျလို့ရေးတဲ့ficပါ။ 2getherရဲ့factsတွေပေါ်အခြေခံပြီး drama typeလေးရေးထားတာပါ😸 Start Date - 7.10.2020 End. Date - 2.12.2020