Chapter- 41(Uni+Zaw)

1.4K 123 21
                                    

Unicode

Sarawat တို့အမေပြန်သွားတဲ့အချိန်ထိ tineအစ်မpinဆိုင်တွင်ဆက်ထိုင်ဖြစ်ခဲ့သည်။
အတွေးတွေလွန်နေလို့လားတော့မသိ။
ခါတိုင်းဆို မpinလာချပေးတဲ့ဟင်းတိုင်း သူ့ပါးစပ်ပေါက်က မလွတ်။
အကုန်စားသည်သာ။
ခုကျတော့ စားချင်စိတ်မရှိဘဲ အပြင်ဘက်ကိုသာ ငေးနေမိသည်။
"ဒေါ်လေး ပြန်သွားတာတောင် ကြာပြီ။
မောင်လေးက ငိုင်တုန်း..''
အစ်မpinက ငိုင်ငိုင်တိုင်တိုင်ဖြစ်နေတဲ့သူ့ကို ပြုံးပြကာ စောစောက watတို့အမေ ထိုင်သွားတဲ့နေရာမှာ ဝင်ထိုင်သည်။
" ဒီနေ့ အစ်မလက်ရာ မကောင်းလို့လား။အဒေါ်ရော မင်းရော မစားကြဘူး။''
"အာ..မဟုတ်ပါဘူး။အစ်မ
ဒီတိုင်း စားချင်စိတ်မရှိလို့ပါ။''
သူပျာပျာသလဲငြင်းတော့ အစ်မpinက သ​​ဘောကျဟန် ရယ်သည်။
"စတာပါ မောင်လေးရဲ့။
ဒီလို အခြေအနေမျိုး မင်းရောဒေါ်လေးရော ဘယ်လိုလုပ်စားချင်စိတ်ရှိမှာလဲ
ဒါထက် နှစ်ယောက်သား ရည်းစားဖြစ်ကတည်းက ပေါ်ကို မလာတော့တာနော်''
အစ်မpinက စိတ်ဆိုးသလိုရုပ်တည်ကြီးနဲ့ ပြောတော့ tine ခေါင်းလေးကုတ်ပြီး ရှက်ရယ်ရယ်မိသည်။
" ဟို...ဒီတိုင်း..မအားလို့ပါ.. ''
" အံမယ်...ဘာတွေများမအား။
အေးပေါ့လေ...ချစ်ကြည်နူးတစ်တီတူးကြတာနဲ့တင် အချိန်ရှိမှာ မဟုတ်ဘူး။''
လူက ဘာပြန်ပြောရမှန်းမသိ။
မျက်နှာတွေပူပြီး ဆိုင်ထဲက ထပြေးချင်စိတ်တောင်ပေါက်လာသည်။
သို့သော် အစ်မpinက ချစ်စနိုးနဲ့စနေမှန်း သူမရဲ့ပြုံးစိစိမျက်နှာက ဖော်ပြနေ၏။
" ဒီကို လာဖို့ sarawatကို ဘယ်လို ပြောခဲ့တာလဲ''
"အင်း..ကျွန်တော်မအားဘူးလို့ဘဲ ပြောခဲ့တာ ။''
Tine၏အဖြေကို အစ်မpinက ခေါင်းတဆတ်ဆတ်ညိတ်ရင်း ထိုင်ရာက ထလာသည်။
" ကိုင်း..ထိုင်ဉီး.. ရောက်တုန်းရောက်ခိုက် အစ်မနဲ့ စကားလေးဘာလေးပြောကြတာပေါ့။
ဒါထက် ဒါတွေတကယ်မစားတော့ဘူးလား။
ဒီတိုင်းစားပွဲပေါ် ရှုပ်နေတာ သိမ်း​တော့မလားလို့''
"ဟုတ်။ ကျွန်တော်မစားတော့ဘူး။
သိမ်းကူပေးမယ်.''
Tine ပြောရင်းနဲ့ ထကူတော့ အစ်မpinက တားသည်။
" အေးဆေးနေပါ အမောင်tineရဲ့။အစ်မဘဲ လုပ်မယ်။ထိုင်နေ''
Tineကို ပြောနေရင်းတန်းလန်းနဲ့တောင် အစ်မpinလက်က ဟင်းပန်းကန် သုံးလေးခွက်လောက်သိမ်းပြီးသားဖြစ်နေခဲ့ပြီ။
သာမန်ထက် ပိုကြီးတဲ့ငွေဗန်းလေးထဲ ဟင်းခွက်တွေ တင်ရင်း အစ်မpin ထွက်သွားသည်။
ပြီးတော့ မကြာပါ။
ရေခဲမုန့်လေးတစ်ခွက်ကိုင်ပြီး ပြန်ထွက်လာ၏။
" ရော​့ ရေခဲမုန့်''
" ကျေးဇူး ခင်ဗျ''
သီးစုံ ရေခဲမုန့်လေးက အသီးစလေးတွေနဲ့ စားချင်စဖွယ်။
Tine ဇွန်းလေးနဲ့ တို့စိတို့စိစားနေခိုက် အစ်မpinက စကားတစ်ခွန်းပြောလာသည်။
" tine မလန့်သွားဘူးလား။
sarawat အမေက တွေ့ခွင့်တောင်းနေတယ်လို့ အစ်မပြောတဲ့အချိန်ကလေ''
"အာ.. လန့်တာပေါ့ အစ်မရဲ့
ကျွန်တော် ဒီအပေါက်ဝရောက်တုန်းက ဖြတ်ကနဲ တွေးလိုက်မိသေးတယ်။
ဟို ရုပ်ရှင်တွေ၊စာအုပ်တွေထဲကလိုများ
ငွေနဲ့ ပေါက်မလား မဟုတ်လည်း ရေနဲ့ပက်မလားဆိုပြီး''
Tine အမှန်အတိုင်းဘဲ ပွင့်ပွင့်လင်းလင်းဖြေတော့ အစ်မpinက တဟားဟားနဲ့ကို အရယ်မပျက်တော့။
တကယ် သူအဲ့လို ထင်ခဲ့တာပါ။
အိမ်က ညီမဖြစ်သူနဲ့ တစ်ခါတစ်လေ ဇာတ်လမ်းတွဲတွေဘာတွေ ကြည့်ဖြစ်ရင် မိဘ​တွေ သူတို့သားသမီး​နဲ့ အဆင့်အတန်းမတူဘူးဆိုတိုင်း အဲ့လိုဇာတ်ကွက်တွေ ထုတ်နေကြလေ။
အဲ့လို ချိန်မျိုးဆို မောင်နှမ နှစ်ယောက်ပေါင်းပြီး ထိုင်ဖဲ့နေကြ။
" တကယ်လည်း တွေ့ရော ဆန့်ကျင်ဘက်တွေဖြစ်ရောပေါ့ ဟုတ်လား''
အစ်မpinက ပြုံးပြီး ပြောလိုက်တဲ့တစ်ခဏ Tine၏မျက်ခုံးတစ်စုံတွန့်သွားကာ အံ့ဩမိသွားသည်။
" အစ်မ ဘယ်လိုသိ.. ''ဟုလည်း ပါးစပ်က ထွက်သွား၏။
အစ်မ pinက ဖွဖွရယ်လာကာ
" စပ်စုတာလို့လဲ မဟုတ်ပါဘူး။ အစ်မ အချိုတည်းဖို့ အသီးတွေသွားချပေးမလို့ အသွား.
မောင်လေးတို့စကားကောင်းနေတာလေ။တော်တော်များများ ကြားလိုက်ရတယ်''
" ဪ..''
Tine ထိုအခါမှ အံဩပြေသွားကာ
စောစောက အစ်မpinရဲ့မေးခွန်းနား အာရုံပြန်ရောက်သွားသည်။
" ဟုတ်တယ်။တကယ့် ဆန့်ကျင်ဘက်
ကျွန်တော်နဲ့ watက normalအတွဲတွေမဟုတ်တာတောင်မှ အဒေါ် အတွက်က ဘာမှထွေထွေထူးထူးမဖြစ်ဘဲ ရိုးရိုးရှင်းရှင်းဘဲ ဆက်ဆံတာ။
တအားကို အံ့ဩသွားတာ ။
​ပြီး​တော့ Watနဲ့ပတ်သတ်တဲ့ အကြောင်းတွေပြောပြီး ငိုရော
ကျွန်တော့်ကို ကျေးဇူးတင်ပါတယ်တဲ့။ ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လောက်လှပမှန်း သားကို သင်ပေးခဲ့လို့ပါတဲ့။
တစ်မျိုးကြီးဘဲ အစ်မရယ်။
အမှန်အတိုင်းပြောရင် ပထမတော့ ကျွန်တော်စိတ်ဆိုးနေခဲ့သေးတယ်။
သူများ မိသားစုအကြောင်း မဝင်စွက်ချင်ပေမဲ့ ကျွန်တော်အရမ်းချစ်တဲ့သူရဲ့ မိသားစုဖြစ်နေတာကိုး။
တကယ်လို့ အဒေါ်သာ အဲ့အချိန်တားလိုက်ရင်များ ကျွန်တော်စိတ်ပေါက်ပေါက်နဲ့ ဘာတွေပြောမိမှာမှန်းမသေချာဘူး''
အစ်မpinက tineပြောသမျှကို ငြိမ်သက်စွာနားထောင်နေသည်။
သူရဲ့ ရေခဲမုန့်ခွက်ထဲက ရေခဲမုန့်တွေတော့ အရည်တွေပျော်စပြုနေပြီ။
နောက် အစ်မpinထံမှ သက်ပြင်းချသံလေးထွက်လာသည်။
ပြီးတော့
" sarawatတို့အမေက ဩစတေးလျမှာ အနေများတယ် မောင်လေး။
ပြီးတော့ စီးပွား​ရေးကိစ္စတွေနဲ့ အနောက်နိုင်ငံ တော်တော်များများလည်း သူရောက်ဖူးတယ်။
အစ်မ သိသလောက်ပေါ့နော်။
အဲ့တော့ သူ့မှာ lgbtဆိုတဲ့အမြင်ကလည်း သိပ်စိမ်းနေမှာမဟုတ်ဘူး။
မြင်နေကြ တွေ့​နေကြ ဆိုတော့ သူ့အတွက်က အဆန်းတကြယ်ဖြစ်မနေတော့ဘူးလေ။
အမှန် အစ်မအထင်ဆို tineတို့ တွဲနေတာလည်း သူသိတာကြာလောက်ပြီနေမှာ။
မနေ့က မောင်လေးတို့ကိစ္စက တစ်နိုင်လုံးနီးပါး ဂယက်ရိုက်သွားတော့ အဒေါ်လည်း shock​တော့ ဖြစ်သွားလောက်တယ်။
ဒါပေမဲ့ စောစောက မောင်လေးမလာခင် အစ်မနဲ့ စကားနည်းနည်းပါးပါးပြောဖြစ်သေးတယ်။
မင်းအကြောင်းမေးတာ..
သူပြောတာ မင်းက ဘယ်လိုအဆင့်အတန်းထဲကဆိုတာထက် ဘယ်လိုလူစားလဲတဲ့''
Tine ၏မျက်လုံးတွေဝိုင်းကနဲဖြစ်သွားသည်။
အစ်မpinက ပြုံးရင်း ဆက်ပြော၏။
"အစ်မလည်း ရိုးရိုးဘဲ ပြောလိုက်တယ်။
လူရော စိတ်ထားရော ပြောစရာမလိုအောင် ချစ်စရာကောင်းတဲ့ကလေး
ထက်ထက်မြက်မြက်လေးလို့..
အဲ့တော့ သူဘာပြန်​ပြောလဲသိလား။''
Tine သိချင်ဇောနဲ့ ခေါင်းကို ခပ်သွက်သွက်ခါမိသည်။
" သားရဲ့ရွေးချယ်မှု မှန်မမှန်ဆိုတာ မနေ့ကတည်းက အဖြေပေါ်ပါပြီတဲ့။
သားကို ချစ်လားဆိုတဲ့မေးခွန်းကို သူမေးစရာတောင်မလိုတော့ပါဘူးတဲ့။
တစ်ခုဘဲ....
သားကရော သူ့ကို အမေတစ်ယောက်အနေနဲ့ ချစ်ရဲ့လားတဲ့
မင်းကို ကိုယ်တိုင်တွေ့ပြီး မေးချင်တယ်ပြောတယ်''
Tine ရင်ထဲနင့်ကနဲ ဖြစ်သွားသည်။
လတ်စသတ်တော့ အဒေါ်က သူ့ကို အကူအညီတောင်းဖို့ တွေ့ချင်တယ်လို့ ပြောတာကိုး..
သို့ပေမဲ့ မမေးရဲဟန်တူသည်။
မေးခွန်းအစား အဖြေပြောင်းသွားသည်။

မင်းကလွဲ၍(မင္းကလြဲ၍)Where stories live. Discover now