Unicode"အဲတော့မင်းကဘာဆက်လုပ်မှာလဲ''
Fongမေးတာကို မဖြေဘဲtineတစ်ယောက်ငေးငိုင်နေသည်။ကျောင်းပိတ်ရက်ဖြစ်သောကြောင့် သူအခန်းထဲreportရေးနေစဉ်fongရောက်ချလာသည်။ဟိုပြောဒီပြောရင်းsarawatအကြောင်းစကားစပ်မိသွားသည်။အထက်တန်းကတည်းက ရင်ဖွင့်နေကြဖြစ်သောငယ်ပေါင်းပီပီ fongကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်၏။
"ငါ့အထင် မင်းတွေဝေနေတယ်ထင်တယ်။''
"မသိဘူး။ငါ စိတ်ရှုပ်နေတာတော့ အမှန်ဘဲ။''
Fongက ရယ်၍သူ့ပခုံးကို တစ်ချက်ထုသည်။
"ဘာစိတ်ရှုပ်စရာရှိလဲ။မင်းနှလုံးသားဆန္ဒအတိုင်းလိုက်လေ။အရူးရဲ့''
"ဟုတ်ပါတယ်။ဒါပေမဲ့ ငါ့နှလုံးသားက ဘာကိုလိုချင်နေလဲဆိုတာမသိဘူး။''
"မင်းက တကယ့်စောက်ရူး။''
Fongက က စိတ်မရှည်စွာ သူ့ခေါင်းကိုတစ်ချက်ထုလိုက်သည်။မသာဟုဆဲကာ fongပေါင်ကို ပြန်ကန်ထည့်၏။
"ဟ မင်းမိန်းကလေးတွေကို ချစ်ခဲ့သလိုခံစားချက်လေ။အဲ့ဒါတောင် မသိဘူးလား။''
"မတူဘူးလေ။အဲ့ဒါက မိန်းကလေး။ဒါက ယောကျာ်းလေး။''
"ချီးဘဲ မင်းက ကိုယ့်ကိုယ်ကို အဲ့စည်းကြီးတားပြီးနှိပ်စက်နေတာ။sarawatကရောမင်းကိုယောကျာ်းလေးမို့လို့ဆိုပြီးရွေးချစ်တာကျလို့။မင်းမို့လို့ကို ချစ်နေတာဟ။အဲ့ခံစားချက်က ယောကျာ်းမို့လို့၊မိန်းမမို့လို့ဆိုပြီးမဆိုင်ဘူး။''
"နေပါဉီး မင်းက sarawatဘက်ကလား'
သူ မျက်မှောင်ကြီးကုတ်ကာမေးတော့ fongကရယ်သည်။
"ငတုံးရယ် ငါက ယှဉ်ပြနေတာလေ။သူမင်းကိုချစ်မချစ် မင်းဘဲသိမှာပေါ့။ငါမြင်တာတော့ သူမင်းကိုအရမ်းအလေးအနက်ထားတယ်ဟ။မင်းဘယ်သွားသွားလိုက်ပြီးမင်းကိုစောင့်ကြည့်နေတာ တစ်ပတ်လောက်တောင်ရှိပြီ။''
Tine သက်ပြင်းသဲ့သဲ့ချလိုက်မိသည်။ဟုတ်ပ
မင်းဆီက ခွင့်ပြုချက်ရပြီနော်ဆိုကတည်းက
တကယ်ပင် သူ့ကိုဂရုတွေစိုက်ကာ လိုက်နေခဲ့သည်။။clubမှာဆိုလည်း လေ့ကျင့်ချိန်တွေအပျက်ခံပြီး သူ့ကိုစိတ်ရှည်လက်ရှည်နဲ့သင်ပေးတတ်သည့် sarawat။ညကြီးမိုးချုပ်ပင်ပန်းစွာtrainနေရေသာcheerleadingမှာလည်း ခြင်တွေအကိုက်ခံပြီး သူ့ကိုရပ်ကြည့်နေတတ်သောsarawat။ကင်တင်းရောက်ပြီဆိုတာနဲ့သူ့လက်ထဲကို နေ့လည်စာအဆင့်သင့်ထိုးထည့်ပေးတတ်သော sarawat။တစ်ခါတစ်ခါသူ့သောက်နေသောbubble teaကိုသူ့လက်ထဲကနေ ဖြတ်ယူသောက်သွားတတ်သေး။အဆောင်ကိုလည်း ပြန်ပို့မယ်တကဲကဲနဲ့ ဆိုင်ကယ်ေသာ့ကိုအတင်းလုကာ ပြန်ပို့ပေးတတ်သည့် sarawat။
အခြားလူရှေ့မှာဆို ဖုတ်လေတဲ့ငပိမရှိသလိုနေပြီးသူရှေ့ရောက်ရင်တော့ ပုံစံပြောင်းသွားတတ်သည့်sarawatကို tineပါးစပ်အဟောင်းသားဖြစ်မိတာတော့အမှန်။
"ငါ့လို လူကိုဘာကြည့်ပြီးကြိုက်ရတာလဲမသိဘူး။''စဉ်းစားနေရင်းနဲ့ပါးစပ်က လွှတ်ကနဲထွက်သွားသည်။
"အမှန်ဘဲ ငါလည်းအဲ့ဒါသိချင်နေတာ။မင်းထက် အဆတရာသာတဲ့ယောကျာ်းလေးတွေ၊မိန်းကလေးတွေရှိရဲ့သားနား မင်းလိုငပိန်းလေးကို ဘာလို့ကြိုက်''
Fongစကားကို ဆုံးအောင်မပြောနိုင်။tine၏ကန်ချက်ကြောင့် ကုတင်အောက်ရောက်သွားရှာသည်။
"မဟုတ်လို့လား။မင်း သူ့အသက်ကယ်လိုက်ကတည်းက လုံးဝအခြားလူလို
ဖြစ်သွားတာလေ။ဧကန် ဆရာဝန်တွေဆေးမှားထည့်လိုက်တာဘဲနေမှာ။''
"ခွေးကောင် ပြန်တော့ဟ။''
Tine စိတ်တိုတိုနဲ့ခေါင်းအုံးနဲ့ပါကောက်ပေါက်လိုက်သည်။
"အေးပါ ပြန်တော့မယ်။reportမပြီးသေးဘူး။ဒါနဲ့ မပြန်ခင်အရေးကြီးတဲ့မေးခွန်းမေးဉီးမယ်။မင်းသူ့ကို နည်းနည်းလေးမှ ရင်မခုန်ဘူးလား။''
Tineချက်ချင်းပင် ပါးပြင်တွေပူနွေးလာပြီးနားရွက်ဖျားတွေလည်းနီရဲတက်သွားသည်။
"ရော ပြန်မလား။မပြန်ဘူးလား။ငါဆွဲထုတ်ရမှာထင်တယ်။''
"ဟား ဟား။ohmတို့ကို ခေါ်ပြလိုက်ချင်တယ်။မင်းမျက်နှာ ခရမ်းချဉ်သီးကျနေတာဘဲ။''
"ခွေးစုတ်''
Tine ရှက်ရှက်နဲ့Fongကို အပြင်ဘက်ဆွဲထုတ်ပစ်လိုက်ရသည်။
အဲ့ဒါလေးမေးတာတင် သူဘာလို့ရှက်နေမိတာလဲတော့မသိ။ဒါတောင် မေးတဲ့သူက ကာယကံချင်မဟုတ်။sarawatကိုယ်တိုင်သာ သူ့ကိုတည့်တည့်ကြည့်ပြီး မေးလိုက်ရင်တော့
ရှက်လို့အရင်သေလိမ့်မယ်။
နေပါဉီး ငါရည်းစားတွေထားခဲ့ဖူးပါတယ်။
ဘာလို့sarawatနဲ့ကျမှ ရင်တွေအရမ်းတုန်နေရပါလိမ့်။
Tine အရူးလိုအော်ဟစ်ကာ အိပ်ရာပေါ်မှာ လူးလိမ့်နေတော့သည်။
![](https://img.wattpad.com/cover/224669679-288-k177218.jpg)
YOU ARE READING
မင်းကလွဲ၍(မင္းကလြဲ၍)
RomanceSarawat နဲ့ tineလေးကို သဘောကျလို့ရေးတဲ့ficပါ။ 2getherရဲ့factsတွေပေါ်အခြေခံပြီး drama typeလေးရေးထားတာပါ😸 Start Date - 7.10.2020 End. Date - 2.12.2020