Unicode
sarawatသည် စတီယာတိုင်ကို လက်တစ်ဖက်ကကိုင်ရင်း ကျန်တစ်ဖက်က tineရဲ့လက်လေးကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိသည်။
Tineရဲ့ပုံစံလေးမှာ အမူအယာတစ်ချက်မှမပျက်ဘဲ တည်ငြိမ်နေတယ်လို့ ထင်ရပေမဲ့ sarawatသိပါသည်။
ဒီကလေး ဘယ်လောက်တောက်လန့်နေသလဲဆိုတာ သူဆုပ်ကိုင်ထားတဲ့လက်ဖဝါးလေးက သက်သေခံနေသည်။
ချွေးစေးတွေပြန်ပြီး အေးစက်နေလိုက်တာ...
ဖျတ်ကနဲလှည့်ကြည့်လာတဲ့မျက်ဝန်းတွေနဲ့တိုးတော့ သူအားပေးဟန်နဲ့ တစ်ချက်ပြုံးပြလိုက်သည်။
Sin Hotelဆိုတာ ဒီမြို့မှာ စျေးအကြီးဆုံးနဲ့အလှဆုံး hotelပါ။
15 မိနစ်လောက်မောင်းပြီးတဲ့အချိန်မှာတော့ hotelရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီ။
Hotel အပေါက်ဝမှာ သတင်းထောက်တွေ ပလူပျံနေပုံအရ သူtineကို ခေါ်ဖို့ လစ်ကနဲထွက်လာတာကြောင့် သူပျောက်နေလို့ ရုတ်ရုတ်သဲသဲဖြစ်နေမှန်းသိသာပါ၏။
လက်ပတ်နာရီကို ကြည့်လိုက်တော့ 8ခွဲခါနီးပြီ။
ပွဲက 8နာရီစမှာဆိုတော့ ဖိတ်ထားတဲ့လူတွေလည်း စုံလောက်ပြီ။
sarawat tineဘက်ကို လှည့်ကြည့်လိုက်စဉ်
တိုက်ဆိုင်စွာပင် သူ့ကို ပြန်ကြည့်လာတဲ့မျက်ဝန်းတစ်စုံနဲ့တိုးမိ၏။
နှစ်ယောက်သား တစ်ခဏသာတော့ အကြည့်ချင်းဆုံမိသည်။
sarawat ပြုံးလိုက်၏။
Tine ရဲ့မျက်ဝန်းတွေမှာ အဖြေတွေအကုန်ပေါ်ပြီးသားလေ။
ထိုမျက်ဝန်းတွေက လုပ်စရာရှိတာဆက်လုပ် ဟု ဖော်ညွှန်းနေသယောင်။
sarawat ဆုပ်ထားတဲ့လက်လေးကို လွှတ်လိုက်ရင်း ကားတံခါးကို ဖွင့်ကာ ကော်ဇောနီပေါ် ခြေချလိုက်သည်။
ချက်ချင်းဆိုသလို ကားအနီးသို့ သတင်းထောက်တွေ ရုတ်ကနဲရောက်လာကြ၏။
"ရောက်လာပြီ...''
" GGK ဉက္ဌကြီးရဲ့သား...''
"...ကားထဲက ဘယ်သူတုန်းမသိဘူး..''
သူ့ကို တဖျတ်ဖျတ်ရိုက်နေတဲ့ ကင်မရာတွေကို လစ်လျူရှုကာ sarawat tineရှိတဲ့ဘက်ကို သွားပြီး ကားတံခါးကို ဆွဲဖွင့်လိုက်၏။
နဖူးပေါ်တွင် ချွေးစလေးတွေသီးနေတဲ့ tineကို သူအားပေးပြုံးပြလိုက်ရင်း လက်လေးကို ဆွဲကာ ကားပေါ်က ဆင်းစေ၏။
" ဟင်....ယောကျာ်းလေးကြီး...''
"ဝိုး...ကောလဟာလတွေက တကယ်ကြီးလား...''
" စေ့စပ်ပွဲက မိန်းကလေးကရော
..ဘာတွေလဲ...''
" အဲ့ဆို...တကယ်ကို gayနေတာပေါ့...''
" မ..ထင်ရဘူး...''
"သတင်းထူးဘဲဟေ့...''
ကင်မရာအလင်းတွေနဲ့အတူ အသံပေါင်းစုံနဲ့ သတင်းထောက်တွေကြားမှာ ဂယက်ရိုက်သွား၏။
sarawat အေးဆေးတည်ငြိမ်စွာပင် tine၏ လက်ကို ဆွဲ၍ hotelတွင်းသို့ ဝင်လိုက်သည်။
စေ့စပ်ပွဲနေရာမှာ hotel ရဲ့အောက်ဆုံးထပ်hallခန်းမမှာဖြစ်သည်။
ဒီတစ်ညနေစာ hotelကို ငှားထားတဲ့အတွက်
ခန်းမမှာ ဖိတ်ထားတဲ့လူတွေကလွဲ ပြီး ပြင်ပလူတွေဝင်ခွင့်မရှိ။
အဖြူရောင်မီးဆိုင်းတွေနဲ့ လင်းထိန်နေတဲ့ hallခန်းမကြီးကို အနီရောင်ကော်ဇောတွေနဲ့ ခင်းကျင်းထားတဲ့အပြင် ဧည့်သည်တော်တွေအတွက် ကျောက်ဖြူရောင်စားပွဲဝိုင်းလေးတွေပေါ်မှာ စားကောင်းပေ့ ဆိုတဲ့ အစားအသောက်များကိုပါ ခင်းကျင်းထားသည်။
လာတဲ့လူတွေအားလုံးမှာ အထက်တန်းကျစွာပင် ဝတ်ဆင်ထားကြပြီး စားပွဲဝိုင်းလေးနဲ့ သူ့နေရာနဲ့တူ ခင်းကျင်းထားတဲ့နားမှာ ထိုင်နေကြသည်။
ရုတ်တရက်ဆိုသော် စကားသံတွေနဲ့အနည်းငယ် ကျယ်လောင်နေတဲ့ ခန်းမကြီးသည် အပ်ကျသံပင်ကြားရမတတ်တိတ်ဆိတ်သွားသည်။
အကုန်လုံးရဲ့အကြည့်တွေက ခန်းမထဲဝင်လာတဲ့ သူတို့နှစ်ယောက်ဆီရောက်သွားကြ၏။
အချို့ဆို မျက်လုံးကြီးတွေပြူးကျယ်ပြီး အံ့ဩလွန်းဟန်နှင့် ပါးစပ်ကို အုပ်ထားကြသည်။
sarawat ထိုလူတစ်ရာနီးပါးလောက်ရှိတဲ့ ကြား အဖေ့ကို ဝေ့ဝှိုက်ရှာလိုက်၏။
မကြာပါဘူး။
စင်နဲ့ အနီးဆုံးနေရာမှာ pamတို့မိသားစုနှင့်အတူ အဖေနဲ့အတူအမေပါ ထိုင်နေသည်။
အမေ့ပုံစံက အံ့ဩတကြီးဖြစ်နေပြီး အဖေကတော့ သူ့ကို အံကြိတ်ကာ ကြည့်နေ၏။
Pam က လွဲ ပြီး pamတို့မိဘတွေကျတော့ ထိတ်လန့်တကြားဖြစ်နေကြသည်။
sarawat မဲ့ပြုံးတစ်ချက်သာပြုံးလိုက်ရင်း
Tine ကို stateပေါ်သို့ ခေါ်တက်လာခဲ့တော့သည်။
Tine ရဲ့လက်ဖဝါးတွေက ချွေးစေးတွေထွက်နေဆဲပင်။
ခဏလေးဘဲ ခဏလောက်ပါ သည်းခံပေးပါ tine...
သူ မိန့်ခွန့်ပြောရန် ထားထားပေးတဲ့ မိုက်ကို ယူလိုက်သည်။
ပြီးတော့ '' ဟုတ်ကဲ့။
စေ့စပ်ပွဲမှာ ရှိမနေလို့ ခွှင့်လွှတ်ပါ။
ကျွန်တော့် ချစ်သူကောင်လေးကို သွားခေါ်နေလို့...''
သူ tineဘက်လှည့်၍ အပြုံးလေးတစ်ခုနဲ့ပြောလိုက်တဲ့အချိန်
အောက်ဘက်ကနေ ဝိုးကနဲ အာမေဋိတ်သံတွေနဲ့အညီ သဖန်ပိုးထိုးသံတွေလည်း ပြန်ထွက်လာသည်။
သူ အဖေ့ကို ကြည့်လိုက်သည်။
လည်ပင်းကြောတွေပါ ထောင်နေတဲ့ပုံအရ အဖေမည်မျှ ဒေါသထွက်မှန်း သူရိပ်စားမိပါ၏။
" အဲ့လောက်ဆို သဘောပေါက်မယ်ထင်ပါတယ်ဗျ။
ကျွန်တော့်မှာ ချစ်သူရှိနေပြီဖြစ်တဲ့အတွက် ခင်ဗျားတို့စီစဉ်တဲ့စေ့စပ်ပွဲမဖြစ်မြောက်ဘူးလို့ဘဲ ပြောပါရစေ။''
sarawat၏စကားသံအဆုံးတွင် pam၏အဖေ ထိုင်ရာကနေထလာလေသည်။
နောက် sarawat ကို မဟုတ်ဘဲ chiyanဘက်လှည့်၍
" မိတ်ဆွေ အနေနဲ့ ခင်ဗျားကို သတိပေးလိုက်မယ် chiyan။
ငွေမျက်နှာမက်ပြီး သားသမီးတွေကို သူများလက်ထဲ မထိုးကျွေးပါနဲ့လို့။
ကောလဟာလတွေကြားတုန်းက မယုံခဲ့ဘဲ ခင်ဗျားစကားကို ယုံမိတာ တော်တော်မိုက်မဲတာဘဲ။
ခု ခင်ဗျားသားပြောသွားတာ ရှင်းပါပြီ။
ကျုပ်သမီးကို မချစ်တဲ့လူတစ်ယောက်လက်ထဲတော့ မထည့်နိုင်ဘူး။
စေ့စပ်ပွဲကို ဖျက်ကြတာပေါ့။
ကျွန်တော်တို့ ကုမ္ပဏီနဲ့ပတ်သတ်တဲ့ သဘောတူညီချက်တွေလည်း ပြန်ညှိကြမယ်။''
Pamအဖေ့စကားတွေက အေးစက်ပြတ်သားနေသည်။
sarawat pamကို တစ်ချက်အကဲခတ်လိုက်တော့ pamက ပါးစပ်အဟောင်းသားနဲ့သူ့အဖေကို ငေးနေ၏။
sarawatအဖေ chiyanကလည်း ထိုင်ရာကနေထလာကာ စင်ပေါ်ကို တက်လာသည်။
sarawatကို အကြည့်စူးစူးတွေနဲ့ကြည့်ပြီး သူ့လက်ထဲက မိုက်ကို ဆွဲယူလိုက်သည်။
" ကောင်းပါပြီ။
ဒီ စေ့စပ်ပွဲကို ဖျက်သိမ်းပါတယ်။
တက်ရောက်ပေးတဲ့ လူကြီးမင်းတို့ကို အလုပ်ရှုပ်စေတဲ့အတွက် တောင်းပန်ပါတယ်။
ခင်ဗျားတို့ရဲ့အဖိုးတန်အချိန်တွေကို မဆုံးရှုံးစေချင်ရင် ဒီhotelထဲကနေ ထွက်ခွာနိုင်ပါပြီ။
ခင်ဗျားတို့ ဆန္ဒရှိတဲ့အတိုင်းပါ''
အဖေ့စကားအဆုံးတွင်တော့ လူတိုင်းနီးပါး စိတ်ပျက်ညည်းညူသံတွေနဲ့ ထလာကြကာ အပြင်သို့ထွက်သွားကြကုန်၏။
ထွက်သွားတဲ့လူတွေထဲမှာ pamတို့မိဘတွေလည်း အပါအဝင်။
ထူးဆန်းစွာပင် pamက နေခဲ့လေသည်။
Pamက သူ့မိဘတွေကို တစ်ခုခုလှမ်းပြောပြီးတဲ့နောက် မလှမ်းမကမ်းမှာ ရပ်ကျန်ခဲ့သည်။
တဖြည်းဖြည်းနဲ့ hallခန်းမကြီးမှာ လူနည်းနည်းလာပြီး နောက်ဆုံးတွင် ငါးယောက်သာကျန်ရစ်ခဲ့သည်။
" လတ်စသတ်တော့ မင်းက လုပ်ချင်ရာလုပ်ဖို့ ငါ့ကို အကွက်ချထားပေါ့ ဟုတ်လား''
အဖေ့အသံက hallခန်းထဲတွင် ဟိန်းကနဲ။
" သားကို စကားပြောတာ အဲ့လောက်ထိ ကျယ်စရာမလိုဘူး chiyan''
အေးဆေးတည်ငြိမ်သောအမေ့အသံထွက်လာသည်။
sarawat ဒီနေ့ အအံ့ဩဆုံးမှာအမေပါ။
အဖေ့လိုဘဲ အမေတားမှာ သူထင်ခဲ့သည်။
သို့သော် ထူးဆန်းစွာပင် အမေ့ဟန်ပန်က
တည်ငြိမ်လွန်းနေ၏။
sarawat စင်ပေါ်မှာ ရပ်ကြည့်လာတဲ့တစ်လျှောက်လုံး အမေ့အမူအယာမှာ အံ့အားသင့်ေနရုံကလွဲ ပြီး ကန့်ကွက်သည့်အရိပ်အယောင်မရှိ။
" ပါးစပ်ကို ပိတ်ထားစမ်း Fern။
ဒါတွေအားလုံး မင်းကြောင့်ဖြစ်ရတာ။''
" တကယ်ရယ်ရတယ်နော်။
အစကတည်းက ကျွန်မမတားခဲ့ဘူးလား
ဟင်...သားဆန္ဒကို ဉီးစားပေးပါလို့ ပြောခဲ့ပြီးသားလေ...
ဘာလို့ ကျွန်မအမှားဖြစ်ရမှာလဲ။''
" မင်းသာ ငါ့ကို ဆွဲမထားခဲ့ရင်...
မြန်မြန်သာလက်လွှတ်ပေးခဲ့ရင် ငါဒီလောက်ထိ လောဘတက်စရာအကြောင်းမရှိဘူး။
ငါ့ကို ပိုပိုပြီးအတ္တဆန်စေခဲ့တာ မင်းဘဲ''
တစ်ယောက်တစ်ပေါက် အော်ဟစ်ရန်ဖြစ်နေတဲ့မိဘနှစ်ပါးရှေ့မှာ sarawat အသက်ကို ပြင်းပြင်းရှူနေရ၏။
ဒီလိုမြင်ကွင်းမျိုးကို မိမိချစ်ရသူကို မမြင်စေချင်ပါ။
ထို့ကြောင့် သူ tineရဲ့လက်ကို လွှတ်ပေးကာ ခါးလေးကို ခပ်ဖွဖွတွန်းလွှတ်လိုက်သည်။
Tineက စိုးရိမ်တကြီးမျက်ဝန်းတွေနဲ့သူ့ကို ကြည့်လာ၏။
ထိုစဉ် pamက သူတို့နားရောက်လာသည်။
sarawat ထိုအခါမှ pamဘာကြောင့်နေရစ်ခဲ့လဲ အကြောင်းရင်းကို သဘောပေါက်တော့သည်။
စိတ်ထဲကနေလည်း ကြိတ်ချီးကျူးမိ၏။
Pamက သူ့ကို ခေါင်းသဲ့သဲ့ညိတ်ပြလိုက်ရင်း
Tineရဲ့လက်မောင်းကို ဆွဲကာ ထိုနေရာကနေခေါ်ထုတ်သွားတော့သည်။
မိမိရှေ့က မိဘနှစ်ပါးကတော့ tineတို့ထွက်သွားတာကို သတိတောင်ထားမိတဲ့ပုံမပေါ်။
"တန်လား။
ပြောစမ်းပါအုံး...
ကျွန်မဘက်ကနေ..
ကျွန်မကို ချစ်ဖို့မတောင်းဆိုပါဘူး။
အနည်းဆုံး အိမ်ထောင်ဉီးစီးပီသဖို့ဘဲ လိုချင်ခဲ့တာ။
ရှင်က တိရစ္ဆာန် အချိုးချိုးသွားတာလေ''
" ဟုတ်တယ်။ငါချိုးတယ်
ဒါပေမဲ့ ငါ့အမှားငါဝန်ခံပြီး မင်းကို ကွာရှင်းခွင့်တောင်းခဲ့တာလေ။
မင်းဘာလုပ်ခဲ့လဲ။
ငါ့ကို သားနဲ့ ခုတုံးလုပ်ပြီး အမွေတွေကို တောင်းတာ။
မင်းရဲ့အဆင့်ကလည်း ဆောင်ကြာမြိုင်မိန်းမသာသာလောက်ဘဲ။''
" ခွမ်း........''
ဝိုင်ပုလင်းတစ်ပုလင်းသည် ကော်ဇောနီပေါ်တွင် ပစ်ပေါက်ခြင်းခံလိုက်ရသည်။
အစိတ်စိတ်အမွှာမွှာကွဲသွားသည့် ဖန်စတွေနဲ့အတူ ဝိုင်စီးကြောင်းကလည်း တဖြည်းဖြည်းချင်း ရန်ဖြစ်နေသူတို့ရဲ့ ဖိနပ်တွေအောက် စီးကျလာ၏။
ထိုအခါမှ ရန်ဖြစ်သံတွေသည် ရုတ်ချည်းတိတ်ဆိတ်သွားကာ အသံလာရာဘက်ကို ထိတ်လန့်တကြားလှည့်ကြည့်လာကြသည်။
sarawatသည် ကုလားထိုင်တစ်ခုပေါ်
အလွန်အမင်းနွမ်းနယ်နေသူတို့ရဲ့ထိုင်ပုံအတိုင်း ခြေပစ်လက်ပစ်ထိုင်နေသည်။
လက်ကလည်း နက်ခ်တိုင်ကို စိတ်အကြီးအကျယ်ပျက်နေသည့်ဟန်ဆွဲ ဖြုတ်နေ၏။
"တစ်ခါတစ်လေ...ကျွန်တော်စဉ်းစားမိတယ် သိလား။
ဘာလို့ ခင်ဗျားတို့ထံမှာ လူလာဖြစ်ရတာလဲလို့။
ကြိုဆိုမဲ့သူမရှိဘဲ ဝင်လာရတာ တကယ် စိတ်ပျက်စရာကောင်းတယ်။''
sarawatရဲ့စကားအဆုံးတွင် မိဘနှစ်ပါးလုံးရဲ့မျက်နှာတွေကြက်သေသေသွားကြသည်။
wat က ဝိုင်ခွက်ကို ငေးစိုက်နေရင်း ဆက်ပြောနေ၏။
" ကျွန်တော်ရှေ့မှာ ဒီလိုဘဲ ရန်ဖြစ်လာကြတာ
နှစ်နဲ့ချီနေပြီ။
အမေတို့မမောနိုင်ဘူးလားတော့မသိပေမဲ့ ကျွန်တော်တော့ တကယ်မောတယ်ရယ်။
တစ်ခါတစ်လေ မဖိတ်ဘဲရောက်လာတဲ့ကျွန်တော့်ကို အာရုံများစိုက်မိမလားလို့ ဆုတောင်းခဲ့တာ နှစ်သာကြာနေပြီ
ဖြစ်မလာခဲ့ဘူး။
ကျွန်တော်ဆုရခဲ့တဲ့အချိန်၊ အခြားလူနဲ့ရန်သတ်လို့ ရုံးခန်းရောက်ခဲ့ရတဲ့အချိန်၊ ဆိုးတဲ့အချ်န်...
ဘယ်အချိန်ဖြစ်ဖြစ် အမေတို့ ကျွန်တော့်ဘေးမှာမရှိခဲ့ဖူးဘူး။''
တိတ်ဆိတ်နေတဲ့ hallခန်းထဲတွင် အမျိုးသမီးတစ်ယောက်ရဲ့ရှိုက်သံသဲ့သဲ့ထွက်လာသည်။
'' ဒါပေမဲ့ မွေးလာပေးတဲ့အတွက်၊အနည်းဆုံး ကျွန်တော့်ကို ထမင်းတစ်လုတ်ကျွေးခဲ့တဲ့အတွက် ၊ သုံးနိုင်စွဲနိုင်အောင် ပိုက်ဆံတွေပေးခဲ့တဲ့အတွက် ကျွန်တော်ကျေးဇူးတင်ပါတယ်။
လိုချင်နေတဲ့အရာမရပေမဲ့လည်း ဒါလောက်ဆို ကျေနပ်ပါပြီလေ။
အခု အဖေနဲ့အမေ မပေးနိုင်တဲ့အရာကို ကျွန်တော်ရပြီ။
သူက ကျွန်တော့်အတွက် အရာရာအားလုံးဘဲ။
အမေတို့မပေးနိုင်တဲ့အရာကို သူပေးတဲ့အတွက် အခွင်အရေးက သူ့ဆီမှာချည်းဘဲ။
အဲ့ကြောင့် ကျွန်တော့်ကို တားပိုင်ခွင့်မရှိဘူး။
ကျွန်တော် ဒီစကားတွေပြောတာ နောက်ဆုံးပါ။
အမေတို့ဆီကနေ ဘာမှလည်း ထပ်မလိုချင်ဘူး။
တစ်ခုပါဘဲ ။ သူနဲ့ပတ်သတ်ပြီး မတားပါနဲ့။
ဘာလို့ဆို ကျွန်တော် အဖေ့လိုလူမဖြစ်ချင်ဘူး''
sarawat ထိုစကားတစ်ခွန်းကို ရေရွတ်လိုက်တဲ့ တစ်ခဏ သူ့ရင်ဘတ်ကြီး အောင့်တက်လာသလ်ုဘဲ။
ဟုတ်တယ်...အဖေ့လိုလူမဖြစ်ချင်ဘူး။
နောက်ဆုံးတွင် ကြမ်းပြင်ပေါ်ဒူးထောက်ထိုင်ပြီး ရင်ဘတ်ကို ဖိလျက်ငိုကြွေးနေတဲ့မိန်းမသား တစ်ဉီးရှိသလို အိမ်မက်ယောင်နေသူပမာ ငူငူငိုင်ငိုင်ကြီး ရပ်နေသည့်လူလည်း ရှိနေလေသည်။
KAMU SEDANG MEMBACA
မင်းကလွဲ၍(မင္းကလြဲ၍)
RomansaSarawat နဲ့ tineလေးကို သဘောကျလို့ရေးတဲ့ficပါ။ 2getherရဲ့factsတွေပေါ်အခြေခံပြီး drama typeလေးရေးထားတာပါ😸 Start Date - 7.10.2020 End. Date - 2.12.2020