Chapter - 32(Uni+Zaw)

1.4K 132 30
                                    

Unicode

"နောက်ကျလိုက်တာဟာ။ချိန်းထားတာက 7:30၊လာတာက 8:00''
မီးဆိုင်းလေးတွေနဲ့လှပချစ်စရာကောင်းတဲ့ဆိုင်ကြောင့် sarawatပါးစပ်အဟောင်းသားနှင့်ငေးနေခိုက် pamက ဘေးကနေ စိတ်အချဉ်ပေါက်နေသည်။
"အေး ဆောရီးဟ။
P'dimမရှိတုန်း လစ်ထွက်လာရတာမို့''
ပေါက်ပေါက်ဖောက်နေတဲ့ အသံတွေကို နားပူလာတာမို့ ဖြေရှင်းချက်ထုတ်လိုက်မှ pam၏မျက်နှာထားက အဆင်ပြေတော့၏။
သူတို့ဆိုင်ခန်းထဲဝင်လာတော့ ဧည့်ကြိုမိန်းကလေးက ယှဉ်ကျေးစွာနှုတ်ဆက်သည်။
ဆိုင်အတွင်းဘက်ကို အဖြူရောင်ဆေးသုတ်ထားတဲ့အပြင် မီး​ဖြူရောင်လဲ့လဲ့လေးကြောင့်လည်း တစ်ဆိုင်လုံးက မျက်စိအေးစွာလင်းထိန်နေတော့၏။
"ဘယ်လိုအမျိုးအစားမျိုးလိုချင်ပါသလဲရှင်''
Office wearအန​က်နဲ့ဆိုင်ဝန်ထမ်းမိန်းကလေးက မေးသော်လည်း sarawat၏အာရုံမှာ
မှန်ဘောင်ထဲကနေ လှလှပပခင်းကျင်းထားတဲ့ လက်စွပ်တွေနားသာရောက်နေသည်။
"အာ ဒီလိုလေ စျေးလည်း သိပ်မကြီးတဲ့အရည်အတွေးကောင်းတဲ့ ringsလေးတွေကြည့်ချင်လို့ပါ''
"ဟို couple ringsလားရှင့်''
မိန်းကလေးက သူတို့နှစ်ယောက်ကို အတွဲဟု ထင်နေပုံရသည်။
sarawat pamကိုသာ မျက်ရိပ်ပြလိုက်သည်။
"အာ.. မဟုတ်ပါဘူး။ဒီတိုင်းရိုးရိုးဘဲ လိုချင်လို့ပါ''
"ဪ...ဟုတ်ကဲ့ အဲ့ဆို ဒီဘက်ကြည့်ပါရှင်။''
Pamကတော့ သူ့အကြောင်းသိပြီးသားမို့ ဘာမျှကို လက်ကုတ်မခေါ်ဘဲ သူ့သူ ဝန်ထမ်းကောင်မလေးနဲ့သာမေးလိုက်ဖြေလိုက်လုပ်နေသည်။
Pamတို့ပြောနေတာတွေ ဘာဆိုဘာမျှ သူအာရုံမရမိ။
အကြောင်းမူ White ringsတွေကြားထဲကနေ ထူးထူးခြားခြားကြေးနီရောင်ဖျော့ဖျော့လေးသန်းနေတဲ့လက်စွပ်ကို စိတ်​ရောက်​နေမိတာကြောင့်ပါ။
"Wat ဒါဆိုရပြီမလား။''
"ဟမ်....''
Pamရဲ့ခေါ်သံကြားတော့မှ သူယောင်ရှာရှာလှည့်ကြည့်မိသည်။
"ဒီမှာလေ... ငါက ဒါယူမယ်။နင်က အဲ့ဒါလေးယူလိုက် သိပ်မကွာဘူးဟ''
Coupleကျတော့ မဝယ်ဘဲနဲ့အရောင်အဆင်း
ဆင်တာရွေးနေတဲ့ သူတို့နှစ်ယောက်ကို ရောင်းမဲ့သူက အရူးလို့ထင်နေမလားတော့မပြောတတ်။
"အေး အဆင်ပြေတယ်။အဲ့လောက်ဆိုရပြီ။''
"ပြီးတာဘဲ။အဲ့ဆို ဒါဘဲယူကြတာပေါ့။''
Pam ခေါင်းညိတ်ပြလိုက်တာနဲ့ မိန်းကလေးက ပြုံးကာ ထိုလက်စွပ်နှစ်ကွင်းကို ထုတ်ပေးလာသည်။
"ရော့ တစ်ခါတည်းဝတ်ထားလိုက်''
Pamရဲ့အံကြိတ်သံကြီးကြောင့် sarawatမဝတ်ချင်ဝတ်ချင်နဲ့ဘဲ ထိုလက်စွက်ကို လက်သူကြွယ်နားဝတ်လိုက်သည်။
"ခဏ ဒါလေးကြည့်လို့ရလား။''
ငွေရှင်းနေတုန်း sarawatထံမှထွက်လာတဲ့စကားကြောင့် pamက မျက်လုံးပြူးပြီးကြည့်လာတော့၏။
"ဘယ်ဟာကိုလဲရှင်။''
"ဒါလေး''
မိန်းကလေးက သူထိုးပြသည့်ဟာကို မှန်ဘောင်ထဲကနေထုတ်ပေးနေတုန်း pamက ဘေးကနေတိုးတိုးလေးကပ်မေးလာသည်။
"Tine အတွက်လား။''
သူဘာမှပြန်မဖြေမိ။
သူဖြေစရာမလိုမှန်းလည်း အကင်းပါးတဲ့သူငယ်ချင်းမက သဘောပေါက်ပြီးသားနေမှာပါ။
"ဒါလေးကထူးဆန်းတယ်နော်။ white ringsတွေကြားထဲမှာ သူတစ်ခုတည်း ကြေးနီရောင်ပါတယ်။''
sarawat လက်စွပ်ဘူးကို ကိုင်ကြည့်ရင်းဝေဖန်တော့ မိန်းကလေးထံမှ ရယ်သံတိုးတိုးလေးထွက်လာသည်။
"ထူးခြားတာပေါ့ရှင်။သူက ဒီတိုင်း သာမန်အတွဲတွေအတွက်မဟုတ်ဘူးရှင့်။
Lgbt တွေအတွက်ရည်ရွယ်ပြီး ထုတ်ထားတဲ့brandမို့ပါ။''
"ဟင် lgbt အတွက်''
Pamထံမှ ရေရွတ်သံထွက်လာသလိုsarawatလည်း ပါးစပ်အဟောင်းသားဖြစ်မိသွားသည်။
"ဟုတ်တယ်ရှင့်။နယူးယောက်ကနေ
လာတဲ့brandပါ။အရင်တစ်နှစ်ကတည်းက ရောက်ပေမဲ့ ဘယ်သူမှ မမေးကြဘူး။
အစ်မတို့က ပထမဆုံးဘဲ။''
"ကျွန်တော် သဘောကျတယ်။အဲ့ဒါလေး ယူမယ်။''
Sarawat စကားအဆုံးတွင် မိန်းမပျိုလေးသည် သူ့ကို မျက်လုံးအဝိုင်းသားနဲ့ပြူးကြည့်နေပြီးမှ ''အော် ဟုတ်.....$.....ပါရှင်''
ဟု ပျာပျာသလဲဖြေရှာသည်။

မင်းကလွဲ၍(မင္းကလြဲ၍)Where stories live. Discover now