Unicode
ကျောင်းuniformဝတ်ထားသည့်ပုံအရ အစ်မpamတစ်ယောက် ကျောင်းသွားခါနီး ဆေးရုံရောက်ချလာသည့်ပုံပင်။
ကျောပိုးအိတ်လေးနဲ့ လက်ထဲတွင် သစ်သီးခြင်းလေးပါ ကိုင်လာသေးသည်။
မျက်နှာကတော့ အပိုးမသေသေး။
ရှက်နေသည့်သူ့အား ပြုံးစိစိကြည့်ရင်း အခန်းထဲ ဝင်လာ၏။
"ဘယ်လိုရောက်လာတာလဲ
Pam
ကျောင်းမသွားဘူးလား''
စားပွဲပေါ် သစ်သီးခြင်းတင်နေသည့်pamကို watက ဆီးမေးသည်။
" သွားမလို့ဘဲ။
ငါ့ Newfeedပေါ် နင့်သတင်းကြီးတက်လာလို့လေ''
Watပါမက tineရော မျက်လုံးပြူးမိသွားသည်။
" ငါ့သတင်း..ဟုတ်လား''
Watက အနည်းငယ် အံ့အားသင့်နေသည့်လေသံနဲ့မေးခွန်းပြန်ထုတ်မိစဉ် pamက ခုံတစ်ခုံဆွဲကာ သူတို့နဲ့မကမ်းမလှမ်းတွင်ထိုင်ရင်း ခေါင်းညိတ်ပြသည်။
"အေးလေ..ကိုယ့်ကိုယ်ကို celeဆိုတာ မေ့နေတာလား။
ဒီဆေးရုံက လူနာတစ်ယောက်က ကျောင်းကထင်တယ်။
နင်သတိလစ်နေတဲ့ပုံကို တင်လာတာ
ခု ကျောင်း gpထဲ ဝင်ကြည့်အုံး
နင့်အကြောင်းချည်းဘဲ''
Pamက ပြောပြောဆိုဆို သူ့အိတ်ကပ်ထဲက ဖုန်းကို ထုတ်ပြီး ပြသည်။
Pamပြတဲ့စာတွေ နှစ်ယောက်လုံးဖတ်ကြည့်ချိန်
Wat၏အမူအယာက ဘာမှ မပြောင်းလဲသွားပေမဲ့ tineကတော့ စိတ်ထဲတွင် အောင့်တက်တက်ဖြစ်နေမိ၏။
ကဲကဲသဲသဲ fan girlsတွေ..
Watမှာ ပိုင်ရှင်ရှိမှန်းသိသိရက်နဲ့ အချို့ဆို လွန်လွန်ကျူးကျူးဖြစ်နေကြတုန်း။
ဒါတောင် သူနဲ့watက socialမှာ ဘာမှ သိပ်တင်ကြတဲ့လူတွေမဟုတ်။
သိုသိုသိပ်သိပ်နေကြတာတောင် သူနဲ့wat တူတူလျှောက်လာတာမြင်ရင် မျက်နှာပျက်ပျက်သွားကြတာ ဒုနဲ့ဒေး။
တွေးနေရင်း လူက အနည်းငယ်ဒေါပွချင်လာသလိုဘဲ
Wat သူ့ဘေးကနေပြီး အနည်းငယ်တည်နေသည့်မျက်နှာနဲ့ ဖုန်းကို ကြည့်နေတဲ့ကလေးပေါက်စကြောင့် တစ်ချက်ပြုံးမိသွားသည်။
ဒီကလေးက သဝန်တိုနေရက်သားနဲ့ ဘာသိဘာသာနေတတ်တဲ့နေရာမှာ သိပ်တော်တာ
သို့ပေမဲ့ ဘယ်လောက်ဘဲ တော်တော် သူကလည်း ထိုမျက်နှာလေးကို တစ်ချက်ကြည့်ရုံနဲ့တင် ရိပ်မိပါ၏။
"အဲ့တာနဲ့ နင်က ဆေးရုံထိရောက်လာတယ်ဆိုပါတော့''
သူ အရယ်တစ်ဝက်နဲ့ပြောရင်း လက်တစ်ဖက်က tineရဲ့ခေါင်းကို လှမ်းပွတ်လိုက်သည်။
Pamက ဖုန်းကို ပြန်ပိတ်ကာ အမြင်ကတ်ဟန်နဲ့ မျက်စောင်းကြီးပင့်ထိုးလာ၏။
"အေး..ငါမှားတာ..
နင့် fansတွေရဲ့ dramaတွေ ခင်းထားတဲ့ postsတွေတက်လာတော့ ငါ့မှာ အိမ်က အသီးခြင်းကြီးမပြီး ပြေးလာရတယ်
ဒီရောက်တော့ နင်က လာထိုင်roနေတာ
လူနာနဲ့လည်း တစ်စက်မှ တူမနေဘူး
နေအုံး ဆေးရုံအပြန် ငါ့ အဲ့ကောင်မလေးတွေရဲ့postsအောက်မှာ ဝင်ဆဲအုံးမယ်
မသိရင် မသေရုံတမယ် ရေးထားကြတာ''
အံတကြိတ်ကြိတ်နဲ့ စိတ်ပျက်လက်ပျက်ထိုင်ရွတ်နေသည့်pamကြောင့်
Watက နားညီးဟန်နှင့် မျက်မှောင်တွေတွန့်ကာ ခေါင်းကုတ်နေသည်။
Tine မှာကား ထိုသူငယ်ချင်းနှစ်ယောက်ရဲ့ဖြစ်ပျက်နေသည့်ရုပ်တွေကြည့်ပြီး ရယ်ချင်စိတ်ကို မနည်းအောင့်ထားရ၏။
" ကဲပါ..
ငါ့စိတ်ပူလို့ ရောက်လာတာ ကျေးဇူးတင်ပါတယ်
ငါတို့လည်း ခဏ ဆေးစစ်ပြီးရင် ဆင်းတော့မှာ
အဲ့တော့ နင်ကျောင်းသွားမယ်ဆိုရင်လည်း စိတ်ဖြောင့်ဖြောင့်သာသွား။
နောက်ကျနေမယ်''
Watစကားအဆုံးတွင် pamက ဘာမှ ထပ်မပြောတော့။
အဲ့အစား သက်ပြင်းချသံကြီးထွက်လာ၏။
"အေး..
ဆေးစစ်တာကောင်းရင် တစ်မျိုးပေါ့
လောလောဆယ်တော့ နင်နေရထိုင်ရ အဆင်ပြေတယ်မလား''
Wat ပခုံးတစ်ချက်တွန့်ပြလိုက်၏။
ပြေပါတယ်ဆိုသည့်သဘော
သို့ပေမဲ့ pamက သိပ်မယုံသည့်ဟန်နဲ့ tineကို တစ်ချက်လှမ်းကြည့်သည်။
Tineရိပ်မိဟန်နဲ့ ခေါင်းသာ ညိတ်ပြလိုက်၏။
" နေပါအုံး..နင်က ငါဘာရောဂါဖြစ်မှန်းသိလို့လား''
Watက စနောက်သည့်သဘောနဲ့မေးလိုက်သော်ငြား pamက အတည်ကြီး ခေါင်းညိတ်ပြလာ၏။
" စောစောက စိတ်တိုလို့ ပြောလိုက်ပေမဲ့ ငါဘာတက်နေလည်း နင်မမေ့သင့်ဘူး
သိတာပေါ့''
Pam၏စကားအဆုံးတွင် watမှာ မျက်နှာတစ်ချက်ပျက်သွား၏။
မျက်နှာချင်းဆိုင်ရာကနေ အပြင်ဘက်ကို မျက်လုံးလွှဲသွားသည်။
ထိုအခိုက် Tineရော pamရော ဘာစကားမှမပြောမိကြ။
အခြေအနေက အနည်းငယ်တိတ်ဆိတ်နေပြီးကာမှ watထံ စကားသံသဲ့သဲ့ထွက်လာသည်။
" အဲ့ရောဂါထိတော့ မဟုတ်ဘူး pam
မနေ့က ငါဒီတိုင်း နည်းနည်းပင်ပန်းသွားတာလည်း ပါတယ်''
"အင်း
ငါဘာမှမပြောပါဘူး။
သေချာတော့ ဂရုစိုက်မှ ရမှာနော်
ဘာမှ လျှောက်တွေးမနေနဲ့
အေးအေးသက်သက်သာသာဘဲနေ''
စိတ်ပူစွာ မှာနေသည့်pamကြောင့် watရယ်ကာ ခေါင်းရမ်းလိုက်၏။
" ငါဘေးမှာ ဘယ်သူရှိနေလဲ နင်မေ့နေလား pam
Tineရှိတယ်လေ
ငါ့အတွက်အားဆေးလေး''
Watက ပြောနေရင်းတန်းလနိး သူ့ဘက်လှည့်ကာပြုံး၍ ဆိုလာသည်။
အစ်မPamရှေ့မှာမို့ tineမျက်နှာမထားတတ် ။
ရှက်ရှက်နဲ့ဘဲ ခေါင်းပြန်ညိတ်ပြလိုက်ရ၏။
Pamကတော့ ချောင်းဟမ့်လို့ကို မဆုံး။
"ဟုတ်ပါတယ်။
မှာနေမိတဲ့ ကျွန်မက မှားတာပါရှင်
အေး..ပေါ့တော့ မပေါ့နဲ့။
Tineရှိနေလို့ နင်ဒီလောက်ခံသာနေတာ
ကဲ. ငါလည်း ကျောင်းချိန်နီးပြီ
သွားအုံးမယ်''
Pamက မတ်တပ်ရပ်ကာ သူတို့ကို နှုတ်ဆက်၍ ပြန်ရန်ပြင်လိုက်၏။
သို့ပေမဲ့ အပေါက်နားတောင် ခြေလှမ်းမရောက်သေး ဟိုရှာ ဒီရှာ လုပ်နေတာကြောင့် tineနဲ့wat တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်မိသွားသည်။
"ဘာရှာနေတာလဲ pam''
Wat၏အမေးကို pamကောင်းကောင်း မဖြေနိုင်။
ဟိုစမ်း ဒီစမ်းလုပ်နေပြီးမှ ငိုချင်နေသည့်မျက်လုံးကြီးတွေနဲ့ သူတို့နှစ်ယောက်ကို ကြည့်လာ၏။
" ရုပ်က ဘာတုန်း
ပိုက်ဆံအိတ်ပျောက်တာလား''
မျက်နှာသူငယ်လေးနဲ့ ခေါင်းညိတ်ပြလာသည်။
" ပျောက်တာ မဟုတ်ဘူး။
မေ့ကျန်ခဲ့တာ''
pam၏ စိတ်ရှုပ်နေသည့်ခပ်လေးလေးအသံကြီးထွက်လာသည်။
" အဲ့ဒါဆို နင်ဒီဆေးရုံဘယ်လို ရောက်လာတာတုန်း''
" ဘယ်လိုရောက်ရမှာတုန်း
အိမ်က ကားနဲ့
ဒါပေမဲ့ ကြာနေမှာစိုးလို့ ငါပြန်လွှတ်လိုက်တာ
ကျောင်းကို taxiနဲ့ဘဲ သွားမယ်ဆိုပြီး
ခုတော့ ပိုက်ဆံအိတ်ကြီးက ပါမလာဘူး''
" ကျွန်တော့်မှာပါတယ် အစ်မ
တစ်ခါတည်း လိုက်ပို့ပေးမယ်လေ''
သူမနေနိုင်ဘဲ ဝင်ပြောတော့ အစ်မpam၏မျက်လုံးတွေ ချက်ချင်း အရောင်လက်သွားသည်။
" အာ..အဆင်ပြေတာပေါ့
အစ်မနောက်မှ မုန့်ပြန် ဝယ်ကျွေးမယ်
Sarawat ကြည့် နင့်ကလေးကမှ သိတတ်သေးတယ်''
အစ်မpamက watကို မေးငေါ့လာစဉ် watက ပြုံးကာ tineကို ကြည့်နေ၏။
" ငါ့ကလေးမို့ နင့်ကို အလိုက်သိပေးတာ
အခြားလူဆို နင့်ဘယ်သူမှ လိုက်ပို့မှာမဟုတ်ဘူး''
"အေး ပြောထား tineကို ပြန်လွှတ်စေချင်ရင် အဲ့အပြောလေးတွေအရင်ပြင်''
Watက ဒေါပွသွားသည့်ဟန်နဲ့ လက်သီးဆုပ်ထောင်ပြလာစဉ် pamက ရယ်ကာ tine ကို အပြင်ဆွဲထုတ်သွားသည်။
Watနောက်မှာ မည်မျှရွတ်ပြီး ကျန်ခဲ့မယ်မသိ။
"အဲ့ sarawatနဲ့လည်း စိတ်လေပါတယ်
တော်သေးတယ်
အစ်မက မင်းကို လွှတ်ပါ့မလားလို့''
" အစ်မ ကျွန်တော့်ကို အပြင်ခေါ်ထုတ်ချင်လို့ ပိုက်ဆံအိတ်ကျန်ခဲ့တယ်လို့ လိမ်တာမလား''
ဓာတ်လှေကားဘက်အသွားတွင် tineစိတ်ထင်တာလေး ဟုတ်မဟုတ်စမ်းကြည့်သည်။
အစ်မpamက သူ့ဘက်ကို လှည့်မကြည့်ဘဲ ရယ်လာ၏။
" ငါ့မောင်က ချတ်ဆို နားခွက်က မီးတောက်ပြီးသားပါလား
ဟုတ်တယ်
အမှန် သူ့ကိုလည်း ပြောချင်တာ
ဒါပေမဲ့ အဆင်ပြေမှာ မဟုတ်ဘူး
သူ့ရုပ်ကြည့်တာနဲ့ သက်သာမှန်းသိပေမဲ့ ရာနှုန်းပြည့်တော့ မဟုတ်သေးဘူးလေ''
Tine သက်ပြင်းဖွဖွချပြီး စိတ်ထဲတွင် ထောက်ခံလိုက်၏။
သူတို့ လမ်းလျှောက်နေပုံက နှေးနှေးလေး။
ဓာတ်လှေကား စီးတော့ လူက ရှင်းနေတာကြောင့် ဆက်ပြောဖို့ အဆင်ပြေသွားသည်။
" သူ့မိဘအကြောင်းဘဲမလား အစ်မ''
ဒီတစ်ခါ သက်ပြင်းချသည့်သူက အစ်မpam။
"ဟုတ်တာပေါ့
သူတို့ ကွာရှင်းပြီးပြီ''
အစ်မpam၏စကားကို ဟုတ်မှန်ကြောင်း သူခေါင်းညိတ်ပြရုံသာ
"မောင်လေး သိပြီးသားလား''
"ဟုတ်။
မနက် အစ်မမလာခင် သူ့အမေနဲ့ကျွန်တော် ကန်တင်းမှာ စကားပြောဖြစ်သေးတယ်''
အံ့ဩမှင်သက်သွားသည့်မျက်ဝန်းတွေနဲ့ အစ်မpamက သူ့ဘက်တစ်ချက်လှည့်ကြည့်လာသည်။
" watရောသိလား''
" သူ့အမေလာသွားတယ်ဆိုတာကတော့ သိတယ်။ကွာရှင်းတဲ့ကိစ္စက မသိသေးဘူး
ဒါပေမဲ့ ရိပ်တော့ရိပ်မိမယ်ထင်ပါရဲ့''
အစ်မPamက ဘာမှပြန်ဆက်မပြောတော့။
ထူးဆန်းစွာပင် အစ်မpam၏မျက်နှာက ပြုံးနေသည်။
အောက်ထပ်ရောက်လာသည်အထိ နှစ်ယောက်လုံး ဘာမှမပြောဘဲ ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်နေကြ၏။
ဆေးရုံအပြင်ဘက်ကို လျှောက်လာတော့မှအစ်မpam
ထံကနေ စကားသံပြန်ထွက်လာသည်။
"တကယ်တော့ အစ်မက အကြံပေးချင်ရှိတယ်။
Watများ သူ့အမေနဲ့ တွေ့ချင် ၊ စကားပြောချင်မလားလို့''
Tine မျက်လုံးလေးပြူးပြီး အစ်မpamကို ကြည့်မိသည်။
" အဆင်ပြေပါ့မလား အစ်မရယ်''
သူ စိုးရိမ်တကြီးမေးလိုက်ချိန်
အစ်မpamက ဘာမှပြန်မဖြေလာ။
သူ့ကို သင့်တော်သည့်အဖြေပေးရန်စဉ်းစားနေသည့်ပုံပင်။
ဆေးရုံအထွက် တံခါးပေါက်နားအရောက်တွင်တော့ အစ်မpamက သူ့နဲ့မျက်နှာချင်းဆိုင်ရပ်ကာ အေးဆေးတည်ငြိမ်သည့်အသံနဲ့ ဆိုလာသည်။
"အဆင်ပြေပါ့မလားထက် လုပ်သင့်တယ်ထင်လို့ မောင်လေးရဲ့
ဒီလို အခု သူ့စိတ်က အနည်းနဲ့အများ စိတ်ဒဏ်ရာရှိတယ်။
ဒါငြင်းလို့မရဘူး။
ဘာလို့ဆို မိဘမေတ္တာမရတဲ့ကလေးတိုင်း စိတ်ဒဏ်ရာနဲ့ ကြီးလာတဲ့လူတွေချည်းဘဲ
ဒါတောင် watက မင်းရှိနေလို့ ကံကောင်းတာ
သူ အရမ်းကြီး စိတ်လွတ်ကိုယ်လွတ် မဖြစ်သွားတာ မင်းကို ချစ်တာကြောင့်လည်း ပါတယ်လို့ ပြောလို့ရတယ်
စဉ်းစားကြည့် မောင်လေးနဲ့မတွေ့ခင် သူနာကျင်ရတာတွေကို စိတ်ထွက်ပေါက်အနေနဲ့ ဆိုးချင်တိုင်းဆိုး လုပ်ချင်ရာလုပ်ခဲ့တာ
တကယ်မင်းကိုလည်း ချစ်သွားရော စိတ်က ထိန်းချုပ်မှုတွေပြန်ရှိလာတယ်။
မေတ္တာကို ပြန်ခံစားတတ်လာတယ်။
ဒါကြောင့် သူတအားဆိုးဆိုးဝါးဝါးကြီးမဖြစ်သွားတာ
အစ်မပြောချင်တာက မင်းရှိနေလို့ သူ့စိတ်က 75%လောက် okပြီ။
ဒါပေမဲ့ 35%လောက်ကျန်သေးတယ်
အဲ့တာ သူ့အမေအပိုင်းဖြစ်သွားပြီ
ဘာလို့ဆို စိတ်ပညာမှာရှိတယ်။
သားတွေရဲ့ တွယ်တာသူက မိခင်တဲ့
ဆန့်ကျင့်ဘက်ပေါ့နော်
သမီးတွေဆို အဖေ ၊ သားတွေကျတော့ အမေ
ဒီသဘောတရားကို အသုံးချပြီး watကို ဒီထက်ပို အဆင်ပြေအောင်လုပ်ပေးလို့ရတယ်။
ပြီးရင် သူ့အဖေနဲ့ကျတော့ ဘယ်လိုနဲ့မှ ဖြစ်နိုင်မှာမဟုတ်ဘူး။
အဲ့ေကြာင့် သူ့အမေနဲ့က အသင့်တော်ဆုံးဘဲ။
အစ်မထင်ပါတယ်
Watဆီမှာ သူ့အမေကို ပြောချင်တဲ့စကားတွေရှိနေမယ်ဆိုတာ
စကားမပြောတာကြာလို့ ဆက်ဆံရေးက အေးစက်သွားရုံလောက်ဘဲ
ခု သူ့ရောဂါအခြေအနေက အနီအဆင့်မဟုတ်သေးတဲ့အတွက် အရမ်းတော့ စိတ်ပူဖို့မလိုဘူး။
သူ့အမေနဲ့ နွေးနွေးထွေးထွေးစကားပြောပေးရုံတင် ပျောက်လုနီးပါးဖြစ်သွားမှာ
အမာရွတ်တော့ ကျန်မှာပေါ့လေ
အစ်မပြောတာ ဘယ်လို သဘောရလဲ''
ရှည်လျားလှသည့် အစ်မpam၏စကားအဆုံးတွင် လေငွေ့နွေးနွေးလေးတွေ သူ့ဘေးနား ဖြတ်သန်းသွားသယောင် ခံစားရသည်။
သူပြုံးရင်း ခေါင်းညိတ်လိုက်၏။
" ကျွန်တော့်သဘောတွေမလိုပါဘူး အစ်မရယ်။ သူအဆင်ပြေတယ်ဆိုရင် ရပြီ။
ဒါပေမဲ့ တစ်ခုဘဲ သူ တွေ့ချင်ပါ့မလား''
အစ်မpamက ပြုံး၍ သူ့ပခုံးကို ဖပ်ဖွဖွပုတ်၏။
" မောင်လေး လုပ်နိုင်မယ်လို့ အစ်မယုံကြည်တယ်။
နားချကြည့်ပေါ့
မောင်လေးစကားဆို သူမြေဝယ်မကျနားထောင်ပြီးသားဘဲ
တိုက်တွန်းတာထက် နားဝင်အောင်လေး ပြောကြည့်ကြည့်။
အဆင်ပြေလောက်မှာပါ''
Tine သက်ပြင်းလေးချရင်း ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။
နေပြင်းလာတာကြောင့် အစ်မpamက လက်နဲ့ နေကာရင်း သူ့ကို ပြန်ဆက်ပြောလာ၏။
"အစ်မက ခုမှ first yearဘဲရှိသေးတာ။ မောင်လေးကို အဲ့ psychology နဲ့ပတ်သတ်ပြီး တအားကြီး ရှင်းပြနိုင်မှာမဟုတ်ဘူး။
ဒါတောင်ရှုပ်မှာစိုးလို့ ခေါင်းစဉ်တွေမပြောဘဲ ဖယ်ထားတာ
စာသိပ်မကြေတာလည်းပါတယ်''
ရိုးသားပွင့်လင်းသည့်မိန်းကလေးပီပီ အစ်မpamက ရယ်၍ ဝန်ခံစဉ် သူကတော့ မရယ်။
အဲ့အစား ချီးကျူးမိသည်။
" မရှုပ်ပါဘူး အစ်မ။frist yearဆိုပေမဲ့ ဆေးပညာမသိတဲ့ကျွန်တော့်ကို ဒီလို ရိုးရိုးရှင်းရှင်းတည်းနဲ့ နားလည်အောင် ပြောနိုင်တာ တော်လို့ပေါ့။
Watကို ခုလို ကူညီပေးတာ ကျေးဇူးတင်ပါတယ်ဗျ''
သူခါးလေးညွှတ်ပြီး စီနီယာတွေကို နှုတ်ဆက်သည့်ပုံစံလို လက်အုပ်လေးချီပြောတော့ အစ်မpamမှာ မျက်လုံးတွေပြူးပြီး ပျာပျာသလဲနဲ့ သသူ့လက်ကို ပြန်ချစေသည်။
"မဟုတ်တာ ကလေးရဲ့
မင်း ရဲ့ ဒီလိုယှဉ်ကျေးတဲ့အမူအယာက အစ်မနဲ့မတန်ပါဘူး
သူနဲ့အစ်မက ငယ်ပေါင်းဆိုမှတော့ မကူညီဘဲ ပစ်ထားလို့မှမရတာ
Watသာ ဒီမြင်ကွင်းမြင်လို့ကတော့ တွေးရုံနဲ့ ခေါင်းကျိန်းနေပြီ
ကဲ..သွား.. သွား.အပေါ်ပြန်တက်တော့
တော်ကြာ ဟိုက ကြာတယ်ဆိုပြီး ဆူနေဉီးမယ်
အလိုက်သိသိလေးနဲ့ အပြင်လိုက်ထွက်လာပေးလို့လည်း ကျေးဇူးပါကွယ်
အစ်မသွားပြီနော်''
သူ့ကို ဆေးရုံဘက်ပြန်တွန်းလွှတ်ရင်း အစ်မက ပြုံးပြနှုတ်ဆက်ကာ taxiပေါ်တက်သွားသည်။
စောစောက ပိုက်ဆံအိတ်မပါဘူးဆိုသည့်အစ်မpamတစ်ယောက် အိတ်အပန်းရောင်လေးထုတ်ပြီး ကားပေါ်ကနေ သူ့ကို အားနာဟန်ရယ်ပြလာစဉ် သူပြံုး၍သာ ပြန်နှုတ်ဆက်လိုက်၏။
ကားထွက်သွားပြီးနောက် tine ခြေလှမ်းတွေ ကို ဆေးရုံဘက်ပြန်လှည့်လိုက်သည်။
သို့ပေမဲ့ စိတ်နဲ့လူနဲ့မကပ်နေ။
Wat သူ့အမေကို တွေ့အောင် ဘယ်လိုတွေများ ပြောပေးရမလဲ ဆိုသည့်အတွေးနဲ့ လူက ဆေးရုံအထဲဘက် ရောက်လို့ရောက်လာမှန်းတောင်မသိ။
ဝှီးချဲနဲ့ သွားနေသည့်ကလေးမလေးတစ်ယောက်ကို လူက ဝင်တိုက်လုနီးပါးဖြစ်မှ စိတ်က ပစ္စုပ္ပန်နားပြန်ရောက်တော့သည်။
ပျာပျာသလဲ ပြန်တောင်းပန်ရင်း watဆီကို အပြေးတစ်ပိုင်းပြန်လာရ၏။
![](https://img.wattpad.com/cover/224669679-288-k177218.jpg)
KAMU SEDANG MEMBACA
မင်းကလွဲ၍(မင္းကလြဲ၍)
RomansaSarawat နဲ့ tineလေးကို သဘောကျလို့ရေးတဲ့ficပါ။ 2getherရဲ့factsတွေပေါ်အခြေခံပြီး drama typeလေးရေးထားတာပါ😸 Start Date - 7.10.2020 End. Date - 2.12.2020