Unicode
"Tine အဆင်ပြေရဲ့လား။''
မိမိမျက်နှာသိပ်မလန်းတာကို သူငယ်ချင်းဖြစ်သူတွေက ရိပ်မိကြပါသည်။
Tine သက်ပြင်းသာ တိုးတိုးဖွဖွချ၍ အဆင်ပြေကြောင်းခေါင်းညိတ်ပြမိသည်။
တကယ်တော့ နည်းနည်းမှကို မပြေ။
ခုသူတို့ထိုင်နေတဲ့ကန်တင်းရဲ့မျက်စောင်းထိုးလောက်မှာ တစ်စုံတစ်ယောက်သည် သူ့ကို မျက်နှာတည်နဲ့စိုက်ကြည့်နေ၏။
ဘယ်သူရှိရမှာလဲ Danဘဲပေါ့။
စိတ်ရှိလက်ရှိသာဆိုရင် ခင်ဗျားကြီး မျက်စိရှေ့က ထွက်သွားလို့ထအော်ပစ်ချင်တာ။
ဒါပေမဲ့ သူက စီနီယာ.....စီနီယာဆိုတဲ့အသိနဲ့ကိုယ့်ကိုယ်ထိန်းနေရ၏။
"ကျောင်းလည်း ပိတ်ခါနီးနေပြီနော်။မင်းတို့club's concertက ဘယ်တော့လောက်စမှာလဲ။''
Tine ရှေ့က blue bubbleကို ပိုက်တစ်ချောင်းနဲ့မွေနေရင်း
"အင်း ရက်အတိအကျတော့မထွက်သေးပေမဲ့ နီးနေပြီထင်တယ်။
နှုတ်ဆက်ပွဲနေ့ညမှာဖြစ်လောက်မလားမသိ။
ငါလည်း သေချာမသိသေးပါဘူးဟာ။''
ဟု တိုးတိုးညည်းမိ၏။
"မင်းရော ဝင်တီးမှာမလား။''
Fongရဲ့မေးခွန်းကို သူခေါင်းခါပြရုံသာ။
"ငါက Basicဘဲရှိသေးတာကို။
တအားတီးချင်လို့တက်တီးရင်တောင်
Chord Cကလွဲပြီးထွက်လာမှာမဟုတ်ဘူး။''
သူခနဲ့တဲ့တဲ့ပြောတော့ ဘကောင့်သားတွေက ခွီကနဲထရယ်ကြ၏။
အေးလေ သူပြောတာမှားလို့။
Chordsတွေရောလွန်းလို့ ညတိုင်းလိုလိုsarawatသူ့ကို ပြန်သင်ပေးရတာအမော။
Sarawatက သူဘယ်လောက်အမှားလုပ်လုပ် စိတ်မဆိုးဘဲ စိတ်ရှည်ရှည်နဲ့ သင်ပေးတတ်၏။
Clubsကလူတွေများ အားကို မကိုးရဘူး။
P'dimဆိုပိုဆိုး အားနေငေါက်ငမ်းဖို့ဘဲ။
တွေးရင်းနဲ့ Sarawatအကြောင်းက ခေါင်းထဲရောက်လာတာမို့ Tineဖုန်းကို ဖွင့်လိုက်သည်။
သူတို့သီချင်းညှိရမယ်ဆိုပြီး sarawat မနက်ကတည်းကလပ်နဲ့ကို အလုပ်တွေရှုပ်နေတာ။
ညက ကိစ္စကြောင့် မျက်နှာကလည်း သိပ်မကောင်းလှ။
Tineမှာ မနည်းကို မျက်နှာပြန်လန်းအောင်ချောမော့ပြောပေးရသည်။
" Wat..အားပြီလား.''
ဟု messegeပို့တော့ seenတန်းပြသည်။
"အားပြီ။ကိုအခုဘဲ မင်းဆီလာမယ်လုပ်မလို့ဘဲ။
လာခဲ့မယ်နော်''
Tineစိတ်ထဲတွင် ပြုံးပျော်မိသွား၏။
"အင်း''
ဆိုပြီးreplyပြန်ပြီးတာနဲ့ ဖုန်းကို ပြန်ပိတ်လိုက်ကာ fongတို့နဲ့ရောက်တတ်ရာရာထိုင်ပြောနေလိုက်၏။
စကားပြောလိုက်၊blue bubbleလေးသောက်လိုက်လုပ်နေရင်း ဖျော်ရည်က ဖင်ကပ်လောက်သာကျန်တာကြောင့် မျက်နှာကြီးကို မဲ့ရှုံ့ပစ်မိသည်။
"ကုန်တာ မြန်လိုက်တာ။ငါသောက်မဝသေးဘူး။''
"မဝသေးရင် ထပ်ဝယ်ပေါ့ဟ''
"တော်ပြီ။သွားပျင်းတယ်''
Tine ဘူးခွံကို ဘေးနားက အမှိုက်ပုံးနားပစ်ထည့်လိုက်သည်။
ထိုစဉ်မှာပင်
"ရော့ ဒီမှာမင်းအတွက်''
အသံတစ်ခုနဲ့အတူ Blue bubbleတစ်ခွက်က tineရှေ့သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။
ဩရှရှအသံနဲ့ဆိုတော့ ဘယ်သူမှန်းမေးစရာမလို။
Tine စိတ်ပျက်လက်ပျက်နဲ့ မော့ကြည့်တော့ လက်ကြီးထောက်ပြီး သူ့ကိုပြုံးကြည့်နေတဲ့Dan။
"တောင်းပန်ပါတယ် စီနီယာ။ကျွန်တော် ဗိုက်ဝနေပြီ။''
Tine ဖျော်ရည်ခွက်ကို Danရှေ့နား ပြန်တိုးပေးလိုက်သည်။
မလိုချင်ပါဘူး ဆိုတဲ့သဘော။
Fongတို့ကတော့ ပါးစပ်အဟောင်းသားနဲ့အကဲခတ်နေကြသည်။
"လိမ်နေသလိုဘဲနော်။
ကိုယ်ကြားတာတော့ မင်းမဝသေးဘူးဆိုလား။''
ကိုယ်ဆိုတဲ့အသုံးအနှုန်းကြောင့် Tineထိုင်ရာမှ ဝုန်းကနဲထလိုက်မိသည်။
ထိုအသုံးအနှုန်းက ထိုလူ့အတွက်မဟုတ်။
Sarawatအတွက်သာ။
"ဟုတ်ကဲ့။ကျွန်တော် ဝဝ၊မဝဝနဲ့ ခင်ဗျားနဲ့မဆိုင်ပါဘူး။
ကျေးဇူးပြုပြီး ကျွန်တော်ရှေ့မလာပါနဲ့တော့။''
ဒေါသထွက်လွန်းလို့ သူ့အသံတွေတောင်မာထန်နေ၏။
တစ်သက်နဲ့တစ်ခါ ဒီလိုလေသံနဲ့သူများကိုမပြောဖူးခဲ့။
သို့သော် သူ့ဒေါသကို Danက ပန်းနဲ့ပေါက်ခံရသလိုဘဲပြုံးကြည့်နေသည်။
"ချစ်စရာလေး။မျက်နှာလေးက နီရဲနေတာဘဲ။''
"ခင်ဗျား..... ''
Tine Danရဲ့အကျီကော်လံစကို အဆွဲတွင် သူငယ်ချင်းသုံးယောက်လုံး ကပျာကယာထထိန်းရတော့သည်။
"Tine စိတ်ထိန်း.. ''
"ဟုတ်တယ်။အဲ့စောက်ရူးကို လွှတ်ထားလိုက်''
အခြေအနေက အနည်းငယ်ပြန်တည်ငြိမ်သွားသည်။
ကန်တင်းက လူတွေရဲ့စူးစိုက်မှုကိုခံနေရတာမို့ Tine ကော်လံစကို ပြန်လွှတ်လိုက်၏။
စိတ်ကတော့သိပ်မငြိမ်သေး။
အဲ့တာကိုလည်း မသွားသေးဘဲ ရပ်နေသေးတဲ့Dan။
"မသွားသေးဘူးလား။ကျွန်တော် ဒီထပ်မပြောချင်တော့ဘူးဗျ။''
"သွားတော့သွားမှာ။ဒါပေမဲ့ ဒါတော့ယူပေးရမယ်။''
Damက blue bubbleကို ဒုတိယတစ်ကြိမ်မြောက်ကမ်းလှမ်းလာ၏။
Tineစိတ်ပျက်ပျက်နဲ့ယူရန်ပြင်နေခိုက်
Dan၏လက်သည် တစ်စုံတစ်ယောက်၏ပုတ်ထုတ်ခြင်းကိုခံလိုက်ရသည်။
"ထင်တယ်။နည်းနည်းလေးနောက်ကျလိုက်တာနဲ့....''
ကန်တင်းသည် အနည်းငယ်ဆူညံပူညံဖြင့်ဂယက်ရိုက်သွား၏။
ဖျော်ရည်ဘူးမှာ သနားစရာ မြေပြင်ပေါ်တွင်် ဖိတ်ကျန်ခဲ့ပြီ။
"P' အရှက်မရှိဘူးလား။''
လေသံအေးအေးလေးနဲ့ sarawatသည် Danနဲ့ရှေ့မှာ မျက်နှာချင်းဆိုင်ရပ်လိုက်၏။
"Tineက ကျွန်တော့်အပိုင်ဆိုတာ လူတိုင်းသိတယ်။''
Tine၏လက်ဖဝါးလေးသည် sarawat၏ လက်ထဲမှာ နစ်ဝင်လျက်။
"အစ်ကိုလည်း သိပြီးသားလို့ကျွန်တော်ထင်တယ်။''
Sarawatထိုနေရာထိပြုံးပြုံးကြီးပြောနေသေး။
သို့သော် tineရဲ့လက်ဖဝါးကိုအသာလွှတ်ပြီး Danနားတစ်ခုခုကပ်ပြောလိုက်၏။
ဘာမှန်းတော့ မသိပေမဲ့ Danရဲ့မျက်နှာကွက်ကနဲပျက်သွားတာကို Tineမြင်လိုက်ပါသည်။
နှစ်ယောက်သား အကြည့်ချင်းစစ်ခင်းပြီးမှ Danက ထွက်သွားသည်။
မသွားခင် Tineကို တစ်ချက်ပြုံးပြသွားသည်။
ကျက်သရေတုန်းစီနီယာကြီး......

YOU ARE READING
မင်းကလွဲ၍(မင္းကလြဲ၍)
RomanceSarawat နဲ့ tineလေးကို သဘောကျလို့ရေးတဲ့ficပါ။ 2getherရဲ့factsတွေပေါ်အခြေခံပြီး drama typeလေးရေးထားတာပါ😸 Start Date - 7.10.2020 End. Date - 2.12.2020