Chapter - 45(Uni+Zaw)

1.5K 143 23
                                    

Unicode

Tineတို့အဆောင်မပြန်ခင်တွင် အမေက သ​င်္ဘောသီးထောင်းလုပ်ကျွေး၏။
ဂျင်ဂျင်းတစ်ယောက် သင်္ဘောသီးအခွံခွာနေရင်း ဒုက္ခလှလှတွေ့နေရရှာသည်။
အကြောင်းမှာ tine က သူမအဆင်ပြေမပြေလာကြည့်သလိုလိုနဲ့ အမေလစ်ရင်လစ်သလို ခေါင်းပြေးပြေးခေါက်တာမို့ပါ။
ကိုယ့်အပြစ်နဲ့ကိုယ်မို့ ဂျင်ဂျင်းအံကြိတ်ပြီး ခံနေလိုက်သည်။
အဲ့တာထက် သူမထင်တာက ကိုကိုတစ်ယောက် မျက်နှာငယ်လေးနဲ့ ကို​ကြီးsarawatကို လိုက်ချော့နေရမယ်လို့တွက်ထားတာ။
တကယ့်တကယ်ကျတော့ ပြောင်းပြန်ကြီးဖြစ်ရော။
နှစ်ယောက်သား အမေ့ကို လုပ်ကူပြီး မိုးမမြင်လေမမြင်ပျော်နေလိုက်ကြတာ။
အမေက ထောင်းနေတုန်း ကိုကိုက ခရမ်းချဉ်သီးတွေ လှီး
ကိုကြီး sarawatကျတော့ ငရုတ်ကျည်ပွေ့ထဲ အမေ ထည့်ခိုင်းတဲ့အဆာပလာတွေကို ထည့်နဲ့။
ဂျင်ဂျင်း ဆေးသာထိုးမိပေမဲ့ အဲ့​မြင်ကွင်း​လေး​​​မြင်တော့လည်း
စိတ်ထဲတွင် ကိုကို့အတွက်ပျော်နေမိပါသည်။
ကိုကို လူရွေးမှန်သား..
P' sarawatက တော်တော်ကို ချစ်တတ်လွန်းပါသည်။
ဘေးလူတွေတောင် သူရဲ့မျက်လုံးတွေက ကိုကို့ကို ဘယ်လောက်တန်ဖိုးထားမြတ်နိုးမှန်း ​မြင်သူတိုင်း ကြက်သီးထရလောက်အောင်ကို သိသာပါ၏။
ကိုကိုတို့များ ကံကောင်းလိုက်တာနော်..
ဂျင်ဂျင်း ထိုအကြောင်း​တွေ​တွေးရင်း ငိုင်နေခိုက် ကိုကိုက သူ့ဘက်လှည့်​ကြည့်လာသည်။
ဘာကြည့်တာလဲ ဆိုတဲ့အမူအယာနဲ့ မေးဆတ်ပြလာတော့ ဂျင်ဂျင်း မဲ့ရှုံ့ပြီး မျက်စောင်းထိုးလိုက်မိသည်။
သူ့ဘဲကြီးရှိတယ်ဆိုပြီး ကဲနေတဲ့ကိုကို။
ကိုကြီး sarawatဘာလို့အဲ့လောက်လွယ်လွယ် စိတ်ဆိုးပြေမှန်း ဂျင်ဂျင်းနားမလည်။
ကိုကိုဘာနည်းတွေသုံးပြီး အချိုသတ်လိုက်မှန်းမသိ။
အမှန်ဆို တစ်ပတ်လောက် မဟုတ်လည်း နှစ်ရက်သုံးရက်ပေါ့ ။
အဲ့လောက်လေးတော့ မူသင့်တယ်မလား။
သူမသာ ဆိုရင်တော့လား ကိုကို့ကို မှတ်လောက်သားလောက်အောင်ကို စိတ်ဆိုးပစ်မှာ။
သို့ပေမဲ့လည်း သိပ်ချစ်တဲ့လူတွေတိုင်း အတိတ်က ကိစ္စတွေကို ထည့်တွက်ကြတာမဟုတ်ဘူးလေ။
ကောငင်းပါတယ်
သို့ပေမဲ့လည်း ကိုကြီး sarawatနေရာမှာ ကိုကိုသာဆိုရင်တော့ မြင်ယောင်ပါသေးတယ်
ကိုကိုတစ်ယောက် ရင်ကွဲမတတ်ကြိတ်ခံစားနေမှာကို..
တစ်သက်လုံး ဒီအစ်ကိုနဲ့နေလာတာ ဂျင်ဂျင်းသိတာပေါ့
ကိုကိုက သိပ်ကို နှလုံးသားနုတဲ့ လူမှန်း။
အထူးသဖြင့် သူချစ်တဲ့သူတွေအပေါ်မှာဆို ပိုဆိုးပါသည်။
ဝမ်းနည်းနေတာတွေကို မထုတ်ပြဘဲနဲ့ ရင်ထဲ ကြိတ်သိမ်းထားတဲ့လူမျိုး..
ဂျင်ဂျင်းတင်မက အဖေနဲ့အမေရော ကိုကိုရဲ့ထိုအကျင့်လေးကို သိကြပါသည်။
အဲ့ကြောင့်လည်း အမေတို့က တတ်နိုင်သလောက် ကိုကို့ပေါ် အပြစ်သိပ်​မမြင်ဘဲ အတတ်နိုင်ဆုံး နားလည်မှုပေးကြတာဖြစ်သည်။
ကိုကြီး sarawatလည်း ကိုကို့အကြောင်း နားလည်ပြီးသားလူဖြစ်မှာပါ။
အဲ့ကြောင့်လည်း အကြာကြီး စိတ်မဆိုးတာဖြစ်မည်။
မည်မျှတောင်အတွေးလွန်နေမိမှန်းမသိ။
အမေက '' ဟဲ့ အငယ်မ'' လို့ အော်မှ သူမ ခြစ်ပြီးသား သင်္ဘောသီးဇလုံကိုမပြီး အပြေးယူလာရလေသည်။

မင်းကလွဲ၍(မင္းကလြဲ၍)Hikayelerin yaşadığı yer. Şimdi keşfedin