Unicode
ဆွေ့ကနဲနဲ့ လူကို တင်းနေအောင်လာဖက်တဲ့ ကလေးပေါက်စကြောင့် sarawat တစ်ကိုယ်လုံးနွေးထွေးသွားသလိုပင်။
သူကြည်နူးစွာပြုံးမိရင်း ကျောပြင်ငယ်လေးကို ထိုထက်ပိုတိုး၍ ဖက်မိသည်။
စောစောက ဘာခံစားချက်မှမရှိသလို ဗလာဖြစ်နေတဲ့စိတ်က ခုမှ အားအင်တွေပြန်ပြည့်ဝလာသလိုဘဲ။
အခြားဘာမှမလိုပါဘူး..
ဒီလို နွေးနွေးထွေးထွေးလေးဖက်ပေးတတ်တဲ့tineဆိုတဲ့လူသားလေး ရှိပေးနေရင်ကို ရပါပြီ။
အဆင်ပြေပါပြီ...
" အဟမ်း...အဟမ်း..''
ဘယ်အချိန်ကတည်းက ရောက်လာမှန်းမသိတဲ့ pamရဲ့ ချောင်းဟမ့်သံကြားတော့မှ နှစ်ယောက်သား ကိုယ်ချင်းခွာဖို့သတိရတော့သည်။
Tine က ရှက်သွားဟန်တူ၏။
သူ့လက်ကို ဆွဲရင်း pamနဲ့ မျက်နှာချင်းမဆိုင်ဘဲ ခေါင်းလေးကို ငုံ့ထားတာကြောင့် ရုတ်တရက် sarawat အသည်းယားလာမိသည်။
မျက်နှာလေးနီမနီတော့ သူမသိပေမဲ့ နားရွက်ဖျားလေးတွေကတော့ နီရဲတွတ်နေတာဘဲ။
သူ tineကို ငေးကြည့်နေရင်း pamဘက်ကို အကြည့်ရောက်တော့ pamက ပြုံးစိစိမျက်နှာပေးနဲ့ သူတို့နှစ်ယောက်ကို အကဲခတ်နေသည်။
ထိုအခါမှ sarawat မျက်နှာထားပြန်ပြင်လိုက်ရ၏။
" ကျေးဇူး pam...
Tineကို ခေါ်ထုတ်လာပေးလို့..
ပြီးတော့ ငါနင့်ကို ကြိုမပြောမိတာ တောင်းပန်ပါတယ်''
Pamပေါ်အားနာစိတ်နဲ့ သူတောင်းပန်မိသည်။
သူဒီနည်းလမ်းရွေးလိုက်တာ pamအတွက်အနည်းငယ်အခက်တွေ့စေနိုင်ပေမဲ့ သူ့မှာလည်း ဒီပြင်ထက် အခြားရွေးစရာနည်းမှ မရှိတော့တာ။
Pamက ခေါင်းကို ခပ်သွက်သွက်ခါသည်။
" ဘာလို့ နင်က တောင်းပန်ရမှာလဲဟာ။
အမှန်ဆို တောင်းပန်သင့်တဲ့လူက ငါ။
ငါ့အတွက်နဲ့ နင်ငဲ့ပြီး အချိန်ဆွဲပေးတာနဲ့တင် ကျေးဇူးတင်လှပါပြီ။
ပြီးတော့ နင် လုပ်လိုက်တဲ့အကွက် အရမ်းမိုက်တယ်။
နင့်ကျေးဇူးနဲ့ ငါ့မိဘတွေ ငါ့ပေါ်နားလည်မှုရှိသေးတယ်ဆိုတဲ့အချက်ကို သိခဲ့ရတာ။
အဖေပြောလိုက်တဲ့စကား အရမ်းထိတယ်ဟယ်။
ကျွန်တော့်သမီးကို မချစ်တဲ့လူနောက် ထည့်မပေးနိုင်ဘူးတဲ့။
အဲ့အချိန် ငါမျက်ရည်တောင်ဝဲတော့မတတ်ဘဲ။
ငါထင်တာက သူတို့အတွက်ဘဲ သူတို့ကြည့်ပြီး လုပ်ချင်ရာလုပ်တယ်လို့..
ဒါပေမဲ့ တလွဲတွေဖြစ်နေတယ်။''
မျက်ရည်အဝိုင်းသားနဲ့ ပြောနေတဲ့pamရဲ့ ခံစားချက်ကို သူနားလည်ပါသည်။
ထို့ကြောင့် အပြုံးတစ်ချက်နဲ့ သူငယ်ချင်းမကို အားပေးတဲ့အနေဖြင့် ပခုံးတစ်ဖက်ကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။
" နင်တို့လည်း လူသိထင်ရှား ကြေညာပြီးပြီဆိုတော့ နင်တို့မိဘတွေကန့်ကွက်ဖို့ဆိုတာလား သိပ်မဖြစ်နိုင်လောက်တော့ဘူး။
အဆင်ပြေလောက်မှာပါ။''
sarawat မသိမသာနဲ့ tineကို အကဲခတ်ကြည့်တော့ tineက အတွေးလွန်နေသည့်ဟန်နဲ့ မှိုင်တွေငေးနေသည်။
" အင်း အရင်တုန်းကထက်တော့ အခြေအနေမဆိုးလောက်တော့ဘူးထင်တာဘဲ...
အင်း..အချိန်လည်း မစောတော့ဘူး။
ငါတို့ ပြန်တော့မယ် pam''
" အေး... ဂရုစိုက်ကြအုံးဟာ..
နင်တို့အဆောင်ရှေ့မှာ သတင်းထောက်တွေနဲ့။''
"ငါ့ တိုက်ခန်းဘဲ သွားမယ်..tine''
Tineက သဘောပေါက်ပါတယ်ဆိုသည့်ဟန်နဲ့ သူ့လက်ကို တင်းတင်းဆုပ်ကာ ခေါင်းညိတ်ပြလာသည်။
Pamကို နှုတ်ဆက်ပြီးတော့ သူတို့ pamအိမ်ကနေ မောင်းထွက်လာခဲ့သည်။
ဒီနေ့တော့ အဆောင်က လုံးလုံး အဆင်ပြေအုံးမှာမဟုတ်။
အဲ့တော့ သူ့တိုက်ခန်းဘက်ကိုဘဲ ခြေဉီးလှည့်ရမည်။
" wat.. ''
ကလေးပေါက်စရဲ့ ခေါ်သံတိုးတိုးလေးကြောင့် sarawat ကားမောင်းနေရင်း လှည့်ကြည့်လိုက်မိသည်။
" အင်း..ပြောလေ.. tine''
"ဟို..မင်းအဆင်ပြေရဲ့လား..''
ကြည့်ရတာ သူစိတ်အနှောင့်အယှက်ဖြစ်မှာ စိုးလို့ထင်တယ်။
မရဲတရဲလေးမေးနေတဲ့ကလေးပေါက်စ။
sarawat စိတ်ထဲကနေ ခိုးပြုံးလိုက်သည်။
" အင်း..အဆင်မပြေဘူး..''
" ဟင်..သူတို့မင်းကို ဘာမှမလုပ်ပါဘူးနော်။
ခဏ မင်းအဖေ မင်းကို ထိုးကြိတ်တာတွေဘာတွေလုပ်သေးလား..''
ပြောပြောဆိုဆိုနဲ့ သူ့မှေးဖျားလေးကို ကိုင်ကာ သူ့မျက်နှာကို ဟိုလှည့်ဒီလှည့်လုပ်နေတဲ့ tineကြောင့် sarawat ကပျာကယာကားကို ရပ်ရသည်။
ကလေးပေါက်စလုပ်ပုံနဲ့ ယာဉ်တိုက်မှုတွေ ဖြစ်တော့မှာဘဲ..
ကားရပ်ပြီးပြီးချင်း သူအသည်းယားလွန်းလို့ မထိန်းနိုင်တော့ဘဲ စိတ်ပူနေပုံပေါက်နေတဲ့ ကလေးပေါက်စကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။
" wat..လမ်းမကြီးမှာလေ..''
" သိတယ်လေ..ကိုယ်ဘာလုပ်နေလို့လဲ..ဖက်ရုံဘဲကို..''
ထိုအခါ သူ့ရင်ခွင်ထဲ ခေါင်းမှီနေရင်း tineက သူ့ကို မော့ကြည့်လာသည်။
" မင်းတကယ်အဆင်ပြေရဲ့လားဟင်..''
တကယ်ကို စိတ်အကြီးအကျယ်ပူနေတဲ့မျက်ဝန်းတွေနဲ့ မေးခွန်းထုတ်နေတာမို့ sarawatမနောက်ရက်တော့။
ထိုချစ်စရာလူသားလေးရဲ့နှာဖူးလေးကို အနမ်းတစ်ချက်ပေးလိုက်ရင်း
" အင်း ကိုယ် အဆင်ပြေတယ်။
ဒါတွေက ကိုမြင်နေကြမို့ ထူးပြီး မခံစားရတော့ပါဘူး။
စိတ်မပူနဲ့။ဟုတ်ပြီလား...''
အဲ့တာလည်း စိတ်အလိုမကျသေးဟန်မတူဘဲ မှုန်သုန်နေတဲ့မျက်နှာလေးကြောင့် သူစိတ်မကောင်းဖြစ်မိသွားသည်။
ဒီကလေး ဘာတွေအတွေးလွန်ပြန်ပြီလဲ။
သူ tineကို ရင်ခွင်ထဲကနေ ဆွဲထုတ်ကာမျက်နှာချင်း ဆိုင်လိုက်သည်။
ကလေးငယ်ရဲ့ ပခုံးနှစ်ဖက်ကို သူထိန်းကိုင်လိုက်ရင်း
" အင်း...တကယ်ဘာမှမဖြစ်ဘူးလို့ ပြောရင် ကိုယ်လိမ်ရာကျလိမ့်မယ်
အမြဲတမ်း ကိုယ်မြင်နေကြ ကြားနေကြဆိုပေမဲ့လည်း ကိုရင်တော့နာနေတုန်းဘဲ..
ဒါပေမဲ့ အရင်တုန်းကလောက်မဟုတ်တော့ဘူး။
အနည်းဆုံးတော့ ကိုယ်လစ်လျူရှုနိုင်သွားပြီလေ။
အဲ့ကြောင့်မို့ ကိုယ်အဆင်ပြေတယ်ပြောတာ။
တအားကြီး လျှောက်တွေးပြီး စိတ်မပူပါနဲ့
ဒီတိုင်း ဒီလိုဘဲ မင်းရှိနေရင် ရပြီ။
မင်း ကိုယ့်အနားမှာရှိနေရုံနဲ့ ကိုယ်ဘာတွေဖြစ်ခဲ့တယ်၊နာကျင်ခဲ့ရတယ် ဆိုတာက အစကိုယ်အကုန်မေ့တာ..
သိရဲ့လား..ဟင်.''
ပခုံးနှစ်ဖက်ကနေ မျက်နှာလေးကို ဆွဲမော့လိုက်သည်။
ထိုအခါမှ မရွှင်သလိုဖြစ်နေတဲ့ရုပ်လေးက ပြန်ပြုံးသွားကာ အင်း..ဆိုပြီး ခေါင်းညိတ်ပြလာသည်။
ထိုအပြုံးလေးတွေက တအားလှလွန်းတယ်.
သူ ပြုံးရင်း ထို အသည်းယားစဖွယ်မျက်နှာလေးကို နေရာအနံ့ တရွတ်ရွတ်နဲ့နမ်းပစ်သည်။
Tineက အလန့်တာကြားနဲ့ ဘေးဘီကို ကြည့်ရင်း မျက်လုံးတပြူးပြူးနဲ့ သူ့ကို ထုတော့၏။
" လမ်းမကြီးမှာရီး..။အခြားလူမြင်ကုန်ဉီးမယ်''
sarawat အပြင်ကို ကြည့်သလိုလို tineရဲ့အနားကို တိုးကာ ဟုတ်လား ကိုယ်တော့မတွေ့ဘူး ဆိုပြီး ပါးကို ဖြတ်ကနဲ ထပ်နမ်းလိုက်၏။
ကလေးပေါက်စက မျက်နှာတွေနီရဲပြီး ရယ်လာသည်။
" တော်ပြီ..wat အိမ်မရောက်ဘဲ နေမယ်။
ခုတောင် တအားနောက်ကျနေပြီ''
sarawat တစ်ခဏတော့ ငြိမ်သွားပြီးမှ ထို ရှက်ကိုးရှက်ကန်းရေရွတ်နေတဲ့ နှုတ်ခမ်းလေးကို ဆတ်ကနဲနမ်းလိုက်သည်။
ပြီးတာနဲ့ သူချက်ချင်းပြန်ခွာလိုက်၏။
နို့မို့ဆို သူစိတ်မထိန်းနိုင်ဘဲ နေမှာ...
" အင်း..ကျေးဇူးတင်ပါတယ်..
စောစောက စေ့စပ်ပွဲမှာ မင်းဘယ်လောက်လန့်နေလဲဆိုတာ ကိုယ်သိတယ်။
အဲ့ဒါကို ဘာမှမဖြစ်သလိုနဲ့ အေးဆေးလေးလုပ်ပြသွားတာ..
ကိုယ်ဘယ်လောက်ထိတောင် အားတက်လဲ သိလား
တစ်သက်လုံး မပြောဖူးတဲ့စကားတွေတောင် ကိုယ်ပြောရဲလာတဲ့အထိ။
အင်း..ချစ်တယ်..tine..
မင်းကိုလေ..တကယ် ကိုယ်ပြောမပြတတ်အောင်ကို ချစ်တယ်''
Tine က အရည်လဲ့နေတဲ့မျက်ဝန်းတွေနဲ့အတု ခေါင်းညိတ်ပြရင်း ''ငါလည်း ချစ်တယ် wat''ဟု ဆိုလာသည်။
သူ နောက်တစ်ကြိမ် ထပ်နမ်းရင်း ပြင်လိုက်၏။
သို့သော်သူ့နှုတ်ခမ်းတွေ ထိုနှုတ်ခမ်းဖူးဖူးနား ရောက်ခါနီးမှာပင် tineရဲ့ ဖုန်းraintoneသံထွက်လာသည်။
Tine က ချက်ချင်းပင် သူနဲ့ခွာကာ ဖုန်းကို အိတ်ကပ်ထဲက ထုတ်လိုက်သည်။
sarawat အောင့်သက်သက်နဲ့ ဖုန်းကို မကျေမနပ်ကြည့်တော့ tineက ပြုံးစိစိလုပ်နေသည်။
သို့သော် ဖုန်းnuကို ကြည့်လိုက်တဲ့တစ်ခဏ tineရဲ့ပြုံးစိစိမျက်နှာက ပျောက်ကွယ်သွားသည်။
အဲ့အစား ထိတ်လန့်တကြားဖြစ်နေတဲ့ဟန်က အစားထိုးဝင်လာ၏။
" သေတော့မှာဘဲ...''
ဆဲသံသဲ့သဲ့လေးပါ ထွက်လာတော့ sarawatမျက်မှောင်ကြုံ့မိသွားသည်။
" ဘယ်သူလဲ.. tine''
ဖုန်းမကိုင်ဘဲ ချီတုန်ချတုံလုပ်နေတဲ့ ကလေးပေါက်စကြောင့် sarawatသိချင်ဇောနဲ့ မေးလိုက်သည်။
" ငါ့အမေ..''
မောဟိုက်သံနဲ့ ဖြေလာတဲ့ tineကြောင့် မျက်လုံးတွေပြူးသွား၏။
" ဟင် အမေ..
အဲ့ဆို ကိုင်လိုက်လေ..tine''
" ငါကိုင်ချင်ပါတယ်။ဒါပေမဲ့ အမေ tvက သတင်းကြည့်ပြီးလောက်ပြီ။
ဆူမို့ ဖုန်းဆက်တာနေမှာ..''
Callsတွေက ဆက်တိုက်ဝင်နေဆဲ။
Sarawat စိတ်မရှည်တော့..
Tineရဲ့ ဖုန်းကို ဖျတ်ကနဲဆွဲယူလိုက်သည်။
Tineက မျက်လုံးလေးပြူးကြောင်ကြည့်နေတုန်း သူ အစိမ်းရောင်လေးအားနှိပ်ချပြီးသားဖြစ်နေခဲ့ပြီ။
"Wat.. မင်း.. ''
Tineက အသံတိတ်လှမ်းကြိမ်းနေစဉ် တစ်ဖက်မှ အသံထွက်လာသည်။
"သားကြီးလား...
အမေ့ကို ပြောစမ်းပါအုံး..
ဘာလို့ သားပုံတွေက သတင်းမှာ အဲ့လောက် တက်လာတာလဲ။
သတင်း channelတိုင်းမှာ သားတို့အကြောင်းတွေချည်းဘဲ။
စေ့စပ်ပွဲတွေနဲ့ရော ဘာတွေရော ရှုပ်ယှက်ခက်လိုက်တာ..
အမေ့ကို ရှင်းစမ်းပါ။
သားကို စာလုပ်ခိုင်းတာနော်..ဘာအရှုပ်ထုပ်တွေကို လုပ်ချလာတာလဲ သားကြီး။''
Tineရဲ့အမေအသံသည် အေးအေးလေးသာဆိုပေမဲ့ ပြတ်သားကာ မာတောင့်လွန်းနေသည်။
Tineက ဖုန်းပြန်ပေးပါဆိုတဲ့အမူအယာလေးနဲ့ ဖုန်းကို တောင်းနေ၏။
" ဟုတ်ကဲ့။ခု အမေပြောနေတာ tineတော့ မဟုတ်ဘူးဗျ။ သူ့ကောင်လေး sarawatပါ''
Tineက ပျာပျာသလဲနဲ့ဖုန်းထလုတော့သည်။
sarawat tineကို လက်တစ်ဖက်က ကာထားရင်း တစ်ဖက်က ဖုန်းကို ခက်ဝေးဝေးခွာထားသည်။
Tine၏အမေမှာ ရုတ်တရက်တော့ ကြောင်သွားဟန်တူသည်။
အချိန်အတော်ကြာ ဘာသံမှ မကြား။
သို့သော် သူ့အတွေးမဆုံးခင်..
" ဟမ်...အဲ့ဆို မင်းက ဟိုသူဠေးသားလား..
ကောင်စုတ်လေး..ငါ့သားဘယ်မှာလဲ။
ဒီအချိန်ထိ သားနဲ့တူတူရှိနေတာလား..
မင်းတို့ဘာလုပ်..''
" အာ..မား..သားလာပြီ...''
Tine အမေ့ရဲ့စကားတောင်ဆုံးအောင်နားမထောင်လိုက်ရ။
ကလေးပေါက်စက ဖုန်းကို ရအောင်လုသွားကာ ဖြတ်ပြောလိုက်သည်။
သို့သော် speakerကြီးဖွင့်ထားတာမို့ sarawatဆိတ်ဆိတ်ငြိမ်ငြိမ်နားထောင်လိုက်၏။
" သားကြီး..စောစောက ဘယ်သူတုန်း..''
Tine က သူ့ကို ကြည့်လာသည်။ပြီးမှ
"ဟို...သားချစ်သူပါ အမေ''
" သားကြီးကတော့...ဟူး..အင်းပါ..အမေမပြောတော့ဘူး။ဒီပိတ်ရက်မှာ အိမ်ခဏပြန်လာခဲ့လို့ဘဲ ပြောချင်တယ်။
သားအဖေလည်း ဟိုမှာ သတင်းတွေကြည့်ပြီး ရွတ်နေပြီ။
အေး..စောစောက အမေလို့ခေါ်သွားတဲ့ အဲ့ကောင်စုတ်လေးပါ ခေါ်လာခဲ့..ကြားလား''
"ဟုတ် အမေ။သားတို့ ဒီကျောင်းပိတ်ရက်လာခဲ့မယ်။''
" အင်း..နေပါအုံး.. ဒီအချိန်ကြီး မအိပ်ကြသေးဘူးလား။ဘာလုပ်နေကြတာတုန်း''
sarawatပြုံးစိစိဖြစ်သွားသလို tineမျက်နှာလေးက ရဲကနဲဖြစ်သွားသည်။
" အာ..အမေကလည်း.. ဘာမှမလုပ်ပါဘူး။
အမေ ဘာမှပြောစရာမရှိတော့ဘူးမလား။
သားချတော့မယ်နော်''
" ဟဲ့..''
တစ်ဖက်က ယောက္ခမကြီးရဲ့စကားတောင်မဆုံးခင် ကလေးပေါက်စက ဖုန်းကို တန်းချပစ်သည်။
ပြီးတော့ ပြုံးတုန့်တုန့်လုပ်နေတဲ့သူ့ဘက်ကို လှည့်ပြီး မျက်စောင်းကြီးခဲကာ သူ့ခြေထောက်က်ို လှမ်းကန်တော့၏။
" wat စုတ်...ဘာလို့ဘလိုင်းကြီး အဲ့လိုသွားပြောတာလဲ။''
"အဲ...ကိုယ်ပြောတာမှားလို့လား''
sarawat ရယ်ချင်စိတ်ကို အောင့်ထားကာ
ရှက်နေတဲ့ ကလေးပေါက်စရဲ့ပါးပြင်ကို ချစ်စနိုးဆွဲလိမ်လိုက်သည်။
Tineက မျက်မှောင်ကြီးကုတ်ပြီး ဆူပုတ်ပုတ်လုပ်နေတာကို သူ မသိသလိုလုပ်ရင်း ကားကို မောင်းထွက်လာခဲ့သည်။
သူတို့ တိုက်ခန်းရောက်တော့ 11နာရီတောင် ကေျာ်နေခဲ့ပြီ။
![](https://img.wattpad.com/cover/224669679-288-k177218.jpg)
ESTÁS LEYENDO
မင်းကလွဲ၍(မင္းကလြဲ၍)
RomanceSarawat နဲ့ tineလေးကို သဘောကျလို့ရေးတဲ့ficပါ။ 2getherရဲ့factsတွေပေါ်အခြေခံပြီး drama typeလေးရေးထားတာပါ😸 Start Date - 7.10.2020 End. Date - 2.12.2020