Chapter - 13(Uni+Zaw)

1.9K 155 20
                                    

Unicode

"Tine မင်းမျက်နှာတွေဘာလို့အဲ့လောက်နီရဲနေတာလဲ။''
အခန်းထဲတွင် tineနဲ့fongသာရှိသည်။ဟိုနှစ်ကောင်က page reviewနဲ့ပတ်သတ်ပြီးမုန့်သွားစားနေကြ၏။fongကလိုက်ချင်သော်လည်း tineတစ်ခုခုဖြစ်နေတာရိပ်မိသဖြင့် စပ်စုရန်ဆုံးဖြတ်ထားသည်။
ခုလည်း သူမေးတာမဖြေဘဲပိုပြီးနီရဲတွတ်လာသောမျက်နှာကြောင့် သိချင်စိတ်ပြင်းပြလာသည်။
"ဘာမှမဖြစ်ပါဘူး''
မျက်နှာပေါက်အတည်ရီးနဲ့လိမ်လိုက်သေး။
"မင်းနဲ့ငါပေါင်းလာတာကြာပြီ။မင်းလိမ်နေမှန်းအသိသာကြီး။ကဲပြော sarawatကိစ္စဘဲမလား။''
သက်ပြင်းသဲ့သဲ့လေးချကာခေါင်းညိတ်ပြသည်။
"ဘာဖြစ်တာလဲ။မနေ့ကတောင် နှစ်ယောက်သားconcertမှာရိုနေကြပြီးတော့။''
"မဟုတ်ပါဘူး။သူ့သူတီးပြတာ။ပွဲရောက်မှ ငါလည်းသိတာ။နေဉီး ငါမင်းကိုတစ်ခုမေးစရာရှိလို့''
"မေး''
Fong သူ့သူဆရာကြီးစတိုင်လေးဖမ်းကာ ကိုယ်ဟန်ကိုယ်ထားကိုပြောင်းထိုင်လိုက်သည်။
"ဒီလိုလေ။သူ့ကိုမကြိုက်ပါဘူးလို့ငါတွေးနေပေမဲ့ သူ့နားရောက်ရင်တော့ဟို.. အဲ့မျိူးဘာလုပ်လို့လုပ်ရမှန်းမသိ အသက်ရှုတွေမြန်လာတယ်။ပြီးရင် သူလုပ်သမျှသူပြောသမျှတွေကိုလည်း ငါမလွန်ဆန်နိုင်ဘူး။ငါကရှောင်ဖို့ကြိုးစားလေသူ့နားပိုနီးလေ။
အဲ့တာဘာကြောင့်လဲ''
မျက်နှာငယ်လေးနှင့်စိတ်ရှုပ်စွာပြောနေသည့်tineကိုကြည့်၍fongလှောင်မဲ့အစားသနားမိသွားသည်။
လတ်စသတ်တော့ နှလုံးသားနဲ့ဉီးနှောက်ကြားဗျာများနေရသည့်သူငယ်ချင်း။
အင်းလေ အထက်တန်းတစ်လျှောက်လုံး မိန်းကလေးတွေဘဲကြိုက်လာတော့လည်း
ယောကျာ်းလေးတစ်ယောက်ကိုပြောင်းချစ်ဖို့သူ့မှာ မဝံမရဲဖြစ်နေရှာတယ်။ပြီးရင်သာမန်လူလည်းမဟုတ်။sarawatဆိုသည့်လူဖြစ်နေသည်။
"အခြားမတွေးဘဲနှင့် မင်းနှလုံးသားအတိုင်းဘဲလိုက်လေ။''
သူပြောလိုက်တာရိုးရိုးရှင်းရှင်းသာဖြစ်သော်လည်းထိုငတုံးလေးကတော့မျက်မှောင်ကြီးကြုတ်ထားသည်။
"ငါပြောတာက မင်းရဲ့စိတ်ဆန္ဒကိုလိုက်လို့ပြောချင်တာ။ထိန်းချုပ်မထားနဲ့။
ဉပမာကွာ သူကထမင်းစားဖို့ခေါ်တယ်ဆိုပါတော့။မင်းစိတ်ထဲမှာစားချင်နေရဲ့သားနဲ့မသွားဘူးဘာဘူးနဲ့ကိုယ်ကိုယ်ကိုထိန်းမထားနဲ့။မင်းနှလုံးသားက တောင်းဆိုနေတာကို
လိုက်နာလိုက်။အဲ့ဆိုမင်းရဲ့ဘာကြောင့်လဲဆိုတဲ့မေးခွန်းက ရှင်းသွားလိမ့်မယ်။''
သူစိတ်ရှည်လက်ရှည်ရှင်းပြပြီးသည့်အချိန်တွင်တော့ tineတစ်ယောက်အတွေးလွန်နေဟန်နှင့်အပြင်ကိုငေးနေ၏။fongလည်း လွှတ်ထားလိုက်ပြီးအိမ်စာတွေပြန်စစ်နေလိုက်သည်။
"Fong ''
"ဘာလဲ''
"ကျေးဇူးအရမ်းတင်တယ်။ဒါနဲ့ ငါနေ့လည်စာသွားစားမလို့။မင်းလိုက်မလာနဲ့နော်''
ရုတ်တရက်တော့fongကြောင်အသွားသည်။
သို့သော်ပြုံးစိစိဖြစ်နေသောမျက်နှာထားကြောင့်သဘောပေါက်လိုက်ပါသည်။
"အေး ငါလည်း စာမပြီးသေးဘူး။သွား မင်းကိုစောင့်နေလောက်ပြီ။''
"အင်း သွားပြီ။''
Tine fongကိုလက်ပြပြီးအခန်းထဲကထွက်ရန်ပြင်လိုက်သည်။ထိုစဉ်
"ဒီတစ်ခါတော့ ငါသတင်းကောင်းကြားပါ
ရေစ။''
"မင်းအဘမို့ သတင်းကောင်း''
Fongတဟားဟားနဲ့ရယ်နေခိုက်သူအပြင်ကိုမြန်မြန်ပြေးထွက်လာခဲ့၏။
နာရီကိုကြည့်ရင်းအောက်ထပ်ကိုဆင်းအလာတွင်တော့ တစ်စုံတစ်ယောက်ကသူ့ထက်ပိုစော၍ရောက်နှင့်နေသည်။
Sarawatကိုမြင်မြင်ချင်း မျက်နှာတစ်ခုလုံးပူနွေးတက်လာသလို နှလုံးသားကလည်းမီးရထားလိုခုန်နှင်းနေ​လေသည်။မနေ့ညက နမ်းပြီးပြီးချင်း အရှက်လွန်ပြီးကားပေါ်က ကောက်ကနဲဆင်းပြေးခဲ့သည်။ယခုလည်း သူပြေးချင်ပေမဲ့fongရဲ့စကားတွေက နားထဲပြန်ရောက်လာသည်။ထို့ကြောင့် ဘာမှမဖြစ်ဘူးလို့အားတင်းရင်း သူ့ကိုပြုံးပြနေသောsarawatထံလျှောက်လာလိုက်သည်။
"အမpinဆီနေ့လည်စာသွားစားမယ်။လိုက်ခဲ့''
"နေ့လည်အတန်းရှိတယ်လေ။''
"အင်း ကိုယ်လည်းရှိတယ်။တစ်ရက်လောက်ပျက်တာတော့ဘာမှမဖြစ်ဘူးမလား။''
Tineရယ်ချင်သွား၏။အတန်းပျက်ဖို့ဆိုရင်တော့သူ့အတွက်နှစ်ခါပင်တိုင်ပင်စရာမလို။''
"အေးလေ သွားမယ်။ငါဗိုက်ဆာနေပြီ။''
Tine saeawatရှေ့ကနေလျှောက်သွားလိုက်သည်။
နားရွက်ဖျားတွေကအစနီရဲနေသည့်အရှက်သည်းနေသောကလေးငယ်လေးကို sarawatပြုံးရုံသာတတ်နိုင်တော့သည်။
ကားပေါ်မှာတွင်လည်းသူ့ကိုစကားတစ်ခွန်းမှမပြောဘဲ မျက်လုံးကြီးကိုမှိတ်ပြီးအိပ်နေသည်။
ပါးလေးကိုတို့ပြီးစပစ်ချင်သော်လည်း မနေ့ညက သူ့ကြောင့်စိတ်အလှုပ်ရှားလွန်ပြီးအိပ်မပျော်ဖြစ်နေမှာကိုလည်း တွေးမိသွားကာ သူပြုံးမိသွားသည်။
ဟုတ်တယ်မလားtine မနေ့ညကသာ မင်းအိပ်မပျော်ခဲ့ဘူးဆိုရင် ကိုယ်အရမ်းပျော်မှာဘဲ။

မင်းကလွဲ၍(မင္းကလြဲ၍)Место, где живут истории. Откройте их для себя