Chapter - 29(Uni+Zaw)

1.9K 150 25
                                    

Unicode

Sarawatအသိလွတ်စွာဖြင့် Danအားတရစပ်ထိုးနေတော့၏။
ပထမတော့ tineမှာ ကြောင်ငေးနေမိသေးသည်။နောက် Danတစ်ယောက် သွေးအလူးလူးဖြစ်နေတာမြင်မှ ကပျာကယာပြေးဝင်ဆွဲရတော့၏။
"sarawat တော်တော့။ဒါကျောင်းဝန်းကြီး။''
လက်မောင်းကို အသာဆွဲပြီးသတိပေးတော့မှ sarawat၏လက်အစုံသည် ရပ်တန့်သွားခဲ့သည်။
Danရဲ့ကိုယ်ပေါ်ကနေဝုန်းကနဲ ထ၍ မျက်ထောင့်နီနဲ့ကြည့်နပုံအရ sarawatဒေါသအတော်ထွကိနေမှန်း tineရိပ်စားမိပါသည်။
သို့သော် ထပ်ပြီးအလွန်အကျူးမဖြစ်ရန် သူ့လက်မောင်းကို အသာဆုပ်ကိုင်ထားပေးရသည်။
ထိုအခါမှ တရှူးရှူးဖြစ်နေသောအသက်ရှူသံသည် တဖြည်းဖြည်းပြန်တည်ငြိမ်လာ၏။
တင်းမာနေသောမျက်နှာထားကတော့ အနည်းငယ်မျှပင် ပျော့ပြောင်းသွားခြင်းမရှိ။
Danသည် လဲနေရာမှအသာထလာပြီး သူ့အိတ်ကပ်ထဲက လက်ကိုင်ပဝါကိုထုတ်၍ မျက်နှာ​ပေါ်က သွေးတွေကို သုတ်နေသည်။
အပြူအမူတွေက ဘာမှမဖြစ်ခဲ့သလိုဘဲ ပုံမှန်လုပ်နေတာမို့ tineစိတ်ထဲတွင်တော့ မေးခွန်းတွေထုတ်နေမိ​တော့သည်။

ထိုလူ pshycoများဖြစ်နေသလား။

ထို့နောက် သူတို့ကို မျက်နှာသေကြီးနဲ့ပြန်စိုက်ကြည့်လာပြီး
"မင်းအဲ့နေ့က ကံကောင်းသွားမယ်လို့မထင်ခဲ့မိဘူး။''ဟု
အေးတိအေးစက်နဲ့ တစ်လုံးချင်းစီပြောလာသည်။
ဆတ်ကနဲပြန်ရုန်းထွက်ရန်ပြင်လိုက်သောလက်မောင်းတွေကို tineတင်းကျပ်စွာပြန်ဆွဲထားမိသည်။
"ကျွန်တော်အဲ့နေ့က သိပ်မှားသွားတယ်။
ခင်ဗျားအမေရဲ့မျက်နှာကြောင့် ကျွန်တော်ငြိမ်ပေးလိုက်မိတာ။
နောက်ဆုံးတော့ စောက်ချိုးမပြေတာက မပြေတာဘဲ။''
sarawat၏အသံတွေသည် ပြတ်သားတည်ငြိမ်နေသည်ဟုထင်ရပေမဲ့ အဖျားစွန်းတွင် မသိမသာတုန်ရီနေပုံအရ ဒေါသကို မနည်းထိန်းနေရသည့်ဟန်။
Danကတော့ ဘာကို သဘောကျနေသည်မသိ။တဟားဟားနဲ့အူလှိုက်သည်းလှိုက်ကို ရယ်နေသည်။
Tineဘေးကနေသာ သူတို့ညီအစ်ကိုတွေ၏ပဠိပက္ခကို အသာအကဲခတ်နေလိုက်သည်။
အားရအောင်ရယ်နေတဲ့ရယ်သံတွေသည် တဖြည်းဖြည်းတိုးလာပြီး နောက်ဆုံးတော့ အေးစက်မာကြောသောလေသံအ​ဖြစ်သို့ပြောင်းလဲသွားတော့သည်။
"ငါ့အမေကို ဆွဲဆွဲထည့်စရာမလိုဘူး။လောကကြီးမှာ မိထွေးကို မမုန်းတဲ့လူဆိုတာမရှိဘူး။ခွေးကောင်...
မသိရင် သိပ်ကို စိတ်ထားကောင်းနေတယ်ပေါ့လေ။မင်းလည်း မင်းအဖေရဲ့စောက်ကျင့်အတိုင်းဘဲ။''
"တော်တော်ထူးဆန်းပါလား။ခါတိုင်းဆို အဖေမှ အဖေဖြစ်နေတဲ့ အဖေချစ်သားက ခုလေသံတွေတောင် ပြောင်းသွားပြီဘဲ။''
သူတို့ပြောတာတွေဘာတစ်ခုမှ tineရေရေရာရာမသိပေမဲ့ ခုsarawatရဲ့စကားက တော်တော် ထိရောက်သွားဟန်တူသည်။
အကြောင်းမူ Dan၏ မျက်နှာသည် လုံးဝကို မည်းပုပ်သွားသောကြောင့်ဖြစ်သည်။
ဒေါသချောင်းချောင်းထနေသော မျက်ဝန်းတွေနဲ့လည်း sarawatကို ဝါးစားမတတ်စိုက်ကြည့်နေ၏။
ထူးဆန်းစွာ ထိုမျက်ဝန်းတွေသည် sarawatနဲ့ခွဲလို့မရအောင်ချွတ်စွတ်တူနေသည်။
သေချာတာတော့ ဖခင်ထံမှ နှစ်ယောက်လုံးတူညီစွာရထားခြင်းဖြစ်​လိမ့်မည်။
"အဖေနဲ့ တစ်ခုခုဖြစ်လာလို့ ကျွန်တော့်ဘက်လှည့်လာတာမလား။''
Sarawat၏အေးအေးစက်စက်မေးခွန်းအဆုံးတွင်တော့ Dan၏မျက်နှာတွင်အပြုံးတစ်ခုစွန်းထင်းလာသည်။
ကြောက်စရာကောင်းသော အကြည့်စူးစူးတွေနဲ့လည်း Tineဘက်ကို လှည့်လာ၏။
"မင်းပြောတာမှားနေတယ်။မင်းဘေးက ချာတိတ်က တအားကို ချစ်ဖို့ကောင်းလို့ ငါမင်းကို ပြသာနာလာရှာတာပါကွယ်။''
ဒီတစ်ခါတော့ Tineရဲ့အားတွေတောင် sarawatရဲ့လျှင်မြန်မှုကို မယှဉ်နိုင်။
စက္ကန့်ပိုင်းအတွင်းပင် Danရဲ့အကျီကော်လံကို စောက်ဆွဲပြီးသားဖြစ်နေတဲ့sarawatကို tineသက်ပြင်းချရုံ ငေးကြည့်ရုံသာတတ်နိုင်တော့သည်။
"ကျွန်တော် အ​ပြတ်ပြောလိုက်မယ် Dan။
ခင်ဗျားဘာသာ ကြိုက်တဲ့လူကို ထိထိ။
ယုတ်စွအဆုံး ကျွန်တော့်မိဘတွေကို ထိရင်တောင်မှ ခင်ဗျားကို လွှတ်ရင်လွှတ်ပေးမယ်။
ဒါပေမဲ့ tineကို ဆံတစ်မျှင်တောင်ထိဖို့မကြိုးစားနဲ့။နို့မို့ရင် ခင်ဗျားအမေကိုလည်း ကျွန်တော်ဘာလုပ်မိမယ်လို့ အာမမခံနိုင်ဘူး။''
မီးဝင်းဝင်းတောက်နေသောဒေါသနှစ်ခု ယှဉ်ပြိုင်လာတဲ့အခါ tineမနေနိုင်တော့။
sarawatကို ဘေးကနေအသာ ဆွဲခေါ်မိတော့၏။
"sarawat လာပြန်ရအောင်။အရမ်းညဉ့်နက်နေပြီ။''
ဒီတစ်ခါတော့ sarawatထက် Danက အရင် ဉီးစွာ sarawatရဲ့လက်တွေကို ဖြုတ်ချကာ သူ့အကျီကို အမှိုက်ခါသလိုတဖြတ်ဖြတ်ခါနေသည်။
sarawatတော့ မသိ။Tineကတော့ မသထီသလိုလုပ်နေတဲ့Danကို ပိတ်ထိုးပစ်ချင်သည်မှာ လက်တွေယားလှပြီ။
သို့သော် စိတ်ကို အောင့်အီးရင်း sarawatကို ထိုနေရာကနေ အမြန်ဆုံးခေါ်ထွက်လာခဲ့သည်။
တော်သေးတာပေါ့ ။ရုန်းရင်းဆန်ခတ်နေတဲ့အခြေအနေကို clubကလူတွေမမြင်သွားတာ။
ကားထဲဝင်လိုက်သည့်အချိန်ထိ sarawatမှာ စကားတစ်ခွန်းမှ မဟသေး။
Tineလည်း ဘာမှမမေးဘဲ တိတ်တိတ်သာ နေနေမိသည်။
စိတ်ရှုပ်နေတဲ့ချစ်ရသူကို ပိုစိတ်ရှုပ်အောင် သူမေးခွန်းတွေမမေးချင်ပါ။
သို့သော် အေးစက်နေတဲ့လက်ဖဝါး​လေးကို သူအနားမှာ ရှိစေကြောင်း သတိရအောင် ဆုပ်ကိုင်ထားပေးမိ၏။
သွေးစတွေသီးနေသောလက်ဖမိုးကို မြင်လိုက်ရတဲ့တစ်ခဏတွင် ပျာပျာသလဲနဲ့ black boxဘေးနားက တစ်ရှူးတစ်ခုယူ၍ သုတ်ပေးမိသည်။
အချိုးအဆစ်ကျနတဲ့လက်ညှိုးလေးတွေကြား သုတ်ပေးနေမိခိုက်
"Tine ကို့အိမ်မှာ စောင့်နေလို့ပြောတာကို ဘာလို့ ကျောင်းထိတောင်လိုက်လာရတာလဲ။''
ဟု မေးသံသဲ့သဲ့ထွက်လာသည်။
Tine မော့မကြည့်ဘဲ သွေးတွေကို ပြောင်ရှင်းအောင်သုတ်ပေးပြီးမှ ခေါင်းပြန်မော့လာမိ၏။
ခဏကလို အရမ်းကြီးဒေါသမကြီးတော့ပေမဲ့ အကြွင်းအကျန်တော့ကျန်နေ​သေးတဲ့မျက်ဝန်းတွေနဲ့ ရင်ဆိုင်လိုက်မိသည်။
ထို့နောက် "ငါ စိုးရိမ်လို့။''ဟု အမှန်အတိုင်းသာပြန်ဖြေမိသည်။
"Danနဲ့ဘယ်တုန်းက စတွေ့တာလဲဟင်''
"ဒီနေ့နေ့လည်မှ မင်းtoiletသွားနေတုန်းလေ။သူလာစကားပြောတာ။''
"ကို့ကို စိုးရိမ်တယ်ဆိုတော့ မင်းကို တစ်ခုခုများပြောလိုက်လို့လား။''
Tine ခေါင်းသာသွက်သွက်ခါယမ်းပြမိ၏။
"မဟုတ်ပါဘူး။ဒီတိုင်း....''
"Tine သူက ဘယ်သူဆိုတာ ရိပ်မိနေခဲ့ပြီးသားမလား။''
sarawatမျက်နှာက နူးညံ့ညင်သာနေသော်လည်း စကားသံတွေက တည်ငြိမ်ပြတ်သားနေသည်။
တကယ်တမ်းတော့ သူ့မျက်နှာကို ကြည့်ပြီး
sarawatအဖြေသိပြီးသားဖြစ်မှာပါ။
အခြားသူတွေကို သူလိမ်လို့ရချင်ရပေမဲ့ sarawatကတော့ ချွင်းချက်ပင်။
"အင်း ။အစ်မpinပြောပြတာ။''
ကားထဲတွင် တိတ်ဆိတ်မှုသည် စက္ကန့်ပိုင်းအတွင်းလောက် ကြီးစိုးသွားသည်။
"အကုန်သိပြီးပြီပေါ့''
"ဟင့်အင်း Danက မင်းနဲ့ညီအစ်ကိုတော်တယ်ကလွဲပြီးမသိဘူး။''
sarawatသည် အနည်းငယ်အံ့အားသင့်နေဟန်နဲ့ သူ့ကို ငေးကြည့်နေသည်။
သူသိနေတယ်လို့ နည်းနည်းမှ မထင်ထားသည့်ပုံ။
နှစ်ယောက်သား အပြန်အလှန် အကြည့်ချင်းဖလှယ်ပြီးသည့်နောက် သူ့ရင်ခွင်သည် နွေးကနဲဖြစ်သွားရသည်။
အကြောင်းမူ ခါတိုင်းသူ့ကို ထွေးပွေ့လေ့ရှိသူက ယခုတော့ သူ့ရင်ခွင်ထဲကို တိုးဝင်လာတာဖြစ်သည်။
Tineဘာစကားတစ်ခွန်းမှ မဆိုမိဘဲထိုလူကို တင်းကျပ်စွာပွေ့ဖက်ထားပေးမိ၏။
"Tine ကိုယ်တောင်းပန်တယ်နော်။''ဟု တိုးညင်းစွာဆိုလာတဲ့စကားသံသဲ့သဲ့ကြောင့် ကျောကိုပုတ်ပေးမိသည်။
"ဘာကိုလဲ watရယ်''
"မင်းကို မပြောပြမိလို့လေ။ကို ပြောပြချင်ပေမဲ့ အဲ့အရှုပ်ထုပ်တွေကြောင့် မင်းကို စိတ်မညစ်စေချင်ဘူး။''
"ရပါတယ်။ဘာမှမဖြစ်ပါဘူး။''
"ခုတော့ ကိုပြောမှရတော့မယ်။မင်းကို တိုက်ရိုက်ထိလာပြီ။
တကယ်တော့ Danရဲ့အမေက ကိုယ့်အဖေရဲ့အချစ်ဉီး။''
Tineဒီတစ်ခါတော့ ပါးစပ်အဟောင်းသားဖြစ်မိသွားသည်။
သူထင်တာက အခြားချမ်းသာသည့်လူတွေလိုမျိုး ဖောက်ပြန်ပြီး ယူထားတယ်လို့ဘဲထင်ခဲ့မိတာ။
sarawatကတော့ သူ့ကို တင်းကျပ်စွာပင် ပိုတိုး၍ဖက်လာကာ ဆက်ပြောနေသည်။
"ကို့အမေနဲ့က လူကြီးတွေပေးစားလို့ယူကြတာ။အဖေက အမေ့ကို နည်းနည်းလေးမှ ချစ်ခဲ့တာမဟုတ်ဘူး။
အမေလည်း သိတယ်။အဖေသူ့ကို မချစ်ဘူးဆိုတာ။
ဒါပေမဲ့ မာနသိပ်ကြီးတယ်။အမေက ။ခု အဖေထောင်ထားတဲ့စီးပွားရေးတွေတစ်ဝက်လောက်က အမေ့ရဲ့မိဘတွေဘက်က ရင်းနှီးထားတာ။
အဲ့တော့ အဖေကို သူလက်မလွှတ်ဘူး။အဲ့အမွေတွေကို ပြန်လိုချင်လို့ သူအောင့်အီးပြီး ပေါင်းတယ်။
နှစ်တွေသာ ကြာလာတာ သူတို့ရဲ့အတ္တတွေက မလျှော့ဘူး။
ကို့ကို မွေးသာမွေးထားတာ။သူတို့ရဲ့အသိထဲမှာ ကို့အတွက်ဆိုတာ နည်းနည်းလေးမှမရှိခဲ့တာအမှန်ဘဲ။''
စိုစွတ်နေတဲ့ ရင်ဘတ်က အကျှီအရ သူ့ရင်ခွင်ထဲက လူသားသည် ငိုနေပြီမှန်း tineသိလိုက်ပါ၏။
ချစ်ရတဲ့သူ၏နာကျင်မှုနှင့်အတူ သူ့ရင်သည်လည်း ပူလောင်နေမိသည်။
သို့သော် ဝေ့နေသောမျက်ရည်တွေကို ထိန်းရင်း ဆက်နားထောင်ပေးမိသည်။
"Danကတော့ ကိုနဲ့ကွာတယ်။
အဖေရဲ့အချစ်တွေကို သူအပိုင်ရထားတာ။
ငယ်ငယ်တုန်းက အ​မေမရှိတဲ့အချိန် ကိုတို့အိမ်ကို အ​​ဖေက Danကို ခေါ်လာဖူးတယ်။ကို့ကို မျက်စိထဲလုံးဝမမြင်ဘဲ Danကိုဘဲ အဖေက ဂရုစိုက်တာ။ထမင်းစားတာကအစ။
ကို့ကို အထိန်းတော်ကြီးနဲ့ပစ်ပြီး Danကိုတော့ သူကိုယ်တိုင်ကျကျနနခွံကျွေးခဲ့တာ ခုချိန်ထိ ကိုလုံးဝမမေ့ဘူး။''
Tine၏ရင်ထဲတွင် နင့်ကနဲတစ်ချက်ဖြစ်သွား၏။
နုနယ်သောကလေးငယ်တစ်ယောက်၏နှလုံးသားသည် ထို အခြင်းအရာတွေကို မည်မျှ​တောင်မမျှမတခံစားခဲ့ရမည်နည်း။
"အဖေက အရာရာကို သူ့ကိုဉီးစားပေးခဲ့ပေမဲ့ ကိုတက္ကသိုလ်တက်စတက်တဲ့အချိန်တော့ နည်းနည်းစပြောင်းလဲလာခဲ့တယ်။
ဘာလို့လဲဆိုတာ ကိုလဲမသိဘူး။
ကုမ္မဏီရဲ့ပိုင်ဆိုင်မှု​တွေအားလုံးကို ကို့နာမည်နဲ့လွှဲချပစ်တာ။
ကိုနဲ့Danက တက္ကသိုလ်တက်တဲ့ထိ ဘာမှကတောက်ကဆမဖြစ်ခဲ့ပေမဲ့ အဲ့ကိစ္စကြောင့်ကို့ကို စငြိုးတာတော့အမှန်ဘဲ။
ကို့အထင်တော့ အဖေနဲ့သူ့အမေ အဆင်မပြေတာလည်း ပါလောက်တယ်။
မင်း ကိုကို့စတွေ့တဲ့နေ့ကို မှတ်မိလား။''
Tineထိတ်ကနဲတုန်လှုပ်သွားမိ၏။
သိပ်မှတ်မိတာပေါ့။မိုးတွေ အသည်းအသန်ရွာနေတဲ့ညက ဒဏ်ရာအကြီးအကျယ်နဲ့လဲနေတဲ့ sarawat။
"အင်း မှတ်မိတယ်။မင်းဆေးရုံတက်ရတဲ့ည''
ရင်ခွင်ထဲက သက်ပြင်းချသံသဲ့သဲ့ထွက်လာ၏။
"အဲ့တာက Danရဲ့လက်ချက်။ကို မင်းအဆောင်ရှေ့ကနေ ဖြတ်သွားတုန်း သူ့အပေါင်းအပါနဲ့ ကို့ကို နောက်ကနေဝင်ရိုက်တာ။''
"Danလက်ချက်ပေါ့။ဘာလို့ရဲမတိုင်တာလဲ။
မင်းနဲ့စတွေ့ကတည်းက ငါ့အဲ့အကြောင်းရင်းကို အရမ်းသိချင်ခဲ့တာ''
Tineစိတ်ပေါက်ပေါက်နဲ့ရွတ်နေမိ၏။
"မတိုင်တဲ့အကြောင်းရင်းက သူ့အမေကြောင့်ဘဲ။
သူ့အမေက ကင်ဆာနောက်ဆုံးအဆင့်လေ။''
Tineငြိမ်သက်သွားမိသည်။ဆက်အထွန့်တက်ရန်ပြင်နေတဲ့ပါးစပ်ပေါက်က ဆွံအသွားမိ၏။
လတ်စသတ်တော့ ဒီလိုကိုး။
စောစောက ရှုပ်နေခဲ့သောအငြင်းပွားသည့်ကိစ္စသည် နောက်ဆုံးတော့အဖြေရှင်းရှင်းလင်းလင်းပေါ်သွားခဲ့ပြီ။
ဘာကြောင့်Danတစ်ယောက် သူ့ကို မထိသထိလာလုပ်ရသည့်အကြောင်းရင်းလည်း အဖြေပေါ်ပြီ။
sarawatသူ့ရင်ခွင်ထဲကနေ ထွက်လာပြီး သူ့ကို ဆွဲဖက်လိုက်၏။
တစ်ဖက်က သူ့ခါးကို ဖက်ထားပြီး တစ်ထက်ကမူ သူ့ဆံပင်တွေကို ပွတ်သပ်ပေးနေသည်။
"Danက ကို့ကို နာကျင်စေချင်လို့ မင်းနားကိုကပ်လာခဲ့တာ။
တော်သေးတယ်။Airက မင်းအပြင်မှာ ရောက်နေတယ်​ပြောလို့ ကိုထွက်လာရှာတာနဲ့ စောစောစီးစီးသိလို့။
ကို အခုမင်းကို ပိုစိတ်ပူတယ်သိလား။''
Tine sarawatပခုံးပေါ်ခေါင်းတင်ရင်း ပြုံးလိုက်မိ၏။
"စိတ်မပူပါနဲ့။ငါ့နှလုံးသားက မင်းနားဘဲကို။''
"ကိုသိတယ်။မင်းကို ယုံတယ်။ဒါပေမဲ့ သတိထားလို့ ကိုပြောချင်တာ။
သူက မင်းနဲ့ မေဂျာတူတဲ့အပြင်ကို တတိယနှစ်ဆိုတော့ မင်းကို စီနီယာဆိုတဲ့ရာထူးကြီးနဲ့လာလာကပ်မှာ။''
"ဟင် သူက ငါနဲ့မေဂျာတူတယ်။''
"အင်း ။ကိုနဲ့သူက အစကတည်းက ကို့ဘဝနဲ့ကို နေလာ​ကြတာ။
ပြသာနာတွေရှုပ်လာတော့ ကို့ကို မျှားချင်တာနဲ့ ။မင်းကို ငါးစာအဖြစ်ဆွဲထည့်တာ။''
ဘာလို့လဲတော့မသိ။Tineသိသိသာသာလန့်လာမိ၏။
ထိုစဉ် sarawatက သူ့ကို လွှတ်၍ သူမျက်နှာနဲ့ မျက်နှာချင်းဆိုင်လိုက်သည်။
"ကို့ကို ကတိပေး။မင်းအနားမှာ ကိုတတ်နိုင်သလောက်ရှိနေပေးပေမဲ့ တကယ်လို ကိုမရှိခဲ့ရင်လည်း မင်းသူငယ်ချင်း Fongတို့နဲ့ဘဲ တူတူရှိနေ။အဲ့ဆို ကိုစိတ်ချတယ်။''
Tine ပြုံး၍သာ အင်ဆို၍ ခေါင်းညိတ်ပြလိုက်သည်။
ဘာဘဲဖြစ်ဖြစ် သူ့သူငယ်ချင်းငဒူအဖွဲ့နဲ့ဆိုရင်တော့ Danကို သူကြောက်မှာမဟုတ်။
သို့သော် တစ်စုံတစ်ခုကိုတော့ မသိစိတ်က လန့်နေမိတာအမှန်။
Tineစိတ်မောစွာနဲ့ပင် မျက်စိတွေမှိတ်ရင်း sarawatပခုံးပေါ် ခေါင်းတင်လိုက်မိတော့သည်။

မင်းကလွဲ၍(မင္းကလြဲ၍)Onde histórias criam vida. Descubra agora