Unicode
ကျောင်းပိတ်ရက်တနဂ်နွေနေ့လေးမှာ tineအခန်းထဲတွင်သာ အချိန်ဖြုန်းနေခဲ့၏။
ဆရာတွေအိမ်စာပေးလိုက်သောreportကို အသည်းအသန်လုပ်နေခြင်းဖြစ်သည်။သူကသာ အလုပ်တွေရှုပ်နေသော်လည်း တစ်စုံတစ်ယောက်ကား guitarလေး တဒေါင်ဒေါင်လုပ်နေသည်။
"sarawat တိတ်တိတ်နေပေးပါလား။ဒီမှာ အာရုံစိုက်လို့မရဘူး။''
သူ့အိပ်ယာကို ပိုင်စိုးပိုင်နင်းနေရာယူထားသည့် sarawatကို tineလှမ်းဟောက်လိုက်သည်။
"ဘာလဲ တီးတာမကြိုက်လို့လား။''
သူအော်တာကို ပန်းနဲ့ပန်းပေါက်ခံရသလိုပြုံးစိစိလုပ်နေသောsarawatကြောင့် tineပိုစိတ်တိုသွားသည်။
"အေးလေ ဒီမှာ reportရေးလို့အရတော့ဘူး။''
မျက်မှောင်ကြီးကုတ်ပြီး ပြောမိတော့ sarawatကရယ်ကာ လက်ထဲက guitarကို ချလိုက်သည်။
"နေပါဉီး ဘာလို့အဲ့လောက်ထိ စာအသည်းအသန်လုပ်နေတာလဲ။''
sarawatမေးတာကို tineနှာခေါင်းရှုံ့လိုက်မိသည်။
"ငါလည်း ဘယ်လုပ်ချင်မှာလဲ။ခုက ဆရာက အရမ်းအရေးကြီးတယ်ပြောလို့။finalမှာ အသုံးဝင်မယ်လို့ပြောတယ်။''
"အင်း ကိုယ်သိပြီ။လုပ်လုပ်''
Tine သူ့စာကိုသာ သူပြန်အာရုံစိုက်လိုက်သည်။guitarမတီးတော့ဘဲ တိတ်ဆိတ်သွားသော sarawatကို ဘာလုပ်နေမှန်းသတိမထားမိတော့။
တစ်နာရီလောက်ကြာပြီးတဲ့အခါ tine၏reportရေးခြင်း ပြီးဆုံးသွားသည်။
ညောင်းညာနေသော အကြောတွေကို ဆန့်လိုက်ပြီး ဝါးခနဲသမ်းလိုက်မိ၏။
လက်တော့ကို ပိတ်ကာ အိပ်ရာဘက်ကို လှမ်းကြည့်မိတော့ သူပါးစပ်အဟောင်းသားဖြစ်သွားလေသည်။
ခေါင်းအုံးပေါ်ကို မျက်နှာမှောက်ပြီး အိပ်ပျော်နေသောsarawatကြောင့်ပါ။
ပါးစပ်လေးဟပြီး အားရပါးရကို အိပ်ပျော်နေတာ။
Tine ခြေသံလေးကို ဖွဖွလျှောက်ပြီး ကုတင်နားသွားထိုင်လိုက်၏။
"အိပ်နေတာ ကလေးလေးကျနေတာဘဲ။''
ဟု တိုးတိုးရေရွတ်လိုက်ရင်း စောင်ပါးလေးတစ်ထည်နဲ့ sarawatကိုယ်ပေါ်ကို ခြုံပေးလိုက်မိသည်။ယနေ့က မိုးနည်းနည်းအုံ့နေတာကြောင့် ဘောင်းဘီဒူးပြတ်နဲ့တီရှပ်လောက်ဘဲဝတ်ထားသောsarawatအဖို့ အေးနေမှာ အမှန်ဘဲ။
တစ်ခါတစ်လေ tineသည် sarawat သူ့အပေါ် အရမ်းအနွံတာခံတတ်သည့်ကိစ္စနဲ့ပတ်သတ်ပြီးမကြာခဏ အားနာစိတ်လေးဝင်မိသည်။sarawatလောက် သူ့ပေါ်ကောင်းဖူးတာဆို၍
သူ့မိဘကလွဲပြီး အခြားဘယ်သူမှမရှိဖူး။
ဘာကြောင့် သူ့လိုလူတစ်ယောက်ကို sarawatအသည်းအသန်ဖြစ်နေမှန်းလည်းသူစဉ်းစား၍မရ။အခြားလူတွေလိုလည်း
ချစ်ပါတယ်၊ချစ်ပါတယ်ဆိုပြီးတဖွဖွမပြောတတ်။သို့သော် သူ့ကို မျက်စိအောက်က အပျောက်မခံသည့်အပြင် သူဘာလိုအပ်နေတာဆိုတာသူ့မျက်နှာကို အကဲခတ်လိုက်တာနဲ့တန်းသိသည့်လူမျိုး။အစ်မpinထံကနေ သူ့အကြောင်းသိပြီးကတည်းက tineသူ့အပေါ်တတ်နိုင်သလောက်ကောင်းပေးခဲ့ပါသည်။
ခက်တာက ပိုပြီးတော့တောင် sarawatက သူ့အပေါ်ကောင်းလာလွန်းတာဘဲ။
Tineက တစ်ခွန်းဆိုတစ်ခွန်းဘဲ။ဒါတောင် သူတို့ချစ်သူတွေမဟုတ်သေး။
Tine သက်ပြင်းသဲ့သဲ့ချကာ အိပ်ပျော်နေသူ၏နဖူးပေါ်ဝှိုက်ကျနေသောဆံစလေးတွေကို ဖြည်းဖြည်းချင်းသပ်တင်ပေးနေမိသည်။
ချောမောကြည့်ကောင်းသောမျက်နှာလေးကို ငေးနေမိချိန်
"ဒုန်း.....ဒုန်း...tineရေ တံခါးဖွင့်စမ်းဟေ့''
Tine အကြီးအကျယ်ကို စိတ်ညစ်သွား၏။
တနဂ်နွေနေ့တိုင်း fongတို့သူ့အခန်းလာနေကြကို သူလုံးဝသတိလက်လွှတ်ခဲ့တာဘဲ။
သူထိတ်ထိတ်ပြာပြာနဲ့ တံခါးပြေးဖွင့်တော့ ကျက်သရေမရှိသောသူငယ်ချင်းတွေ၏စပ်ဖြီးဖြီးမျက်နှာတွေက ဆီးကြိုနေသည်။
"သူငယ်ချင်းလေး ဒီနေ့ချရအောင်''
Ohmက လက်ထဲက အိတ်တွေကို မြှောက်ပြသည်။
Tine တံခါးပေါက်ကို သူကိုယ်နဲ့ပိတ်လိုက်ရင်း
"ငါဒီနေ့နေမကောင်းဘူး။''
ဟု ဗြောင်လိမ်လိုက်မိသည်။
"ဘာ ဒီရုပ်ကြီးက နေမကောင်းဘူး။''
ပြောပြောဆိုဆိုနဲ့ fongက နဖူးစမ်းဟန်ပြင်တော့ tine fongလက်ကို အသာဖယ်ထုတ်မိသည်။
"ရတယ်ဟ။ခေါင်းကိုက်ရုံဘဲ။''
"ငှယ် မဖြစ်နိုင်ဘူး။ခါတိုင်းဆို ခေါင်းကိုက်လို့ဆိုပြီး အရက်ပြေးပြေးသောက်တဲ့သူကများ။''
Tine ဘာပြောရမှန်းမသိဆွံအသွား၏။
"ကဲပါ မင်းစိတ်မပါဘူးဆိုလည်းမသောက်နဲ့။ကိုယ့်ကိုယ်ထိုင်နေ။ဒါပေမဲ့ အထဲတော့ ပေးဝင်သင့်တယ်။''
"အေးလေ မင်းကိုယ်ကြီးက တံခါးကြီးကို ပိတ်ထားတယ်။ဖယ်ပါကွ။''
"ဟ ငါစောစောကမှ အိမ်သန့်ရှင်းရေးလုပ်ထားတာ။မင်းတို့ကဲတာနဲ့ ပြန်ညစ်ပတ်သွားမယ်။''
Tine တံခါးကို အတင်းကာထားရင်း မရှိရှိတဲ့ဆင်ခြေတွေပေးနေမိသည်။သို့သော် fongတို့ရဲ့မျက်နှာက သူ့ကိုပိုမသက်ာသည့်ဘက်ရောက်သွားသည်။
"အလကား ဆင်ခြေတွေပေးနေပြီ။ငါတို့ လာလာကဲမှဘဲ မင်းအခန်းပေါင်းရှင်းနေကြ။''
"ဟုတ်ပ။တစ်နှစ်တောင်ကုန်တော့မယ်။ဒီလို ထူးထူးဆန်းဆန်းတွေခုမှ ကြားဖူးတာဘဲ။ဘာလဲ အခန်းထဲမှာ တစ်ယောက်ယောက်ကို ဖွက်ထားတာလား။''
Phuak၏စကားအဆုံးတွင်တော့ tineခေါင်းနဗန်းတွေကြီးသွားသည်။ဒီနေရာကနေ မြန်မြ်သာ ပျောက်ကွယ်သွားချင်သွားမိ၏။
"အဟေး တကယ်ကြီးဟ ။မျက်နှာတွေနီရဲနေပြီ။''
"ဟား မိန်းကလေးတစ်ယောက်ယောက်ရှိနေတာမလား။sarawatသိရင်တော့....''
အပေါက်ဝမှာ သူငယ်ချင်းတွေ၏ဝိုင်းစသံသည် ဆူညံနေ၏။Tineမှာ သူတို့တွေကို တားနေရတာတစ်ဖက်၊sarawatနိုးသွားမှာကိုစိုးရိမ်စိတ်တစ်ဖက်နဲ့ ဗျားများနေတော့သည်။
"ငါသိတော့ ဘာဖြစ်လဲ။''
ရုတ်တရက်ထွက်လာသောအသံကြောင့် သူတို့အကုန်လုံးငြိမ်သက်သွားလေသည်။
Tineလှည့်ကြည့်တော့ မျက်နှာသေနဲ့စိုက်ကြည့်နေသော sarawatကို တွေ့လိုက်ရသည်။
"Tine ငါတို့ပြန်ပြီနော်။အလိုက်မသိတဲ့ငါတို့ကို ခွင့်လွှတ်ဟ''
ပြောပြောဆိုဆိုနဲ့
ဝုန်းကနဲအောက်ကို ပြေးဆင်းသွားကြသောသူငယ်ချင်းတွေ။
ပြံုးစိစိမျက်နှာထားတွေအရ မနက်ဖြန်တော့ ကောင်းကောင်းအစခံရတော့မယ်ဆိုတာ သေချာလှပြီ။
Tine အခန်းတံခါးကို ပိတ်ပြီးတာနဲ့sofaပေါ် မျက်နှာကြီးအုပ်ပြီးထိုင်ချလိုက်မိသည်။
ရှက်လွန်းလို့သေတော့မှာဘဲ။
"ဘာဖြစ်သွားတာလဲ။''
စောစောက သူမဟုတ်တဲ့အတိုင်းဘဲ။
လောလောဆယ်တော့ tineထိုအလိုက်ကန်းဆိုးမသိလှသော sarawatကို ထုပစ်ချင်စိတ်သာပေါက်နေတော့သည်။
YOU ARE READING
မင်းကလွဲ၍(မင္းကလြဲ၍)
RomanceSarawat နဲ့ tineလေးကို သဘောကျလို့ရေးတဲ့ficပါ။ 2getherရဲ့factsတွေပေါ်အခြေခံပြီး drama typeလေးရေးထားတာပါ😸 Start Date - 7.10.2020 End. Date - 2.12.2020