အပိုင်း ၁၇

6.1K 981 149
                                    

ရောက်ရှိနေသောနေရာသည် မြို့နှင့်အလှမ်း‌ေ၀းသည်။ ကန္တာရပင်ကြီး၏အရိပ်သည် ပူလောင်မှုကို သက်သာစေသော်လည်း အေးမြစေသည်တော့မဟုတ်။ အပူမခံနိုင်သော ဒီပသည် ထုံးစံအတိုင်း အပေါ်အင်္ကျီကို ဆွဲချွတ်ပြီးဖြစ်သည်။

"ဒီပ ငါ့ကို ကူဦး"

အဂ္ဂလှမ်းခေါ်လိုက်သောကြောင့် အနားရောက်လာပြီး ရွက်ဖျင်တဲကို ဖြန့်ခင်းသည်။ သံတိုင်များကို တဒုန်းဒုန်းရိုက်သည်။ အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် ချွေးများစိုရွှဲသွားစေသည်။ ဧကသည် ကားနောက်ခန်းတွင် အိပ်မောကျနေဆဲ။

"အပူပေးစက် ယူခဲ့ရဲ့လား အဂ္ဂ"

"အေး..ပါတယ်"

ကားနောက်ခန်းမှ ပစ္စည်းများချနေသော အဂ္ဂ ကမ်းပေးသည်။ အအေးလွန်ကဲသော ညများအတွက် မရှိမဖြစ် လိုအပ်သော နေစွမ်းအင်သုံးအပူပေးစက်သည် ဆလင်ဒါပုံစံ တစ်ပေခန့်သာမြင့်သည်။ ညတာအတွက် ပြင်ဆင်မှုများပြီးချိန်မှာ နေ၀န်းနီနီသည် မိုးကုပ်စက်၀န်းတွင် မေးတင်နေခဲ့ပြီ။ လေပြည်နှင့်သဲမှုန်များမှလွဲလျှင် မည်သည့်သက်ရှိမှ ရှိဟန်မတူသော မြေပြင်တွင် ကိုယ်ပိုင်အလှရှိနေသည်ကတော့ ထူးခြားနေသလို။

ကြမ်းရှရှ မြေပြင်ပေါ်ထိုင်ချရင်း နေ၀င်ချိန်ကို ငေးကြည့်နေသည်။ ကောင်းကင်ပြင်တွင် အနီရောင်၊ ပန်းရောင်၊ လိမ္မော်ရောင် ရောင်စုံခြယ်ကာ အလှဆုံးဖြစ်နေပြီ။ နေမင်းကြီး၏ ရွှေ့လျားမှုသည် မြန်ဆန်လွန်းသည်။ ကောင်းကင်ပြင်ထက် စုတ်ချက်ရေးသူ သူရိန်နေမင်းသည် ကမ္ဘာမြေအောက် ဖြည်းဖြည်းချင်းစီ ငုံ့ဆင်းသွားနေပြီ။

ဆွဲတားထား၍မရသော သဘောတရားတွင် အချိန်ဟူသောအရာ ပါနေသည်။

သူ့အတွက်ရော..

ခြေသံများကြောင့် အဂ္ဂ အတွေးများကို ရပ်ပစ်လိုက်သည်။

"ငါ့အသည်းလေး လွမ်းနေပြီ"

"မင်း သေနေတာမဟုတ်ဘူးလား ဧက"

နောက်လှည့်မကြည့်ဘဲ ပြောခြင်းမျိုး။ ဘေးတွင်၀င်ထိုင်ရင်း ပခုံးကိုလာဖက်တော့ တွန်းဖယ်ပစ်လိုက်သည်။ သို့သော် နောက်တစ်ကြိမ်ထပ်ဖက်သည်။

HEXAGONWhere stories live. Discover now