အပိုင်း ၃၂

5.1K 841 40
                                    

ဒီပသည် လက်နက်ခန်းထဲရှိ ဆိုဖာပုံစံ ခုံတန်းရှည်ကြီးရှေ့တွင် ရပ်နေသည်။ နောက်မှီမပါ။ အမှတ်တမဲ့ လှမ်းကြည့်လိုက်လျှင် ကုတင်လိုလို၊ ဆိုဖာလိုလို ထင်ရသည်။ သို့သော် အဖုံးဖွင့်လိုက်လျှင် ပြောင်းရှည်ရိုင်ဖယ်သေနတ်ကြီးများကို တွေ့ရမည်ဖြစ်သည်။ ဒီပဘေးနားတွင်ရှိနေသူက နန်းနဒီ။ ဒီပသည် အပေါင်းအသင်းရှားသည်။ မည်သူနှင့်မှ စကားလက်ဆုံမကျ။ သို့သော် နန်းနဒီကတော့ ချွင်းချက်ဖြစ်နေပြီ။ နန်းနဒီသည် ခုံတန်းရှည်ကြီးဘေးနားရှိ စားပွဲအံဆွဲထဲမှ ဆီးမီးအော်တိုပစ္စတိုကို လှမ်းယူလိုက်တော့ ခါးထောက်ကြည့်နေရာမှ ဒီပ ခေါင်းခါသည်။ စိတ်မရှည်သလို အသံပြုသည်။

"မိန်းကလေးတွေအတွက် Revolver က အသင့်တော်ဆုံးပဲ"

ပြောလည်းပြောသည်။ ဆုံလည်သေနတ်တစ်လက်ကိုလည်း တစ်ခါတည်း ကမ်းပေးသည်။ နန်းနဒီက မျက်လုံးလှန်ကြည့်ကာ ဘာမှမပြော။

"ဒီကောင်က ကျည်ထိုးရတာလွယ်တယ်၊ ဆီးမီးအော်တိုတွေက ကျည်ထည့်ရင် တွန်းထည့်ရတာ၊ မောင်းတင်တဲ့နေရာမှာလည်း မိန်းကလေးတွေရဲ့ အားနဲ့ဆိုရင်... ဆိုရင်..."

ဒီပ စကားမဆုံးလိုက်။ နန်းနဒီသည် လက်ထဲရှိ ပစ္စတိုမှ ကျည်ဆန်ကတ်ကို ဆွဲဖြုတ်လိုက်သည်။ ကျည်ဆန်တောင့်များကို ဒီပမျက်နှာကို လှမ်းကြည့်နေရင်းပင် ထိုးချသွားသည်။ သာမန်ဆိုလျှင် သုံးလေးတောင့်ထိုးထည့်ပြီးလျှင် ခွန်အားသုံးရသည်။ နန်းနဒီကတော့ မျက်နှာပင်မပျက်။ ကျည်ဆန်တောင့်များပြည့်သွားပြီး ကျည်ဆန်ကတ်ကို ထိုးထည့် မောင်းတင်လိုက်ချိန်သည် မြန်လွန်းသဖြင့် ဒီပ ဖြုံသွားသည်။ သို့သော် သေနတ်ပြောင်းက သူ့နဖူးတည့်တည့်ကို ထိုးချိန်ထားတာတော့ လက်မခံချင်။ မောင်းခလုတ်ပေါ် လက်ညှိုးထည့်ထား၍ ပိုဆိုးသည်။

"လက်ညှိုးကြီးက.."

"ဘာဖြစ်လဲ"
အမည်းရောင်လိုင်းထည့်ထားသော မျက်လုံးများမှ အကြည့်သည် နှုတ်ခမ်းလှလှများရှိ အပြုံးများကြောင့် အေးစက်မနေ။

"တကယ်မပစ်ရင် လက်ညှိုးက အပြင်မှာနေရတယ်လေ ဟဲ ဟဲ"

ဒဏ်ရာအမာရွတ်ကြောင့် ဒီပသည် ရယ်လျှင်ပင် ကြောက်ဖို့ကောင်းသည်။ နန်းနဒီကတော့ တရင်းတနှီးဖြင့် ပခုံးကိုလှမ်းပုတ်ကာ ရယ်နေသည်။ စိတ်ရှင်းသွားရန် ကျည်ဆန်ကတ်ကို ဆွဲထုတ်ပြီးမှ စားပွဲပေါ် ပစ်တင်လိုက်သည်။ ထို့နောက်မှ အတွေးပြောင်းသွားဟန် လက်နက်ခန်းပြင်ပကို လှမ်းကြည့်သည်။

HEXAGONWhere stories live. Discover now