အပိုင်း ၂၃

5.3K 919 105
                                    

တဒုန်းဒုန်းနှင့် ထုရိုက်သံများနောက်တွင် တံခါးချပ်များသည် ပြုတ်ထွက်မတတ် ခါယမ်းနေပြီ။ ရုံးခန်းထဲရှိ ဆိုဖာထိုင်ခုံဟောင်းတွင် အိပ်ပျော်နေသော ဦးသီဟ မျက်လုံးများပွင့်လာသည်။ ဘာတွေဖြစ်နေသည်ကို ချက်ချင်းနားမလည်။ အချိန်အနည်းငယ်ကြာမှ အိပ်ပျော်သွားသည့် မိမိအဖြစ်ကို သတိရကာ နေရာမှ ထ,သည်။ တံခါးကို ထုရိုက်နေသံများသည် ပိုဆူညံလာကာ ပိုပြင်းထန်လာပြီ။

အခန်းတံခါးထိလျှောက်ရသည်မှာ လွယ်ကူခြင်းမရှိ။ ခေါင်းတွေကိုက်ကာ မူး‌ေ၀ချင်သလို ဖြစ်နေသည်။ ပင်ပန်းမှုတွင် အိပ်ပျက်မှုနှင့် စိတ်မချမ်းသာခြင်းများပါ တွဲလျက်ရှိနေသောကြောင့် ကြံ့ကြံ့ မခံနိုင်။

"ဟာ..ဘာတွေဖြစ်နေတာတုန်း"

အသံမာမာပြောနေရာမှ တံခါး၀မှာ တွေ့လိုက်ရသော ဦးရာဇာ၏ မျက်နှာကြီးကြောင့် အသံတိတ်သွားသည်။

"အစ်ကိုကြီး"

"မင်းမိန်းမ ရောက်နေတယ်၊ မင်းပြဿနာ မင်းလာရှင်း.."

"ဗျာ..... မေ လား"

"မြန်မြန်ပြန်ခိုင်းစမ်း၊ သောက်လုပ်ရှုပ်ရတဲ့ကြားထဲ၊ ငါ့ စိတ်ကို မင်းသိတယ်နော် သီဟ"

"ဟုတ်ကဲ့ အစ်ကိုကြီး၊ ဟုတ်ကဲ့"

ဦးသီဟ အခန်းထဲမှ လျှင်မြန်စွာ ထွက်သည်။ မရိပ်မသင်ရသည်မှာ ကြာခဲ့ပြီဖြစ်သော မုတ်ဆိတ်နှင့် ပါးသိုင်းမွှေးများသည် အချို့နေရာများတွင် ဖြူနေပြီ။ တစ်ချိန်က သန်မာခန့်ညားခဲ့သော ရုပ်ရည်ကို သောကနှင့်ဇရာက အစားထိုးနေရာယူထားခဲ့ပြီ။ မေမဒီ ဘယ်နေရာတွင် ရှိနေမည်ကို နားလည်ပြီးဖြစ်သောကြောင့် ရှာတွေ့ရန် မခက်ခဲပါ။

နားသယ်စပ်နားတွင် ဖွေးဖွေးလှုပ်ဖြူဖွေးနေသော ဆံပင်ရှည်များနှင့် ချစ်ဇနီးသည် ဦးသီဟအတွက်တော့ လှပနေဆဲပင်။ ချိုင့်၀ှမ်းလွင်ပြင်နေရာမှ ဒန်းငယ်၏ ကြိုးကိုကိုင်ရင်း ရပ်နေသည်။ ငေးကြောင်နေသော မျက်၀န်းများသည် ပိတ်လှောင်ထားသော အဆောင်များရှိရာ လှမ်းကြည့်နေသည်။ မေမဒီ၏ဘေးနားတွင် သစ္စာရှိအစေခံအမျိုးသမီးကြီးသည် မျက်နှာညှိုးငယ်စွာ ရပ်နေသည်။ ဦးသီဟကို မြင်သည်နှင့် စိုးရိမ်တကြီး တောင်းပန်သည်။

HEXAGONWhere stories live. Discover now