1.한국은 아시아의 동쪽에 있습니다

360 19 0
                                    

          한국은 아시아 동쪽에 있습니다
ကိုရီးယားဟာ အာရှရဲ့ အရှေ့ဘက်မှာရှိပါတယ်

한국은 아시아의 동쪽의 한반도에 있습니다.
ကိုရီးယားနိုင်ငံကတော့ အာရှရဲ့အ‌ေရှ့ဘက် ကိုရီးယားကျွန်းဆွယ်မှာ တည်ရှိပါတယ်

한반도의 북쪽에 중국과 러시아가 있고 동쪽에 있는 바다를 건너면 일본이 있습니다.
ကိုရီးယားကျွန်းဆွယ်ရဲ့ မြောက်ဘက်မှာတော့ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ တည်ရှိပြီး အရှေ့ဘက်မှာရှိတဲ့ ပင်လယ်ကို ဖြတ်သွားရင် ဂျပန်နိုင်ငံတည်ရှိပါတယ်

한국의 다른 이름은 대한민국입니다.
ကိုရီးယားနိုင်ငံရဲ့ တခြားအမည်ကတော့ ကိုရီးယားသမ္မတနိုင်တော် ဖြစ်ပါတယ်

대한민국의 수도는 서울입니다.
ကိုရီးယား သမ္မတနိုင်ငံတော်ရဲ့ မြို့တော်ကတော့ ဆိုးလ်ဖြစ်ပါတယ်

서울은 한반도의 중심에 입습니다.
ဆိုးလ်ဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ အလယ်ဗဟိုမှာ ရှိပါတယ်

인구는 오천만 명 정도인데 천만 명 정도가 서울에 삽니다.
လူဦးရေကတော့ သန်း50ခန့်ရှိပါတယ် 10သန်းကတော့ ဆိုးလ်မှာ နေထိုင်ကြပါတယ်

한국에는 산이 많습니다.
ကိုရီးယားနိုင်ငံမှာကတော့ တောင်တွေ ပေါများပါတယ်

한국의 70%가 산이지만 산의 높이가 아주 놓지는 않습니다.
ကိုရီးယားနိုင်ငံရဲ့ 70ရာခိုင်နှုန်းဟာ တောင်တွေဖြစ်ပေမယ့် တောင်ရဲ့အမြင့်ကတော့ အများကြီး မမြင့်ပါဘူး

한반도의 동쪽과 서쪽,남쪽에는 동해 ,서해,남해가 있습니다.
ကိုရီးယားကျွန်းဆွယ်ရဲ့ အရှေ့ဘက် အနောက်ဘက်နဲ့ တောင်ဘက်မှာတော့ အရှေ့ပင်လယ် အနောက်ပင်လယ် တောင်ပင်လယ်တို့ တည်ရှိပါတယ်

서해와 남해에는 섬들이 많습니다.
အနောက်ပင်လယ်နဲ့ တောင်ပင်လယ်မှာတော့ ကျွန်းတွေ များပါတယ်

한국에는 봄과 여름,가을 ,겨울의 사계절이 있습니다.
ကိုရီးယားမှာတော့ နွေဦး နဲ့ နွေ ဆောင်းဦးနဲ့ ဆောင်းရာသီ ရာသီဉတုလေးမျိုးရှိပါတယ်

여름에 날씨가 아주 더울 때는 기온이 30도 이상 올라갑니다.
နွေရာသီမှာ ရာသီဥတုက အလွန်ပူတဲ့အခါ အပူချိန်က 30ဒီဂရီထက်ပိုပြီး မြင့်တက်သွားပါတယ်

겨울에 날씨가 아주 추울 때에는 영하 10도 이하로 내려갑니다.
ဆောင်းရာသီမှာ ရာသီဉတုက အလွန် အေးတဲ့အခါ သုညဒီဂရီအောက် 10ဒီဂရီအောက် ကျဆင်းသွားတတ်ပါတယ်

그리고 6월에는 비가 많이 오는 장마철이 있습니다
ပြီးတော့ ဇွန်လမှာတော့ မိုးများစွာ ရွာသွန်းတဲ့ မိုးရာသီရှိပါတယ်

문화가 있는 한국어 읽기 (2) မှ ဘာသာပြန်ပါသည်

အရမ်းကြီး ကျွမ်းကျင်လို့ ဘာသာပြန်တာမျိုးတော့ မဟုတ်ပါဘူးနော်
ကိုယ်လေ့လာနေတဲ့ စာလေးတွေကို wp က သူငယ်ချင်းတွေ မျှဝေရုံသက်သက်ပါရှင့်
မှားယွင်းတာ တစ်ခုခုရှိရင် လာပြောပေးနိုင်ပါတယ်ရှင့်
ကျေးဇူးတင်ပါတယ်

ချစ်ခြင်းများစွာဖြင့်
Eillna61

 한국어 읽기 연습Nơi câu chuyện tồn tại. Hãy khám phá bây giờ