제9과 : 시장과 백화점

12 1 0
                                    


저는 백화점보다 시장을 더 좋아합니다.
ကျွန်မကတော့ ကုန်တိုက်ထက် စျေးကိုပိုပြီး သဘောကျပါတယ်

시장에는 여러 가지 물건도 많고 여기저기 돌아다니면 좋은 물건을 싸게 살 수 있기 때문입니다.
စျေးမှာတော့ ပစ္စည်း အမျိုးအစားလည်းများပြီး ဟိုဟိုဒီဒီသွားလာကြည့်ရင် ကောင်းမွန်တဲ့ပစ္စည်းကို စျေးသက်သာစွာနဲ့ ဝယ်နိုင်တာကြောင့်ဖြစ်ပါတယ်

백화점은 보통 오전 10시 반에 문을 여는데 시장은 저녁에 문을 여는 곳도 있습니다.
ကုန်တိုက်ကတော့ များသောအားဖြင့် မနက်ပိုင်း၁၀ခွဲမှာ ဖွင့်ပေမယ့် စျေးကတော့ ညနေပိုင်းမှာ ဖွင့်တဲ့နေရာလည်း ရှိပါတယ်

시장은 백화점과 다르게 카드를 쓸 수 없는 곳도 있지만 현금을 내면 물건 값을 깎아 주는 곳도 있습니다.
စျေးကတော့ ကုန်တိုက်နဲ့ မတူဘဲ ကတ်နဲ့သုံးလို့မရတဲ့နေရာလည်းရှိပေမယ့် ငွေသားနဲ့ရှင်းရင် ပစ္စည်းစျေး လျှော့ပေးတဲ့ နေရာလည်းရှိပါတယ်

물건을 산 후에 물건이 마음에 안 들어서 바꾸려면 영수증이 필요합니다.
ပစ္စည်းဝယ်ပြီးနောက် ပစ္စည်းကို စိတ်တိုင်းမကျလို့ လဲဖို့ဆိုရင် ငွေလက်ခံရရှိကြောင်းပြေစာလိုအပ်ပါတယ်

지난 주말에 저는 친구와 같이 옷을 사러 동대문시장에 갔습니다.
ပြီးခဲ့တဲ့ပိတ်ရက်က ကျွန်မကတော့ သူငယ်ချင်းနဲ့ အတူအဝတ်အစားဝယ်ဖို့ ဒုံဒယ်မွန်စျေးကို သွားခဲ့ပါတယ်

남대문시장에는 가 본 적이 있지만 동대문시장은 처음이었습니다.
နမ်ဒယ်မွန်စျေးကိုတော့ သွားဖူးပေမယ့် ဒုံဒယ်မွန်စျေးကတော့ ပထမဆုံးဖြစ်ပါတယ်

밤에 가면 재미있는 공연도 보고 더 싸게 살 수 있을 것 같아서 밤에 갔습니다.
ညဘက်မှာသွားရင် ပျော်စရာကောင်းတဲ့ ရှုခင်းလည်း ကြည့်ပြီး ပိုပြီး စျေးသက်သက်သာသာဝယ်နိုင်မယ် ထင်လို့ ညဘက်မှာသွားခဲ့ပါတယ်

사람들이 쇼핑몰 앞에서 노래도 하고 춤도 추고 있었는데 아주 재미있었습니다.
လူတွေက ရှော့ပင်းမောရှေ့မှာ သီချင်းလည်းဆိုပြီး ကလည်းကနေကြလို့ အလွန်ပျော်စရာကောင်းခဲ့ပါတယ်

동대문시장에는 디자이너가 옷을 만들어서 파는 가게들이 많아서 값도 싸고 다양한 모양의 예쁜 옷들이 많았습니다.
ဒုံဒယ်မွန်စျေးမှာတော့ ဒီဇိုင်နာက အဝတ်အစားတွေဖန်တီးပြုလုပ်ပြီး ရောင်းတဲ့ ဆိုင်တွေများလို့ စျေးနှုန်းလည်း သက်သာပြီး အမျိုးမျိုးသော ပုံစံနဲ့ လှပတဲ့အဝတ်အစားတွေ များပါတယ်

배우나 가수의 얼굴 사진이 있는 티셔츠를 파는 가게도 있었습니다.
သရုပ်ဆောင်သို့မဟုတ် အဆိုတော်ရဲ့မျက်နှာပုံပါတဲ့ တီရှပ် ရောင်းတဲ့စျေးဆိုင်လည်း ရှိပါတယ်

저는 노란 모자와 제가 좋아하는 가수의 얼굴 사진이 있는 티셔츠를 샀고 친구는 하얀 블라우스와 까만색 긴 바지를 샀습니다.
ကျွန်မကတော့ အဝါရောင် ဦးထုပ်နဲ့ ကျွန်မသဘောကျတဲ့ အဆိုတော်ရဲ့မျက်နှာပုံပါတဲ့ တီရှပ်ကို ဝယ်ခဲ့ပြီး သူငယ်ချင်းကတော့ အဖြူရောင် ဘလောက်စ်အကင်္ျီနဲ့ အနက်ရောင်ဘောင်းဘီကိုဝယ်ခဲ့ပါတယ်

"좀 깎아 주세요."
"နည်းနည်းလောက် စျေးလျှော့ပေးပါ"

"한국말도 잘 하고 많이 샀으니까 싸게 드릴게요."
"ကိုရီးယားစကားလည်း ကောင်းကောင်းပြောပြီး အများကြီး ဝယ်တာမို့ စျေးလျှော့ပေးပါ့မယ်"

우리는 예쁜 옷을 싸게 사서 기분이 좋았습니다.
ကျွန်မတို့ကတော့ လှပတဲ့အဝတ်အစားတွေကို စျေးသက်သက်သာသာနဲ့ ဝယ်ပြီး ပျော်ရွှင်ခဲ့ကြပါတယ်

source - 연세 한국어 읽기 (2)

ချစ်ခြင်းများစွာဖြင့်
Eillna

 한국어 읽기 연습Onde histórias criam vida. Descubra agora