1 (U)

46.8K 1.3K 72
                                    

သာယာစွာ တိတ်ဆိတ်နေသော လမ်းသွယ်လေးအတွင်းသို့ စက်ဘီးကလေး တစ်စင်း ချိုးကွေ့လို့ ဝင်ရောက်လာသည်။ ကျစ်လစ်သောခန္ဓာကိုယ်သည် ပြိုင်ဘီးလေးပေါ်၌ ဝဲလွင့်လို့နေသည်။

ရန်နောင်…

အသားက ဖြူသည်မဟုတ် ဝင်းသည့်ဘက်ကိုမှ အဖြူရောင်သန်းသည်။ ဖြူဝင်းနေသည့် မျက်နှာချောချောပေါ်က မျက်ခုံးထူထူနှင့် ညှို့ဓာတ်ပြင်းသည့် မျက်ဝန်းတစ်စုံက မြင်သူတိုင်း နှစ်ခါပြန်ငေးရအောင် ချောမောမှုအား အားဖြည့်ပေးလို့နေသည်။ နီစွေးစွေး နှုတ်ခမ်းလွှာတို့က ပြုံးလိုက်တိုင်း ထင်း‌နေတတ်၏။ အရပ်ကလည်း တက္ကသိုလ်ပထမနှစ်လို့ မထင်ရအောင် ၆ပေတန်းဝင်…။ အမြဲတည်တင်းနေတတ်သော မျက်နှာချောချောကြောင့် တော်ရုံ မိတ်လာမဖွဲ့ရဲကြ…။ သူ့မှာ အချစ်ရဆုံးသော သူငယ်ချင်းလေးတစ်ယောက်တော့ ရှိပါသည်။

ချမ်းငြိမ်း…

နာမည်လေးနဲ့ လိုက်အောင် အေးအေးချမ်းချမ်းနဲ့ ချစ်စရာကောင်းတဲ့ ကောင်လေး တစ်ယောက်ဖြစ်သည်။ ရန်နောင်နဲ့ သူဟာ ဟိုးငယ်စဥ် ကလေးဘဝကတည်းက ခင်ခဲ့ကြတာ ဖြစ်သည်။ ရန်နောင့်အပေါ် နားလည်အပေးနိုင်ဆုံး လူဟာလည်း ချမ်းငြိမ်းသာ ဖြစ်လိမ့်မည်။

သူက ဖြူဖြူ သေးသေးကလေးသာဖြစ်သည်။ မျက်နှာဝိုင်းဝိုင်းလေးပေါ်က အရည် လဲ့နေသော မျက်ဝန်းလေးတွေက သိပ်ချစ်စရာကောင်းသည်။ ဆေးမကူဘဲ ပန်းဆီရောင် သန်းနေသော နှုတ်ခမ်းလွှာလေးတွေက ဖြူသော သူ့မျက်နှာလေးအား ပို၍ နုနေစေသည်။ နှာတံစင်းစင်း မျက်တောင်ကော့ကော့လေးတွေက ယောက်ျားလေးတစ်ယောက်ဟု ထင်ရက် စရာမရှိအောင် လှရက်နိုင်လွန်းသည်။

ရန်နောင်တစ်ယောက် စက်ဘီးစီးလာရင်း ချမ်းငြိမ်းရဲ့ မျက်နှာလေးကို မြင်ယောင်မိ ကာ အပြုံးတို့ အသက်ဝင်လို့နေသည်။

“အမလေး သေပါပြီတော့…။”

အတွေးလွန်ကာ စက်ဘီးစီးလာရင်း လမ်းကြားထဲမှ ထွက်လာသော ကောင်မလေး တစ်ယောက်အား မမြင်မိဘဲ ဝင်တိုက်မိသလို ဖြစ်သွားသည်။

“ဆောတီးပါဗျာ…။ ကျွန်တော် သတိမထား မိလိုက်လို့ပါ။ ဘယ်နား နာသွားသေးလဲ မသိဘူး။ ကျွန်တော် ဆေးခန်း လိုက်ပို့ပေးပါ့မယ်။”

Secret LoveWhere stories live. Discover now