2 (Z)

5.8K 459 32
                                    

ချမ်းငြိမ်းနဲ့ လျှောက်လည်ပြီး အိမ်ပြန်ရောက်တော့ ညနေပင် စောင်းနေပြီဖြစ်သည်။ ဧည့်ခန်းထဲမှာ ဖုန်းသုံးနေရင်းမှ မနေ့က မကေသရီနဲ့ ချိန်းထားမှန်း သတိရမိလိုက် သည်။ နာရီကြည့်လိုက်တော့ ညနေ ၅နာရီပင် ရှိပြီ…။

ဆိုင်ကယ်ကို အမြန်ထုတ်လိုက်ပြီးမှ ချမ်းငြိမ်းကို ဆောင်းပေးနေကျ ဦးထုတ်လေး အား သေချာကြည့်ဖြစ်နေသေးသည်။ ချမ်းငြိမ်းအတွက် သီးသန့်ဝယ်ပေးထားသည့် ဦးထုတ်လေးအား ဘယ်သူ့မှ ပေးမဆောင်းချင်…။ ချမ်းငြိမ်း၏ ဦးထုတ်ကလေးအား ဆိုင်ကယ် tool box ထဲသာ ထည့်ထားလိုက်တော့သည်။

မကေသရီဆီကို ရောက်သွားတော့ အချိန်ကိုက်လောက်ပင်…။ မကေသရီ ရွေးပေး သော ဆိုင်တွင် ထိုင်လိုက်ပြီး သူ့စိတ်ကြိုက် မှာစေသည်။

သူ မှာထားသည့် Cheese cake နှင့် strawberry juice ရလာသည့်တိုင် ကျွန်တော် ကော်ဖီ မသောက်ဖြစ်သေးပါ။

“မကေသရီက အခု ဘာလုပ်နေလဲဗျ…။”

တိတ်ဆိတ်နေသော လေထုအား ကျွန်တော့်ဘက်မှ စတင် ဖြိုခွင်းလိုက်သည်။

“TU 5BE တက်နေတာ။”

“ဟုတ်လား ကျွန်တော်လည်း TU တက်နေတာပဲ…။ ဒါပေမဲ့ အခုမှ first year ဟီး…”

“ဟယ် ဟုတ်လား…။ အစ်မက ECက…”

“ကျွန်တော်ကတော့ civilက…။ ဒါကြောင့် သတိမထားမိကြတာ ဖြစ်မယ်…။”

“ဟုတ်မယ်… ဟင်း …”

ကေသရီ မခို့တရို့ပြုံးလိုက်သည်။

“ဪ ဒါနဲ့ မနေ့က နာမည်တောင် မမေးလိုက်ရလို့…။”

“ကျွန်တော့်နာမည်က ရန်နောင်ပါ…။”

“ဪ… ရန်နောင်ဆိုတာ မင်းကို…။”

“မကေသရီက ကျွန်တော့်ကို သိနေတာလား…။”

“သိတာပေါ့…။ မင်းက ကျောင်းမှာ နာမည်ကြီးပဲလေ…။ ကျောင်း ပထမစဖွင့်တဲ့နေ့ ကတည်းက ပထမနှစ်က ရန်နောင်ဆိုပြီး ကောင်မလေးတွေကြား ရေပန်းစားနေတာလေ…။”

ရန်နောင် တဘောတကျ ရယ်လိုက်မိသည်။ သူ့အား မကေသရီက တိုက်ရိုက်ကြီး ချီးမွှန်းလိုက်တာကြောင့်ဖြစ်သည်။

“ဟင် ဘာရယ်တာလဲ…။ တို့ပြောတဲ့ထဲမှာ အမှားပါသွားလို့လား…။”

မကေသရီက ရှက်သွေးကလေးဖြင့် မေးတော့ ရန်နောင် ထပ်ပြုံးမိပြန်သေးသည်။ မကေသရီက တကယ်လှသည်။

“မဟုတ်ပါဘူးဗျာ…။ မကေသရီက ပွင့်လင်းတော့ သဘောကျလို့ပါ…။”

“ဟီး… ဒီလိုပါပဲ…။ ဗီဇကိုက စိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်ရမှ…။”

“ကျွန်တော်ကတော့ အဲလိုပုံစံကို တကယ်သဘောကျတယ်။”

“သဘောမကျလေနဲ့ မောင်လေးရေ…။ အပြောမတတ်ရင် ရိုက်ပေါက်…။”

မကေသရီက အရယ်တစ်ဝက်ဖြင့်ပြောတော့ ရန်နောင် ငေးကြည့်ဖြစ်သွားသေး သည်။

“ဒါနဲ့ စကားမစပ် မကေသရီမှာ ချစ်သူရှိလား…။”

မေးပြီးသွားမှ ရန်နောင် ကိုယ့်ကိုယ်ကိုယ် သိပ်စည်းကျော်နေမိမှန်း သတိထားမိ လိုက်သည်။ မကေသရီကလည်း ဖျော်‌ရည်လေးအား ငုံ့သောက်နေရင်းမှ မျက်လုံးဝိုင်းလေး ဖြင့် မော့ကြည့်လာသည်။ “မေးပြီးသွားမှဖြင့် မထူးပါဘူးလေ…” ဟူ၍ ရန်နောင် တိတ်၍သာ နေလိုက်သည်။

“ခုလောလောဆယ်တော့ မရှိပါဘူး…။”

မကေသရီ၏အဖြေအား သဘောမကျတာမို့ ရန်နောင့်မျက်ခုံးလေးတွေ တွန့်ချိုးမိ လိုက်သည်။

"ခုလောလောဆယ် မရှိဘူးဆိုတော့ အရင်က ရှိခဲ့ဖူးတယ်ပေါ့…။”

သူမေးတော့ မကေသရီက အသံထွက်ကာ ပြုံးသည်။

“ရှိခဲ့ဖူးတာပေါ့…။ ဒီအရွယ်မှ အမှီးမပေါက်ရင် ဘာမျောက်လဲ…။”

“အခု မရှိသေးဘူးဆိုရင်ပဲ ရပါပြီ…။”

ရန်နောင် တစ်ကိုယ်ကြားရုံလောက် တီးတိုးညီးဆိုမိလိုက်သည်။ မကေသရီတော့ သိရန် မလိုအပ်သေးပါ။

~•~

Secret LoveWhere stories live. Discover now