9.1 (U)

5.2K 412 29
                                    

“ရန်နောင်… ရန်နောင်…”

ကြားလိုက်ရသည့် ချမ်း၏ အသံချိုအေးအေးလေးကြောင့် အိမ်မက်ဆိုးမှ လွတ်မြောက်ခွင့်ရခဲ့သည်။ အေးချမ်းသည့် မျက်နှာကလေးကို မြင်နေရသည့်တိုင် အိမ်မက်ဆိုးက မသိစိတ်အား ခြောက်လှန့်နေဆဲဖြစ်သည်။ သွေးပြတ်ဖွယ်ရာ ပြောင်းလဲသွားသည့် ချမ်း၏ မျက်နှာအား အိမ်မက်တို့အလွန်ထိပါ ခြောက်ခြားစွာ မြင်ယောင်နေမိသည်။ အခု ချမ်းမျက်နှာလေးက စိုးရိန်နေဟန်…။

“ရန်နောင်… အိမ်မက်ဆိုးတွေမက်နေတာလား…”

ချမ်းငြိမ်းက အိပ်ရာဘေး စားပွဲပေါ်က ရေကရားထဲမှ ရေတစ်ခွက်ကို ငှဲ့ကာ ကျွန်တော့်အား ပေးရင်း ဆိုသည်။ ချမ်းရဲ့ မျက်နှာလေးအား အလွတ်မခံနိုင်သလို လိုက်ကြည့်နေရင်းသာ ကျွန်တော် ခေါင်းညိတ်၍ အဖြေပြန်ပေးမိသည်။ ချမ်းပေးသော ရေတစ်ဖန်ခွက်အား တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်ပြီးမှ ရင်ထဲ နေလို့ကောင်းသွားသလိုရှိသည်။

“ချမ်း…”

ချမ်းမျက်နှာကလေးက အခန်းမီးရောင် မှိန်ပြပြအောက်မှာ ဝင်းပနေသည်။ ကျွန်တော့်အခေါ်အား အပြုံးကလေးဖြင့် မျက်ခုံးပင့်ရုံ တုံ့ပြန်ပုံက အေးအေးချမ်းချမ်း ကလေးဖြစ်သည်။ ချမ်းက နာမည်နဲ့လိုက်အောင် ရင်ကို အေးချမ်းစေသည်။

“ငါ့ကို… ငါ့ကို ဘယ်တော့မှ မုန်းမသွားပါနဲ့နော်…”

ချမ်း၏ ခါးလေးကို လှမ်းဖက်လိုက်ရင်း ချမ်းရင်ခွင်ထဲ ခေါင်းဝှက်ကာ ဆိုလိုက်သည်။ ဒီစကားတွေကို ချမ်းနှင့် မျက်နှာချင်းဆိုင်ကာ ပြောဖို့ စိတ်က မဝံ့ရဲ…။

“ငါက ဘာလို့ မုန်းရမှာလဲ ရန်နောင်ရဲ့…”

“ဘယ်လိုအကြောင်းမျိုးပဲ ကြုံလာလာကွာ… ငါ့ကို မုန်းမသွားရဘူးနော်… နော်လို့…”

“ဘယ်လို မုန်းနိုင်မတဲ့လဲ ရန်နောင်ရယ်…”

ချမ်းငြိမ်း တစ်ကိုယ်ကြားရုံသာ တီးတိုးကလေးဆိုလိုက်သည်။ ရန်နောင်က သူ့ကို ဖက်ထားသည်မှာ တင်းတင်းကြပ်ကြပ်…။ ကိုယ်ချစ်တဲ့လူတစ်ယောက်ကို ဘယ်လိုစိတ်၊ ဘယ်လိုအခြေအနေမျိုးဖြင့် မုန်းနိုင်ပါ့မတဲ့လဲ…။ အဲလူက ရန်နောင်ဖြစ်နေတော့ ပို၍ပင် မဖြစ်နိုင်ရာ…။ ကျွန်တော် ရန်နောင့်ကို မုန်း၍မရနိုင်လောက်အောင်ပင် ချစ်သည်။

သူ့ခါးကို ဖက်တွယ်ထားပြီး သူ့ရင်ဘက်ထဲ တိုးအိပ်နေသော ရန်နောင်အား ဆံပင်ကလေးတွေ ပွတ်သပ်ပေးကာ ချော့သိပ်နေရသည်။ ရန်နောင် အိပ်ပျော်သွားတာကို ကြည့်ရင်း ချမ်းငြိမ်း ခပ်ရေးရေးကလေးပြုံးမိသည်။ အများအမြင်မှာ မာကြောတယ် ထင်ရပေမဲ့ ကိုယ်တစ်ဦးတည်းရှိတဲ့ အားလုံးရဲ့အခြားဘက်တစ်ခြမ်းမှာသာ ရန်နောင်က ဒီလို လွတ်လွတ်လပ်လပ်ချွဲတာဖြစ်သည်။ ငချွဲကလေးရဲ့ နဖူးကလေးအား နှုတ်ခမ်းလေးဖြင့် ထိရုံ တစ်ချက်နမ်းလိုက်ပြီးမှ အရှက်သည်းစွာ ဝင်အိပ်လိုက်တော့သည်။ တင်းကြပ်သွားသော လက်တို့နှင့်အတူ နှုတ်ခမ်း‌လှုပ်ရုံ တွန့်ကွေးသွားသော အပြုံးတစ်ခုအား ချမ်းငြိမ်း သတိမထားမိလိုက်ပါပေ…။

Secret LoveWhere stories live. Discover now