3 (U)

6.6K 546 32
                                    

ရန်နောင်၏ ဆိုင်ကယ်ပေါ်တွင်ဖြစ်သည်။

ဆိုင်ကယ်မမောင်းတတ်သည့် ကျွန်တော်က ရန်နောင့်ဆိုင်ကယ်နဲ့ပဲ အမြဲ ကပ်လိုက်ရသည်။ ကျောင်းသွား၊ ကျောင်းပြန်လည်း ရန်နောင်နဲ့သာ အတူဖြစ်သည်။ ကျောင်းကားနဲ့လိုက်ဖို့တော့ စဉ်းစားဖြစ်ခဲ့သေးသည်။ ရန်နောင်ကိုယ်တိုင်က ကန့်ကွက်ခဲ့သည်မို့ သူ့ဆိုင်ကယ်နဲ့သာ ဒီနေ့အထိ ကပ်လိုက်နေရတော့သည်။

“ရန်နောင်… assignment တွေ ပြီးပြီလား…။ ဒီနေ့ထပ်ရမှာနော်…။”

“ဟိုနေ့ကပဲ မင်းထဲက ကူးထားတယ်လေ…။ အဲထိပဲ မို့လား…။”

“အင်း ‌ဟုတ်တယ်။ နောက်ပြီး မနက်ဖြန် BMC (Building material & construction) လည်း Tutorial ဖြေရမှာနော်…။ အဲတာရော ရပြီလား…။”

“ဟမ်… ဘယ်ဟာလဲ…။”

“ဟ… အခန်း (၁) ဖြေရမှာလေ…။”

“ဟင်… ငါ မသိဘူး…။”

“အေး ကောင်းရော…။ မနက်ဖြန်ပဲ ဖြေရမဲ့ဟာ…။”

“Tutorial ပဲဟာ…။ ခိုးကူးလိုက်ရင် ပြီးနေတာပဲကို…။”

“အေး… မင်းပဲ ကောင်းတယ်။”

ခဏအကြာမှာပဲ ကျွန်တော်တို့တွေ ကျောင်းကို ရောက်ခဲ့တော့သည်။ ရန်နောင်က ဆိုင်ကယ်ရပ်တဲ့နေရာမှာ ကျန်ခဲ့ပြီး ကျွန်တော်ကပဲ ကန်တင်းကို အရင် ထွက်လာခဲ့လိုက်သည်။

ဟော…တွေ့ပါပြီ။ သော်တာနဲ့ ကျော်စွာဆိုတဲ့ ကျွန်တော်ရဲ့ သူငယ်ချင်းတွေ…။ သူတို့ထိုင်နေတဲ့ ဝိုင်းကို‌ရောက်တော့ ကျော်စွာဘေးမှာပဲ ဝင်ထိုင်လိုက်သည်။

“ရန်နောင်ရော… တူတူလာတာ မဟုတ်ဘူးလား…။”

“ဪ ရန်နောင်က ဆိုင်ကယ်ထိုးရင်း နေခဲ့တယ်။”

ချမ်းငြိမ်း ပြန်ဖြေလိုက်တော့ သော်တာလည်း ခေါင်းလေးညိတ်၍ စားလက်စ ထမင်းကြော်အား ဆက်စားနေသည်။ စားပွဲထိုးလေး ရောက်လာတော့ ချမ်းငြိမ်းက လက္ဖက်ရည်တစ်ခွက်နှင့် ကော်ဖီပလိန်းတစ်ခွက် မှာလိုက်သည်။

“ဟယ့် တစ်ယောက်ထဲကို လက္ဖက်ရည်ရော ကော်ဖီရော သောက်မလို့လား…။”

“သော်တာရယ်… နဂ်ကလည်း မသိတာကျနေတာပဲ…။ သူ့အတွက်က လက္ဖက်ရည်၊ ဟော ရန်နောင့်အတွက်က ကော်ဖီပလိန်းပေါ့ဟ…။ ချမ်းငြိမ်း အကဲပိုတာ နင်လည်း အသိ…။”

“အေးဟယ်…။ ချမ်းငြိမ်း… နင်ဟာလေ ရန်နောင့်အတွက်ဆို ပိုကိုပိုတယ်…။”

“မဟုတ်တာ နင်တို့ကလည်း…။ သူလာမှ မှာရင် အတန်းနောက်ကျမှာစိုးလို့ပါ…။”

“အေးပေါ့လေ…။ နင်ပြောတော့လည်း နင့်စကားပေါ့…။”

ပြီတီတီ ပြောနေတဲ့ သော်တာ့ကို ချမ်းငြိမ်း မျက်စောင်းကလေးခဲလိုက်သည်။

သော်တာနဲ့ ကျော်စွာဆိုတာကလည်း ကျွန်တော်ချစ်ရတဲ့ သူငယ်ချင်းလေးတွေပါပဲ။ ကျော်စွာနဲ့ကတော့ အထက်တန်းကတည်းက ခင်ခဲ့ကြပြီး သော်တာနဲ့ကတော့ တက္ကသိုလ်ရောက်မှ ခင်ခဲ့ကြသည်။ ပျော်ပျော်နေတတ်ကြပြီး တစ်ယောက်နဲ့ တစ်ယောက် ကူညီရိုင်းပင်းကြရင်း ကျွန်တော်တို့ သူငယ်ချင်းလေးယောက်ဟာ ချစ်စရာအသိုက်အဝန်းလေးတစ်ခု ဖြစ်လာခဲ့ရသည်။

“အဲ ဒါနဲ့ ပြောဖို့မေ့နေတာ…။ ချမ်းငြိမ်းက အချစ်ကို တွေ့နေပြီတဲ့…။”

“ဟေ… တကယ်ကြီးလား ကျော်စွာ…။”

ကျွန်တော်ကိုယ်တိုင်တောင် မသိလိုက်ရသည့် ကျော်စွာ၏ စကားများအား သော်တာက အဟုတ်ထင်၍ စိတ်ဝင်တစားမေးနေတော့သည်။

“ဒါပေါ့… သူ့အချစ်က အနီးနားကပဲတဲ့…။”
“ဟယ့် အနီးနားက ဘယ်သူလဲ။ သေချာပြောလေ…။”

“အဲတာတော့ ငါလည်း မသိဘူး။ သိချင် ကိုယ်တိုင်သာမေးတော့…။”

မြားဦးက ကိုယ့်ဆီလှည့်လာတာ‌မို့ မသိချင်ယောင်ဆောင်လို့ကလည်း မရတော့…။ မျက်လုံးစိမ်းကြီးများနှင့် ကြည့်လာသော သော်တာ့အကြည့်တို့က ကျောပင်ချမ်းချင်သည်။

“နင်မို့ ကျော်စွာ့စကားကိုယုံ…။”

သော်တာ မမေးခင် ထိပ်ကနေ ပိတ်ပြောလိုက်သည်။

“ယုံသင့်ရင် ယုံရမှာပဲ…။ နင်နော်… ပေါက်ကရတွေနဲ့ လျှောက်မကြိုက်ရဘူး။ ငါတို့ သဘောတူတဲ့သူနဲ့ပဲ ကြိုက်ရမယ်…။”

“နင်တို့က ငါ့အုပ်ထိန်းသူတွေမို့လို့လား…။”

“အံမယ်… အံမယ်…။ ပြန်ပြောနေတာကြည့်…။ ဂိုဏ်းသင့်မယ် နင်…။”

“ဘာဂိုဏ်းလဲ…။ သစ်ကိုင်းလား…။”

“ဖူဂျီဂိုဏ်းဟေ့ ဖူဂျီဂိုဏ်း…။ ငါတို့ ဖူဂျိုရှီတွေကိုင်လိုက်ရင် နင် သေချာပေါက် လင်ရစေရမယ်…။ ကဲပါ… နင် ဘယ်သူ့ကို ကြိုက်နေတယ် ဆိုတာပဲ ပြော…။”

သော်တာက ဘယ်လိုမှ စကားလမ်းကြောင်းလွှဲ၍ မရတာပင်…။ ဒီဘူတာပဲ ပြန်ဆိုက်သည်။ ဒီလိုစကားတွေကို ကြားတိုင်း ကျွန်တော့်နှလုံးသားက ရန်နောင့်ကိုသာ ပုံရိပ်ထင်နေမိတတ်သည်။ ရန်နောင့်ပုံရိပ်ကလေးကို မြင်ယောင်မိတိုင်း နှလုံးသားကလည်း အလိုက်တသိ အခုန်မြန်ပေးသည်။ ရန်နောင့်ပုံရိပ်ကလေးက တဖြည်းဖြည်းပုံပေါ်လာတော့ ရင်ခုန်သံတွေ ပို၍ မြန်လာရသည်။ ရန်နောင်က ကျွန်တော့်ကို သေချာကြည့်၍ ပြုံးပြနေသည်။ ရန်နောင့်အပြုံးတို့ကနေ ကျွန်တော် အကြည့်မလွှဲနိုင်ဘဲ ငေးနေမိတော့သည်။

“ချမ်းငြိမ်း… အဲလောက် ပေါ်တင်ကြီး မငေးနဲ့လေ…။”

“ဟင်…”

ကျော်စွာက  ဘေးနားကနေ တိုးတိုးလေးကပ်ပြောတော့မှ ချမ်းငြိမ်း အသိတို့အား ပြန်ကပ်မိတော့သည်။ ကန်တင်းအတွင်းသို့ ဝင်လာသည့် ရန်နောင့်အား သူ သတိလက်လွတ် ငေးနေမိတာပင်…။

“နင် ရန်နောင့်ကို ကြိုက်နေတာမို့လား…။ အမလေး ပျော်လိုက်တာ…။ ငါတို့ရဲ့ သင်္ဘောကြီး officially မောင်းနှင်လို့ရပြီပေါ့…။ ကျေနပ်လိုက်တာ ရှင်တို့ရယ်…။ ငါ နင်တို့ နှစ်ယောက်လုံးကို ထောက်ခံပေးမယ်။ ဘာမှ မပူနဲ့…။”

“ဘာတွေ ထောက်ခံနေကြတာတုန်း…။”

ရန်နောင်က ကျွန်တော်တို့ ဝိုင်းမှာ ဝင်ထိုင်ရင်း အမေးစကားဆိုသည်။

“ဪ ချမ်းငြိမ်းပေါ့…။”

“ဟင်… ငါ့ရဲ့ ချမ်းလေးက ဘာဖြစ်လို့လဲ…။”

ရန်နောင့်စကားကြောင့် သော်တာ့မှာ ဘာမှဆက်မပြောနိုင်တော့ဘဲ ပါးစပ်အား လက်ဖြင့်ပိတ်၍ အသက်ရှူရကြပ်သလို ပုံစံလုပ်သည်။

“သေပါပြီ ရှင်တို့ရယ်…။ ငါ့ရဲ့ချမ်းလေးတဲ့…။”

သော်တာမ လုပ်ပုံရော၊ ရန်နောင့်အပြောတွေကြောင့်ရော ကျွန်တော် ဒီနေရာကပင် ပြေးထွက်သွားချင်မိသည်အထိပါ။ ရှက်လွန်း၍ မျက်နှာတွေပင် ပူလာသည်အထိ။ ကျော်စွာကလည်း သဘောတကျရယ်နေသည်။ မယောင်မလည်ဖြင့် ကျွန်တော့်ကို လှမ်းကြည့်နေသော ရန်နောင့်ကြောင့် ပို၍ရင်ခုန်ရသည်။

“ဟင်… ချမ်းငြိမ်း နေမကောင်းဘူးလား…။ မျက်နှာတွေလည်း ရဲလို့…။”

ရန်နောင်က ကျွန်တော့်နဖူးလေးကို သူ့လက်လေးနဲ့ လာစမ်းတော့ သော်တာနဲ့ ကျော်စွာကလည်း မလွတ်တမ်း စောင့်ကြည့်နေကြသည်။ တော်သေးသည်…။ စားပွဲထိုးလေးက ကော်ဖီနှင့် လက္ဖက်ရည်တို့အား လာချ၍ စကားစပြတ်သွားခဲ့သည်။

“ဟယ့် ခုနက ချမ်းငြိမ်း နေမကောင်းတာ မဟုတ်ဘူး။ ရှက်နေတာ…။ ရှက်နေလို့ မျက်နှာတွေထိပါ ရဲလာတာ…။”

“ချမ်းက ဘာကို ရှက်တာလဲ…။”

“သူ့မှာ ချစ်ရမဲ့သူ ရှိပြီတဲ့…။”

“ဘာ…”

ဒေါသအလျောက် ကျယ်လောင်စွာ ထွက်ပေါ်လာသော ရန်နောင့်အသံကြောင့် ဘေးဝိုင်းကလူတွေပင် ကျွန်တော်တို့ဆီကို လှည့်ကြည့်လာကြသည်။ ရန်နောင်၏ အကြည့်စူးစူးများက ကျွန်တော့်ဆီသို့ ဒိုင်းခနဲ ကျရောက်လာသည်။ ရန်နောင် အတော် ဒေါသထွက်နေတာဖြစ်သည်။

“ဘယ်သူလဲ…။ ဘယ်ကလဲ…။ ဘာအတွက်လဲ…။ ဟာ… ဘာအတွက်ကြောင့်ဖြစ်ဖြစ် မင်း ဘယ်သူ့ကိုမှ မချစ်ရဘူး…။”

“သော်တာ့အကြောင်း မသိတာလည်း မဟုတ်ဘဲနဲ့ ရန်နောင်ရယ်…။ ငါလည်း ဘယ်သူ့ကိုမှ မချစ်ပါဘူး…။”

“အေး… ချစ်လို့လည်း မရဘူးနော်…။ ငါ ကြိုပြီး သတိပေးထားတာ…။”

“ဟယ့် ဟယ့် နေပါဦး…။ နင်က ချမ်းငြိမ်းကိုကျ မချစ်ရဘူးလေး ဘာလေးနဲ့…။ နင်ကိုယ်တိုင်ကျရော ကောင်မလေးတွေ အထည်လဲတွဲနေတာ မဟုတ်ဘူးလား…။”

သော်တာက အလိုမကျသလိုဖြင့် ဝင်မေးတော့ ရန်နောင့်မျက်နှာလေး ပို၍ မှုန်ကုတ်ကုတ်ဖြစ်သွားသည်။

“အေး… ငါတွဲတယ်ဆိုတာကလည်း အပျော်သဘောပဲ…။ ငါက ငါ့ကိစ္စ ငါနိုင်တယ်။ ချမ်းငြိမ်းကသာ မအူမလည်နဲ့မို့ အမိဖမ်းခံရမှာစိုးလို့ ပြောနေရတာ…။”

“သူလည်း လူပဲ…။ တစ်ချိန်ကျ နင်လည်း နင့်အိမ်ထောင်နဲ့နင် ဖြစ်သွားပြီး ချမ်းငြိမ်းလည်း တစ်ယောက်တည်း ကျန်ခဲ့မှာပဲလေ…။ အဲတာရော တရားပါ့မလား…။”

သော်တာ့အပြောကြောင့် ရန်နောင်က ကျွန်တော့်အား မျက်လုံးလေးပင့်၍ ကြည့်သည်။ အံကိုတင်းတင်းစေ့ထားပြီး ကြည့်နေတဲ့ သူ့အကြည့်တွေကိုလည်း ကျွန်တော် ချစ်သည်။

“ငါ ဘယ်တော့မှ အိမ်ထောင်မပြုဘူး။ ချမ်းငြိမ်းနဲ့ပဲ တစ်သက်လုံး အတူတူနေမှာ…။”

သော်တာ့မျက်လုံးတွေက လတ်ခနဲ…။ ကျွန်တော့် နှလုံးသားလေးကလည်း ဒိန်းခနဲ…။ ကျော်စွာကလည်း ပြုံးစစ…။ ရန်နောင့်မျက်ဝန်းတွေကတော့ ကျွန်တော့်ဆီမှာသာ…။

“ချမ်းငြိမ်း… အဲလောက်ကြီး စိတ်မကောင်းဖြစ်မသွားနဲ့လေ…။”

ကျော်စွာက အနားကပ်၍ ခပ်တိုးတိုးလေးပြောလာတော့မှ ကျွန်တော် ပြုံးနေမိတာမှန်း သတိရတော့သည်။ ရန်နောင်ကလည်း ကျွန်တော့်ကို ပြုံးပြနေသည်။

“အဲတာဆို…”

“ကဲပါ သော်တာရယ် တော်ပါတော့…။ အတန်းချိန်လည်းနီးနေပြီ…။ သွားရအောင်…။”

ကျွန်တော့်ဘက်က စကားစဖြတ်လိုက်မှ သော်တာလည်း ငြိမ်သွားသည်။ ရင်ခုန်ရလွန်း၍ ရှက်လာတာကြောင့် ပိုက်ဆံရှင်းပြီး ဦးဆုံးထွက်လာခဲ့လိုက်တော့သည်။ ကန်တင်းက အထွက်မှ ကျွန်တော့်လက်ကို လာဆွဲသည့် လက်တစ်စုံကြောင့် အရှိန်ရပ်၍ ပြန်ကြည့်မိတော့ ရန်နောင်ဖြစ်နေသည်။ ရန်နောင်က ကျွန်တော့်လက်အား ခပ်တင်းတင်းကလေး ကိုင်ထားတာပင်…။

“ရန်နောင် လူတွေ ကြည့်နေတယ်။”

“ဘာလဲ မင်းက ရှက်လို့လား။”

“မဟုတ်ပါဘူး…။”

“အဲတာဆို ဘာမှမပြောတော့ဘဲ ဒီတိုင်းလေးပဲလိုက်ခဲ့…။ ငါ မင်းလက်လေးကို ကိုင်ထားချင်လို့…။”

ဒီနေ့ ကျွန်တော့်ရင်တွေ သိပ်ခုန်နေသည်။ ရန်နောင်ရဲ့ အပြုအမူလေး တစ်ခုချင်းစီတိုင်းက ကျွန်တော့်အား သိပ်ပြုစားနေနိုင်လွန်းသည်။ မျှော်လင့်ချက်နှင့် ရှေ့ဆက်၍လည်း မတိုးရဲပါ။ အဖြူရောင် သူငယ်ချင်း သံယောဇဉ်ကြိုးကလေးကိုလည်း လျော့ရဲမသွားစေချင်ပါ။ သူငယ်ချင်းဆိုတာ သိပ်နွေးထွေးလွန်းလှတဲ့ နာမ်တရားလေးတစ်ခုဖြစ်ပေမဲ့ သိပ်မွန်းကြပ်ဖို့ကောင်းတဲ့ စည်းဘောင်တစ်ခုလည်းဖြစ်သည်။

~•~

Secret LoveWhere stories live. Discover now