မိုးလင်းလို့ အိပ်ရာနိုးသည်နှင့် ချစ်ရလွန်းသူ၏ မျက်နှာကလေးအား စတင် မြင်တွေ့ခွင့်ရသည်ကိုက ကမ္ဘာပေါ်တွင် ကံအကောင်းဆုံး အခိုက်အတန့်ဖြစ်မည်ထင်သည်။ အခုဆို ချမ်းနှင့် ကျွန်တော် အတူနေသည်မှာ ၂နှစ်ပင် တင်းတင်းပြည့်ပြီ...။ ကျောင်းပြီးတာနှင့် မိဘတွေဆီက ခွင့်တောင်းကာ ချမ်းနှင့် ကျွန်တော် အိမ်ခွဲ၍ နေလိုက်သည်။ မိဘတွေရှေ့မှာ ၇နှစ်လုံးလုံး မျက်နှာပူစွာ နေခဲ့ရပြီးမှ တစ်အိုးတစ်အိမ် စတင်ထူထောင်ခဲ့ရ၍ ချမ်းရော၊ ကျွန်တော်ပါ စိတ်လွတ်လပ်သွားကြသလို ခံစားရသည်။
ကျောင်းမပြီးခင်ကတည်းက ချမ်းနှင့် ကျွန်တော် လုပ်ငန်းခွင် အတွေ့အကြုံ အတော်ရှိနေခဲ့ပြီ ဖြစ်သည်။ မိဘတွေရဲ့ ကျေးဇူးကြောင့် ကျွန်တော်နှင့်ချမ်း ကျောင်းပြီးသွားသည်နှင့် ကိုယ်ပိုင်လုပ်ငန်းတစ်ခုအား ထူထောင်နိုင်ခဲ့သည်။ နှစ်တိုင်း Roll 1 က မဆင်းသည့် ချမ်းနှင့် AutoCAD တို့ Drawing paper တို့နှင့် မျက်နှာအပ်မိပါက ထမင်းမေ့ ဟင်းမေ့ပင် ဖြစ်သွားတတ်သည့် ကျွန်တော့်ကြောင့် ကျွန်တော်တို့ လုပ်ငန်းလေးက အချိန်တိုအတွင်းမှာပဲ အောင်မြင်လာခဲ့ရသည်။ ဉာဏ်ကောင်းလွန်းသည့် ချမ်းက Construction လုပ်ငန်း တစ်ဖက်နှင့်ပင် ဆောက်လုပ်ရေးပစ္စည်းဆိုင်ကိုပါ ခြစ်ကုတ်ကာ ထူထောင်လိုက်သေးသည်။ ကျောင်းတုန်းက သူငယ်ချင်းတွေကလည်း သူတို့ site တွေအတွက် ကျွန်တော်တို့ဆီက ယူသုံးကြတာမို့ ချမ်း၏ စီးပွားရေးအမြင်က အောင်မြင်ခဲ့ပြန်သည်။
တစ်နှစ်အကြာမှာပဲ ကျွန်တော်နှင့်ချမ်း ရှိသမျှလေးတွေ ခြစ်ကုတ်ကာ Garden City မှာ Condo တစ်ခန်း ဝယ်ကာ အိမ်ခွဲနေလိုက်ကြသည်။ မြို့သစ်ဘက်မှာ စတုရန်းပေ ၃၀၀၀ လောက် အကျယ် ကိုယ့်အိမ်၊ ကိုယ့်ခြံနှင့် နေလာရသည့် ချမ်းအား စတုရန်းပေ ၁၀၀၀ ဝန်းကျင်သာ ရှိသော ကွန်ဒိုတိုက်ခန်းလေးနှင့် ထားရသည်မို့ စိတ်တော့ မကောင်းချင်...။
ဒါ့ကြောင့် ရန်နောင် အလုပ်ကို နေ့မနား၊ ညမအား ကြိုးစားနေရခြင်းဖြစ်သည်။ ရဲမွန်တောင်ဘက်က မြေကွက်တစ်ကွက်ကို ရန်နောင် ပြောထားဆိုထား ပြီးပြီဖြစ်သည်။ ငွေနည်းနည်း လိုနေတာကလွဲရင် နေရာကောင်း၊ လမ်းကောင်းနေရာလေးမို့ ရန်နောင်ကိုယ်တိုင်လည်း သဘောကျသည်။ ချမ်းလည်း သဘောကျမည်မှာ အသေအချာပင်...။ ဒီလကုန် အပ်ရမည့် project ပြီးရင်တော့ ငွေပြည့်လိမ့်မည်ဟုလည်း ရန်နောင် ထင်မိသည်။ နောက်လဆို ချမ်းနဲ့ ကျွန်တော့်ရဲ့ ၁၀နှစ်ပြည့် နှစ်ပတ်လည် ရောက်တော့မှာမို့ မွေးနေ့လက်ဆောင်အနေဖြင့် ဒီမြေကွက်ကလေးကို ပေးချင်၍ ရန်နောင့်မှာ မစားရက်၊ မသောက်ရက် ခြစ်ကုတ်ကာ ပိုက်ဆံစုနေခြင်းဖြစ်သည်။
![](https://img.wattpad.com/cover/235248446-288-k267644.jpg)
ESTÁS LEYENDO
Secret Love
RomanceUnicode နှင်းဆီဖြူဆိုတာ ဖြူစင်သန့်ရှင်းပြီး စွန့်လွှတ်ပေးဆပ်နိုင်တဲ့ချစ်ခြင်းမျိုးကို ဖော်ဆောင်တယ်တဲ့...။ Zawgyi နှင်းဆီဖြူဆိုတာ ဖြူစင်သန့်ရှင်းပြီး စွန့်လွှတ်ပေးဆပ်နိုင်တဲ့ချစ်ခြင်းမျိုးကို ဖော်ဆောင်တယ်တဲ့...။