ချမ်းငြိမ်း လေးပင်စွာနှင့်ပင် ထွက်လာခဲ့မိသည်။ လေ့ကျင့်သည့် ဟောခန်းထဲရောက်တော့ အားလုံးပင် လူစုံနေကြပြီ။ ရန်နောင့်ကိုလည်း တွေ့ရသည်။ ရန်နောင်က အခန်းထောင့်က ထိုင်ခုံလေးမှာ တစ်ယောက်တည်း ငြိမ်ငြိမ်ကြီးထိုင်နေတာ ဖြစ်သည်။
“ဪ… ညီလေးချမ်းငြိမ်း ရောက်လာပြီလား…။ လာ လာ အစ်ကို့ဆီ လာ…”
သုတက လှမ်းခေါ်သည်မို့ ချမ်းငြိမ်း ကိုသုဆီ သွားရပြန်သည်။ စိတ်မဖြောင့်စွာ လှမ်းလှမ်းကြည့်မိသည်က ရန်နောင့်ဆီကိုသာပါ…။
“ညီလေးတို့နှစ်ယောက် ဘာဖြစ်ထားကြတာလဲ…”
ပွဲနေ့မှာ ဝတ်ရမည့် အင်္ကျီတွေ ရလာပြီမို့ ဝတ်ကြည့်နေရင်း ကိုသုက မေးလာတော့ ချမ်းငြိမ်း ဖြစ်ကြောင်းကုန်စင်အား အတိုချုံး ပြောပြလိုက်သည်။
“ဟင်း… ဘယ်သူ့ကို အပြစ်ဆိုလို့ ဆိုရမလဲတောင် မသိတော့ဘူး…”
ချမ်းငြိမ်း၏ မျက်နှာကလေးမှာ မကောင်း…။ ရန်နောင့်ဆီသို့ တစ်ချက် တစ်ချက် လှမ်းကြည့်နေတာကိုလည်း သုတ သတိထားမိသည်။ ရန်နောင်ကတော့ ဒီဘက်ကို သိသိသာသာပင် စိုက်ကြည့်နေတာလည်းဖြစ်သည်။ ဒီကလေးတွေ နေနိုင်ကြတာလည်း မဟုတ်ဘဲနဲ့…။
အင်္ကျီတွေ အကုန်ဝတ်ပြီးသည့်နောက် ရန်နောင့်အနားသို့ ချမ်းငြိမ်း မရဲတရဲသာ လျှောက်သွားလိုက်သည်။ အနားရောက်လာတာကိုသိတာတောင် ရန်နောင်က သူ့ကို အရေးမလုပ်…။ သူ့ရင်ဘက်ကြီးတစ်ခုလုံးအား စုညှစ်ခံထားရသလို အနေရခက်လှသည်။ ချမ်းငြိမ်း အနားရောက်လာသည်နှင့် ထိုနေရာမှ ရန်နောင် ထထွက်သွားသည်။ လစ်ဟာသွားသော ထိုင်ခုံနေရာနှင့်အတူ ချမ်းငြိမ်း၏ နှလုံးသားတစ်စုံလည်း လေဟာနယ်ထဲ လွှင့်ပစ်ခံလိုက်ရသလို လှိုက်တက်လာသော နာကျင်မှုတချို့…။
လစ်ဟာသွားသော ထိုင်ခုံနေရာလေးတွင် ချမ်းငြိမ်း ဝင်ထိုင်လိုက်သည်။ သူ့ရင်ထဲက လစ်ဟာသွားမှုကိုတော့ ဘယ်အရာက အစားထိုးပေးနိုင်မလဲ…။
“အစ်ကို စကားနည်းနည်းလောက် ပြောလို့ရမလား ရန်နောင်…။”
ကိုသုတက ရန်နောင့်အနားသို့ ကပ်လာ၍ စကားစလာသည်။ ရန်နောင် ချမ်းငြိမ်းကို စိတ်ကောက်နေပေမဲ့လို့လည်း စိတ်ချ၍လည်း မနေနိုင်ပါ။ ချမ်းငြိမ်းကိုသာ အရိပ်တကြည့်ကြည့်ဖြစ်နေမိသည်။
![](https://img.wattpad.com/cover/235248446-288-k267644.jpg)
VOUS LISEZ
Secret Love
Roman d'amourUnicode နှင်းဆီဖြူဆိုတာ ဖြူစင်သန့်ရှင်းပြီး စွန့်လွှတ်ပေးဆပ်နိုင်တဲ့ချစ်ခြင်းမျိုးကို ဖော်ဆောင်တယ်တဲ့...။ Zawgyi နှင်းဆီဖြူဆိုတာ ဖြူစင်သန့်ရှင်းပြီး စွန့်လွှတ်ပေးဆပ်နိုင်တဲ့ချစ်ခြင်းမျိုးကို ဖော်ဆောင်တယ်တဲ့...။