12 (U)

6.3K 453 53
                                    

ကျောင်းဆင်းချိန်ဖြစ်၍ စာအုပ်များကို သိမ်းဆည်း၍ အတန်းဆင်းရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။ တစ်နေ့လုံး စကားမပြောဘဲ တိတ်နေသည့် ရန်နောင့်ကို ချမ်းငြိမ်း တိတ်တဆိတ်လေး ခိုးကြည့်နေမိသည်။ ရန်နောင်က ဒီလိုဖြစ်နေတော့ ချမ်းငြိမ်းလည်း မနေတတ်…။

“ရန်နောင်…”

သူခေါ်မှ စာအုပ်တွေသိမ်းနေရာက လှည့်ကြည့်လာသော ရန်နောင်…။

“ဟင်… ပြောလေ ချမ်း… ဘာဖြစ်လို့လဲ…”

“မင်း တစ်ခုခုဖြစ်နေလား…။ တစ်နေ့လုံးလည်း တိတ်နေတော့…”

ချမ်းငြိမ်းပြောလိုက်မှ ရန်နောင်လည်း သူ့ကိုယ်သူ သတိထားမိ၍ ချမ်းကို ပြုံးပြလိုက်သည်။

“ဪ မဟုတ်ပါဘူး ချမ်းရဲ့…။ ဘာမှမဖြစ်ပါဘူး…။”

ချမ်းငြိမ်းလည်း ဘာမှ အတွန့်တက်ကာ မေးမနေတော့ဘဲ ပစ္စည်းများ မကျန်ခဲ့အောင် သေချာစစ်နေလိုက်တော့သည်။

“ဟေ့ကောင်တွေ ငါပြန်ပြီနော်…”

ကျော်စွာက လွယ်အိတ်ကို လွယ်ရင်း ကျွန်တော်တို့ကို ရည်ညွှန်း၍ ပြောလာသည်။

“အေး အေး… ဂရုစိုက်ပြန်နော် ကျော်စွာ…”

တံခါးနားရောက်သွားပြီဖြစ်တဲ့ ကျော်စွာက လက်ညှိုးနှင့် လက်မ ပူး၍ အသည်းပုံ ပုံစံသေးသေးလေးလုပ်ကာ နှုတ်ခမ်းနားကပ်၍ fly kiss ပုံစံဖြင့် ချမ်းငြိမ်းဆီသို့ ပစ်ခွင်းလိုက်သည်။ ဒါကိုပင် ရန်နောင်က ကြားထဲမှ အမြန်ဖြတ်ယူကာ မြေကြီးပေါ် လွှင့်ပစ်လိုက်သလိုလုပ်တော့ ကျော်စွာက တဟားဟားအော်ရယ်ကာ ထွက်သွားတော့သည်။ သော်တာကလည်း ပြုံးစိစိ…။ ချမ်းငြိမ်းမှာလည်း ရင်တခုန်ခုန်ရယ်ပါ…။

အတန်းထဲ လူရှင်းသွားပြီဆိုမှ ရန်နောင်နဲ့ ချမ်းငြိမ်း ထွက်လာခဲ့လိုက်တော့သည်။ ရန်နောင်၏လက်တစ်ဖက်က ချမ်းငြိမ်း၏ ပုခုံးထက်မှာ နားခိုသည်။ သူတို့နှစ်ယောက် ပွဲအတွက် လေ့ကျင့်သည့် ဟောခန်းသို့ သွားကြရဦးမည်ဖြစ်သည်။

ကော်ရစ်တာတစ်လျှောက် လူရှင်းနေပြီဖြစ်သည်။ ချမ်း၏ ပုခုံးလေးကို ဖက်ထားရင်း ရန်နောင် တွေးနေမိတာက ချမ်းလည်း ဒီနေ့ သိပ်ငြိမ်နေတယ် ဆိုတဲ့အကြောင်းပါ။ သူ့ပယောဂလည်း မကင်းတော့ ရန်နောင် ချမ်းကို အားနာနေမိတာလည်း ဖြစ်သည်။

Secret LoveWhere stories live. Discover now