7 (Z)

5K 388 12
                                    

ညနေကျောင်းဆင်းချိန်ဖြစ်ပေမဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက် လေ့ကျင့်နေကြသည့် ကျောင်းသားတစ်ချို့လည်း ရှိနေကြသည်။ ချမ်းငြိမ်းနှင့် ရန်နောင်သာမက ကျော်စွာနဲ့ သော်တာတို့လည်း အတူရှိနေတာဖြစ်သည်။

ကိုသုတက King selection တွေအတွက် ‌လေ့ကျင့်ပေးသည်။ ကိုသုတက အပြင်ပန်းကြည့်ရသလောက် ခပ်တည်တည်ထင်ရပေမဲ့ သိပ်နွေးထွေးသည့် အစ်ကိုတစ်ယောက်ဖြစ်သည်။ သူပြုံးလိုက်တိုင်း နွေးထွေးသွားသလို ခံစားရသည်။ ယောက်ျားလေးချင်းဖြစ်တာတောင် ကိုသုတအား ကျော်စွာ ငေး၍ပင် ကြည့်နေမိသည်။

တခြားသူတွေက male cat walk အတွက် အဆင်ပြေနေကြပြီမို့ အနားယူနေကြပေမဲ့ ချမ်းငြိမ်းကတော့ ကိုသုတနှင့် လေ့ကျင့်နေရတုန်းပင်ဖြစ်သည်။

“ဘာမှ မရှက်နဲ့နော် ညီလေး…။ ကိုယ်လုပ်စရာရှိတာကိုပဲ အာရုံစိုက်ထားလိုက်…။”

ကိုသုပြောသလို ကြိုးစားကြည့်ပေမဲ့ ရန်နောင်ကလည်း လှမ်းကြည့်နေတာမို့ ချမ်းငြိမ်း မနေတတ်တာတော့ အမှန်ပါ။ ရှက်စိတ်ကြောင့် ခြေထောက်တွေ ယိုင်ချင်သလိုဖြစ်သွားတိုင်း ကိုသုကလည်း ခါးအား လက်ဖြင့် လှမ်းထိန်းပေးတတ်သည်။

“ပင်ပန်းနေပြီလား ညီလေး…။ ခဏလောက် နားချင် နားလိုက်လေ…။”

“ဟုတ် ကိုသု…။”

နားချိန်ခဏရသည်နှင့် ရန်နောင်လည်းရှိသည့် ကျော်စွာတို့အနားကို ပြေးသွားလိုက်သည်။ အနားရောက်တော့ လှမ်းလာသည့် လက်တစ်စုံကြောင့် ပြုံးမိသွားသည်။ ရန်နောင်က သူ့လက်ကို ကမ်းပေးထားပြီး အနားရောက်သည်နှင့် ဆွဲချလိုက်တာကြောင့် သူ့ပေါင်ပေါ်သို့ ထိုင်လျက်သား ကျသွားရတော့သည်။

“ရန်… ရန်နောင်…။”

“ငြိမ်ငြိမ်နေ… ချွေးသုတ်ပေးမလို့…။”

ရန်နောင်က သူ့ဘောင်းဘီအိတ်ကပ်ထဲက ပဝါလေးကိုထုတ်ကာ ကျွန်တော့်နဖူးစပ်တို့အား ချွေးသုတ်ပေးတော့သည်။ အစ်မတစ်ချို့ကလည်း လှမ်းကြည့်နေကြသလို ဘေးနားက ကျော်စွာနှင့် သော်တာတို့ကလည်း သေချာကြည့်နေကြသည်။ ရင်ခုန်တာက တစ်ခက်၊ ရန်နောင်နဲ့လည်း တစ်ခက်ပါပဲလေ…။

Secret LoveWhere stories live. Discover now